စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကတော့ အသင်းရဲ့ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အတွေ့အကြံရင့် ဥရောပ ထိပ်တန်း နောက်ခံလူတွေကို ပစ်မှတ်ထား စောင့်ကြည့်နေခဲ့ပြီးတော့ ဟယ်ရီ မက်ဂွိုင်းယားနဲ့ အဲရစ်ခ် ဒိုင်ယာ တို့ ကတော့ ဂျူဗင်တပ်စ်ရဲ့ ထိပ်တန်း ပစ်မှတ်တွေ ဖြစ်နေခဲ့ပါတယ်။
ဂျူဗင်တပ်စ်ဟာ မန်ချက်စတာယူနိုက်တက်မှာ ပုံမှန် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ နောက်ခံလူ ဟယ်ရီ မက်ဂွိင်းယားနဲ့ ဘေယန်မြူးနစ် နောက်ခံလူ အဲရစ် ဒိုင်ယာ တို့ကို အလွယ်တကူ ခေါ်ယူနိုင်မယ်လို့လည်း သတ်မှတ်ထားနေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဂျုဗင်တပ်စ်ရဲ့ ဗဟိုခံစစ် ကစားသမားတွေ ဖြစ်တဲ့ ဂလိုင်ဆင် ဘရီမာနဲ့ ကာဘယ်လ် တို့ဟာ ဒဏ်ရာ ပြဿနာတွေကြောင့် လက်ရှိ ဘောလုံးရာသီ အတွင်း ပြန်ကစားနိုင်ဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် ဒီကစားသမားတွေရဲ့ နေရာမှာ အစားထိုးဖို နောက်ခံလူသစ်တွေကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။
လက်ရှိ စီးရီးအေ ကလပ်ရဲ့ ဗဟိုခံစစ်ပိုင်းမှာ အသင်းခေါင်းဆောင် ဒန်နီလို၊ ဂတ်တီ၊ ကာလူလူ တို့သာ ရှိနေကြပါတယ်။ ဂလိုင်ဆင် ဘရီမာနဲ့ ကာဘယ်လ် တို့ကတော့ လာမယ့် ၂၀၂၅ ခုနှစ် အထိ အနားယူရဦးမှာ ဖြစ်တာကြောင့် ဆောင်းရာသီ ဈေးကွက် ဖွင့်လှစ်ချိန်မှာ ခံစစ်ကစားသမားသစ် တစ်ဦး ခပ်မြန်မြန် ခေါ်ယူသွားနိုင်ဖို့ စီစဉ်နေတာ ဖြစ်ပါ တယ်။
လက်ရှိ ဂျုဗင်တပ်စ်ရဲ့ ပစ်မှတ်ထားနေတဲ့ ခံစစ်ကစားသမား စာရင်းမှာတော့ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ဟယ်ရီ မက်ဂွိင်းယားနဲ့ စပါး နောက်ခံလူဟောင်းနဲ့ လက်ရှိ ဘေယန်မြူးနစ် နောက်ခံလူ အဲရစ်ခ် ဒိုင်ယာတို့ ပါဝင်နေခဲ့ပါတယ်။ ဒီခံစစ် ကစားသမား နှစ်ဦးစလုံး ကတော့ အခုနှစ် ဘောလုံးရာသီ အကုန်မှာပဲ သူတို့ရဲ့ သက်ဆိုင်ရာ ကလပ်တွေနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဂျုဗင်တပ်စ် အနေနဲ့ ကလည်း ခံစစ်ကစားသမားသစ်တွေ ခေါ်ယူရာမှာ ပြောင်းရွှေ့ကြေး ခပ်များများ မသုံးလိုတာကြောင့် ဆောင်းဈေးကွက် အတွင်းမှာ cut-priced ကြေးနဲ့ ခေါ်ယူလို့ ရနိုင်မယ့် မက်ဂွိုင်းယားနဲ့ ဒိုင်ယာ တို့ကို ကမ်းလှမ်းသွားချင်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် မက်ဂွိုင်းယားရော၊ အဲရစ်ခ် ဒိုင်ယာရောက သူတိုရဲ့ လက်ရှိ ကလပ်တွေမှာ အနာဂတ် မသေချာ ဖြစ်နေကြောင့် ဒီ အချက်ကို စီးရီးအေ ကလပ်က အသုံးချသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ နောက်ထပ် ရရှိတဲ့ သတင်းတွေ အရ ဆိုရင် ဂျူဗင်တပ်စ်ဟာ မက်ဂွိင်းယားနဲ့ ဒိုင်ယာ မှာဆိုရင် သူတို့ရဲ့ ပစ်မှတ်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဟယ်ရီ မက်ဂွိင်းယားကို ပိုမို အလိုရှိနေတာကြောင့် ဦးစားပေး ကြိုးပမ်းသွားဖွယ် ရှိနေကြောင်းလည်း သိရပါတယ်။
ဂျူဗင်တပ်စ်ဟာ လက်ရှိ ရာသီ စီးရီးအေ မှာ ရှုံးပွဲ လုံးဝ မရှိသေးပေမယ့်လည်း ၆ ပွဲနိုင်၊ ၆ ပွဲ သရေကျထားပြီး ရမှတ် ၂၄ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။ ဂျူဗင်တပ်စ်ဟာ ကစားသမားသစ်တွေ လိုအပ်နေပေမယ့်လည်း ဒီရာသီ စီးရီးအေ မှာ ပေးဂိုး ၇ ဂိုးသာ ရှိထားပြီးတော့ ခံစစ် အကောင်းဆုံး အသင်းလည်း ဖြစ်နေခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.