နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒီဂျက်ကိုရဲ့ နောက်ကျဂိုးနဲ့ နိုင်ပွဲ ပြန်ရခဲ့တဲ့ နီရာဇူရီ (စီးရီးအေ ပွဲပြီးသုံးသပ်ချက်)

အင်တာမီလန် ၂-၁ ဗင်နီဇီယာ

ပြီးခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ အတ္တလန္တာနဲ့ သရေကျခဲ့တဲ့ အင်တာမီလန်တို့ အခုတစ်ပတ် မှာတော့ ဗင်နီဇီယာကို အိမ်ကွင်း ဆန်စီရီုမှာ ၂-၁ ရလဒ်နဲ့ အနိုင်ယူပြီး ၃ မှတ် အပြည့် ပြန်လည် ရှာဖွေနိုင်ခဲ့ပါတယ်။ ဧည့်သည် ဗင်နီဇီယာ အသင်းရဲ့ မထင်မှတ်ထားတဲ့ တုန့်ပြန်မှုတွေကြောင့် နီရာဇူရီတို့ ခက်ခက်ခဲခဲ ကစားခဲ့ရပေမယ့် နောက်ဆုံး မှာတော့ ချန်ပီယံ တို့ရဲ့ ထုံးစံ အတိုင်း နိုင်ပွဲ တစ်ပွဲကို အကောင်းဆုံး ဖော်ဆောင်သွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဆိုင်မွန် အင်ဇာဂီရဲ့ အသင်းက ပုံမှန် အသုံးပြုနေကျ ၃-၅-၂ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး ဗင်နီဇီယာ ကတော့ ခံစစ် အသားပေး ၅-၃-၂ ကစားကွက်နဲ့ပဲ ရင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်း ပွဲတွေမှာ အလက်ဆစ် ဆန်းချက်ဇ်ကို အရန်ခုံ ပို့ထားခဲ့ပြီး ဒီဂျက်ကိုနဲ့ လော်တာရို မာတီနက်ဇ်ကို တွဲဖက်ပေးခဲ့ပေမယ့် အင်တာမီလန် တိုက်စစ်က ထင်သလောက်တော့ အလုပ်မဖြစ်ခဲ့ပါဘူး။ ဗင်နီဇီယာ ကတော့ အင်တာမီလန်ကို ကစားသမား စုဖွဲ့မှုအရရော ခြေစွမ်းအရပါ မယှဉ်နိုင်မှန်း သိတဲ့ အတွက် ခံစစ်ကို လုံအောင် ကစားပြီး တန်ပြန် တိုက်စစ်ကိုပဲ အားပြုခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၁၉ မိနစ်မှာ ရှားရှားပါးပါး ရတဲ့ အခွင့်အရေး ကနေ ဗင်နီဇီယာ တို့ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး သောမက်စ် ဟင်နရီက လှလှပပ ခေါင်းတိုက် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် အင်တာမီလန်တို့ ချေပဂိုး ရဖို့ အားစိုက်ခဲ့ပြီး ပယ်ရီဆစ်ခ်၊ ဘာရယ်လာ၊ ချလနောဂလူ တို့ရဲ့ တွဲလုံးတွေ ကနေ တစ်ဆင့် ဗင်နီဇီယာ ဂိုးပေါက်ကို အနီးကပ် ခြိမ်းခြောက်ခဲ့ပါတယ်။ ပွဲချိန် မိနစ် ၄၀ မှာတော့ အင်တာမီလန်တို့ ချေပဂိုး ရသွားခဲ့ပြီး ဒါမီယန်ရဲ့ ပေးပို့မှုကို ပယ်ရီဆစ်ခ် အဆုံးသတ်ရာကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို နီကိုလို ဘာရယ်လာက ထပ်ဆင့် ပိတ်သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဗင်နီဇီယာ ကတော့ စီးရီးအေ နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးမှုနဲ့ အတူ အမှတ်ပေးဇယား အဆင့် ၁၇ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
စီးရီးအေ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ဆက်လက် ရပ်တည်နေတဲ့ ဗင်နီဇီယာ

ဒုတိယပိုင်း မှာလည်း အင်တာမီလန် တို့ပဲ ပြိုင်ဘက်ရဲ့ ကွင်းတစ်ဝက်လောက် အထိ တက်ပြီး တိုက်စစ်ဆင်ခဲ့ပေမယ့် ဗင်နီဇီယာ ခံစစ်ရဲ့ ကြံ့ကြံ့ခံ ဖျက်ထုတ် တားဆီးမှုတွေကြောင့် ဂိုးမရပဲ ဖြစ်နေခဲ့ပါတယ်။ မိနစ် ၇၀ ကျော်ချိန် မှာလည်း အင်ဇာဂီ အနေနဲ့ အာတူရို ဗီဒယ်၊ ဆန်းချက်ဇ်၊ ဒမ်ဖရီးစ် တို့ကို ထည့်သွင်းပြီး တိုက်စစ် မြှင့်ခဲ့ပေမယ့် ဗင်နီဇီယာရဲ့ ခံစစ်က မထင်မှတ်ထားလောက်အောင် မာကျောနေခဲ့လို့ ဂိုးရဖို့ တော်တော်လေး ခက်ခဲနေခဲ့ရပါတယ်။ ဒါပေမယ့် မိနစ် ၉၀ ပြည့်လို့ နာကျင် အချိန်ပို သတ်မှတ်ပေးချိန်မှာ ဒမ်ဖရိုင်းစ်ရဲ့ ပေးပို့မှုကနေ အီဒင် ဒီဂျက်ကိုက အမှားအယွင်းမရှိ အဆုံးသတ်ပေးခဲ့လို့ အိမ်ရှင်တို့ အနိုင်ဂိုး ရရှိသွားခဲ့ပါတယ်။ လက်ကျန် အချိန်ပို မိနစ်တွေ မှာတော့ အိမ်ရှင် တို့ပဲ ပွဲကို ဆက်လက် လွှမ်းမိုး ကစားသွားနိုင်ခဲ့လို့ ၂-၁ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပြီး အင်တာမီလန် တို့ စီးရီးအေ နိုင်ပွဲ ပြန်လည် ရှာတွေ့သွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

အင်တာမီလန် ကတော့ ကစားပုံ အားရစရာ မရှိခဲ့ရင်တောင် နိုင်သင့်နိုင်ထိုက်တဲ့ ပွဲတွေမှာ အမှတ်ရအောင် ယူနိုင်ဆဲလို့ပဲ ဆိုရပါတယ်။ ဒီနေ့ပွဲမှာ စီးရီးအေ တန်းဆင်းဇုန် ထဲက ရုန်းထွက်ဖို့ ကြိုးပမ်းနေတဲ့ ဗင်နီဇီယာရဲ့ တုန့်ပြန်မှု ကလည်း အံ့အာသင့်စရာ ကောင်းခဲ့လို့ အိမ်ရှင်တို့ ဂိုးရဖို့ တော်တော်လေး ခက်ခဲခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စီးရီးအေ လက်ရှိ ချန်ပီယံ အင်တာမီလန်လို အသင်းမျိုးနဲ့ ကစားသမား စုဖွဲ့မှု အပိုင်းမှာ ဘယ်လိုမှ မယှဉ်နိုင်ခဲ့လို့ သရေ ၁ မှတ်တောင် ခွဲယူနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ ဒီရလဒ်ကြောင့် အင်တာမီလန်တို့ စီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရမှတ် ၅၃ မှတ်နဲ့ ဒုတိယနေရာက မြို့ခံပြိုင်ဘက် အေစီမီလန်ကို ၅ မှတ်ထိ ဖြတ်ပြီး ဆက်လက်ဦးဆောင် နိုင်ခဲ့ပါတယ်။ ဗင်နီဇီယာ ကတော့ စီးရီးအေ နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးမှုနဲ့ အတူ အမှတ်ပေးဇယား အဆင့် ၁၇ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

အင်တာမီလန်တို့ ဆောင်းရာသီ ရက်ရှည် နားရက်အပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ အေစီမီလန်နဲ့ မီလန်ဒါဘီ ပွဲစဉ် ကစားရဖို့ ရှိပြီး ဗင်နီဇီယာ ကတော့ နာပိုလီနဲ့ ပွဲကြပ် ကစားရဦးမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်