နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အင်တာမီလန်က စီးရီးအေ ချန်ပီယံ ဖြစ်ဖို့ အခွင့်အရေးကောင်းနေဆဲလို့ ဆိုလိုက်တဲ့ ကိုလာရော့ဗ်

စီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံးက ဦးဆောင်နေတဲ့ အင်တာမီလန်ဟာ မနေ့ညက ပွဲစဉ်မှာ ဖီအိုရင်တီးနားနဲ့ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။ အင်တာတို့ အေစီမီလန်နဲ့ ရမှတ် ကွာဟချက်ကို ပြန်ပြီး မတိုးချဲ့နိုင်ခဲ့ပေမဲ့ လက်ထောက် နည်းပြ အလက်ဇန္တား ကိုလာရော့ဗ် ကတော့ ချန်ပီယံဆုဟာ သူတို့ လက်ထဲမှာပဲ ရှိနေသေးကြောင်း ယုံကြည်ချက် ရှိရှိနဲ့ ပြောကြားလိုက်ပါတယ်။

အင်တာမီလန် အသင်းဟာ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ဒီပွဲစဉ်မှာ ဖီအိုရင်တီးနား ဘက်က ချာ အန်ဒူးရဲ့ ချေပဂိုးကြောင့် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး ဇယားထိပ် ကနေ ၈ မှတ် အသာစီး ပြန်လည် ရယူနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။ ဒီပွဲမှာ အင်တာမီလန် အတွက် ဖရန်ချက်စကို ပီယို အက်စပိုစီတိုက ပွဲအစ ၁ မိနစ် မှာတင် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲ ကစားချိန် ၇၇ မိနစ်မှာ ဖီအိုရင်တီးနား လူငယ် ကြယ်ပွင့် ချာ အန်ဒူးက အင်တာ အတွက် အဖိုးတန် ၃ မှတ် ဖြစ်လာစေမယ့် အခြေအနေကို ဖျက်ဆီးပြီး ချေပဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

သရေရလဒ်ကြောင့် အင်တာမီလန်ဟာ ဒုတိယနေရာက အေစီမီလန်ကို ၆ မှတ်သာ ဖြတ်ထားနိုင်ပါတော့တယ်။ အေစီမီလန် ကတော့ စနေနေ့က တိုရီနိုကို အပြန်အလှန် သွင်းဂိုးတွေနဲ့ ခက်ခက်ခဲခဲ အနိုင်ရပြီး ရမှတ် ကွာဟချက်ကို လျှော့ချထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲပယ်ခံထားရတဲ့ နည်းပြ ခရစ္စတီယန် ချီဗူးရဲ့ နေရာမှာ အစားထိုး တာဝန်ယူခဲ့တဲ့ ကိုလာရော့ဗ်က အခုလို ပြောပါတယ်။ “ကျွန်တော်တို့ အကောင်းဆုံး ပုံစံမှာ ရှိမနေတာ မှန်ပါတယ်။ ပွဲတွေ ဆက်တိုက် ကစားနေရလို့ ကစားသမားတွေ ပင်ပန်းနေသလို ပြတ်သားမှုလည်း အားနည်းနေတယ်။ ဒါပေမယ့် ကျွန်တော် တို့က ဇယားထိပ်မှာ ၆ မှတ် ဖြတ်ထားတုန်းပဲ ဆိုတာကို သတိပြုစေချင်ပါတယ်။ လူတွေက အင်တာမီလန် နိုင်တာကို အလိုလို ဖြစ်ရမယ့် အရာလို့ သဘောထားနေကြတယ်။ အဝေးကွင်းမှာ အားကောင်းတဲ့ ဖီအိုရင်တီးနားလို အသင်းမျိုးနဲ့ သရေကျတာဟာ အပြုသဘောဆောင်တဲ့ ရလဒ် တစ်ခုပါပဲ။ ချန်ပီယံဆုကို အဆုံးသတ်ဖို့က ကျွန်တော်တို့ အပေါ် မှာပဲ မူတည်ပါတယ်။” လို့ ကိုလာရော့ဗ်က ဆိုပါတယ်။

အင်တာမီလန်ဟာ နောက်ဆုံး ကစားခဲ့တဲ့ စီးရီးအေ ၃ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ခဲ့တာ ဖြစ်ပါတယ် (၂ ပွဲ သရေ၊ ၁ ပွဲ ရှုံး)။ ဒါဟာ ၂၀၂၃ ခုနှစ်က ဆိုင်မွန် အင်ဇာဂီ လက်ထက် ၅ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ လက်ရှိ ၂၀၂၅-၂၆ ရာသီမှာ အင်တာမီလန်ဟာ ဦးဆောင်ဂိုး ရရှိထားပြီးမှ ပြန်လည် ပေးဆပ်လိုက်ရတဲ့ ရမှတ် ၁၂ မှတ် အထိ ရှိနေပြီး ဒါဟာ စီးရီးအေမှာ ဆဌမမြောက် အများဆုံး ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Opta ရဲ့ စူပါကွန်ပျူတာကတော့ အင်တာမီလနတို့ စီးရီးအေ ချန်ပီယံ ဖြစ်ဖို့ ၈၉.၃ ရာခိုင်နှုန်း အထိ အခိုင်အမာ ရှိနေဆဲ ဖြစ်ကြောင်း ခန့်မှန်းထားပါတယ်။ သူတို့ရဲ့ နောက်မှာတော့ အေစီမီလန်က ၆.၂ ရာခိုင်နှုန်းနဲ့ နာပိုလီက ၄.၄ ရာခိုင်နှုန်းသာ အခွင့်အရေး ရှိနေပါတယ်။

ဖီအိုရင်တီးနားဟာ မနေ့ညက ပွဲမှာ ဂိုးပေါက် ခြိမ်းခြောက်မှု ၁၆ ကြိမ်နဲ့ မျှော်မှန်းဂိုး (xG) ၂.၃ အထိ ရှိခဲ့ပေမယ့် အင်တာမီလန် ကတော့ ၁၂ ကြိမ်နဲ့ (xG) ၁.၃ သာ ရှိခဲ့တဲ့အတွက် အင်တာမီလန် အနေနဲ့ သရေတစ်မှတ် ရခဲ့တာဟာ ကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ဖီအိုရင်တီးနားဟာ အစောပိုင်းမှာ တန်းဆင်းဇုန် အန္တရာယ်တွေ ရှိခဲ့ပေမယ့် နောက်ဆုံး ၃ ပွဲဆက် မရှုံးခဲ့ခြင်းနဲ့ အတူ အခုတော့ အဆင့် ၁၆ နေရာမှာ ရပ်တည်ထားနိုင်ပါတယ်။ ဒါပေမယ့်လည်း အဆင့် ၁၈ နေရာက လက်ချီနဲ့ ၂ မှတ်သာ ကွာဟနေတာကြောင့် အန္တရာယ်တော့ ရှိနေဆဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်