နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂိုးပြတ် ရှုံးနေရာ ကနေ အကောင်းဆုံး ပြန်လာပြီး ရိုးမားကို အနိုင်ယူခဲ့တဲ့ ဂျူဗီ (စီးရီးအေ ပွဲပြီးသုံးသပ်ချက်)

ရိုးမား ၃-၄ ဂျူဗင်တပ်စ

ဂျိုဆေး မော်ရင်ဟိုရဲ့ ရိုးမား ကတော့ မနေ့ညက ယှဉ်ပြိုင်ကစားသွားတဲ့ စီးရီးအေ ပွဲစဉ် ၂၁ မှာ ဂျူဗင်တပ်စ်ကို ပွဲချိန် မိနစ် ၇၀ အထိ ဂိုးပြတ် ဦးဆောင်နေပြီးမှ ပွဲအပြီးမှာ ၃-၄ ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။

နှစ်သင်းလုံး အတွက် ရာသီအကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့် ရရေး အရေးပါတဲ့ ပွဲစဉ် ဖြစ်နေလို့ အားစိုက်ကစားသွားခဲ့ကြပြီး ပွဲပြီးခါနီး ရိုးမားရဲ့ အာရုံစူးစိုက်မှု လျော့ကျသွားတာကို ဂျုဗီတို့ အခွင့်အရေး ယူနိုင်ခဲ့လို့ အိုလံပီကို ကနေ အနိုင် ၃ မှတ် ပိုက်ပြီး ပြန်နိုင်ခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဘန်ဒက် လီဂါ
စတုဂတ်
လိုက်ဇစ်
ပထမပိုင်း 1X2 စတုဂတ် @ 4.70
ပထမပိုင်း ဂိုးပေါ် 3.00 @ 2.04
ဂိုးပေါင်း 2-3 @ 2.05
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီနေ့ပွဲမှာ ရိုးမား ဘက်က ကိုဗစ် ၁၉ ဖြစ်နေတဲ့ ဇန်နီယိုလိုနဲ့ ပွဲပယ်ခံထားရတဲ့ မန်ချီနီ ကလွဲရင် လူစုံခဲ့သလို ဂျူဗင်တပ်စ် ကလည်း အတောင့်တင်းဆုံး လူစာရင်းနဲ့ ရောမမြေမှာ လာရောက် ရင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။ လက်တလော စီးရီးအေမှာ ပုံစံကောင်းရနေတဲ့ အသင်းတွေ ဖြစ်လို့ ပွဲစကတည်းက ကစားပုံ မြိုင်ဆိုင်ခဲ့ပြီး အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ ကြည့်ကောင်းခဲ့ပါတယ်။ ရိုးမား ဘက်က ပယ်လီဂရီနီ၊ တမ်မီအေဗရာဟမ်၊ မက်ခီတာရန်တို့ရဲ့ တွဲလုံးတွေက ဂျူဗီရဲ့ ဂိုးပေါက်ကို အကောင်းဆုံး ခြိမ်းခြောက်နိုင်ခဲ့သလို ကွာဒွာဒို၊ မက်ကင်နီ၊ ပေါ်လို ဒီဘားလား တို့ရဲ့ တောင်ပံ ကလည်း ရိုးမား နောက်တန်းကို အလုပ်ရှုပ်စေနိုင်ခဲ့ပါတယ်။

ပြောရရင် ပွဲချိန် မိနစ် ၇၀ လောက် အထိ ရိုးမားတို့ ဂျူဗင်တပ်စ်ကို လွှမ်းမိုး ကစားနိုင်ခဲ့ပြီး ၃-၁ ရလဒ်နဲ့ ဦးဆောင်နေခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၁၁ မိနစ်မှာတင် တမ်မီ အေဗရာဟမ် က အိမ်ရှင် အသင်း အတွက် ဦးဆောင်ဂိုး ရယူပေးခဲ့ပေမယ့် ၁၈ မိနစ်မှာ ပေါ်လို ဒီဘားလားက ပြန်လည် ချေပခဲ့လို့ ပထမပိုင်း အပြီးမှာ တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ခြေမိနေတဲ့ ရိုးမားတို့ ဒုတိယပိုင်း ၄၈ မိနစ်နဲ့ ၅၃ မိနစ်မှာ ၂ ဂိုးဆက် သွင်းပြီး ၃-၁ ရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီဂိုးတွေ ကိုတော့ မက်ခီတာရန်နဲ့ ပယ်လီဂရီနီက သွင်းယူပေးခဲ့တာပါ။ ရိုးမားတို့ ဂိုးပြတ် ဦးဆောင်ထားနိုင်ခဲ့လို့ အသင်းသားတွေ အာရုံစူးစိုက်မှု လျော့ကျခဲ့ပုံရပြီး မိနစ် ၇၀ ကျော် ကစပြီး ဧည့်သည့် အသင်းရဲ့ ချေပဂိုးနဲ့ အနိုင်ဂိုး တွေကို ဆက်တိုက် ခွင့်ပြုပေးခဲ့ရပါတော့တယ်။ ဂျူဗင်တပ်စ် အတွက် ဂိုးတွေ ကိုတော့ မိနစ် ၇၀ မှာ လိုကတ်တယ်လီ၊ ၇၂ မိနစ်မှာ ကူလူဆက်ဗ်စကီးနဲ့ ၇၇ မိနစ်မှာ ဆစ်ဂလီယို တို့က သွင်းယူပေးခဲ့တာ ဖြစ်ပြီး ပွဲအပြီး မှာတော့ ၃-၄ ရလဒ် ဖြစ်သွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဒီရလဒ်ကြောင့် ရိုးမားတို့ စီးရီးအေ ၂ ပွဲဆက် ရှုံးပွဲ တွေ့ခဲ့ရပြီး အဆင့် ၄ နေရာက အတ္တလန္တာနဲ့ ၉ မှတ် အထိ ပြတ်သွားခဲ့လို့ ဥရောပဝင်ခွင့် အတွက် စိုးရိမ်စရာ ရှိလာခဲ့ပြီလို့ပဲ ဆိုရပါမယ်။
စီးရီးအေ အမှတ်ပေးဇယား အဆင့် ၆ နေရာ ရပ်တည်နေတဲ့ ရိုးမား

မက်စ်အဲလ်လီဂရီရဲ့ အသင်း ကတော့ ဂိုးပြတ် ရှုံးနေပေမယ့် စိတ်ဓာတ်ပိုင်းရော ခြေစွမ်းပိုင်းမှာပါ မလျော့ပဲ ကစားနိုင်ခဲ့လို့ အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့ပေမယ့် ရိုးမား အတွက် ကတော့ ပြောင်းပြန်ပဲ ဖြစ်ပါတယ်။ ပွဲအပြီးမှာ မော်ရင်ဟို အနေနဲ့ အသင်းသားတွေကို ဒေါသတကြီး ဆူပူ ကျိန်းမောင်း ရလောက်တဲ့ အထိ ရိုးမားရဲ့ စွမ်းဆောင်ရည်နဲ့ အာရုံစူးစိုက်မှု ကတော့ စိတ်ပျက်စရာပါပဲ။ ဒီရလဒ်ကြောင့် ရိုးမားတို့ စီးရီးအေ ၂ ပွဲဆက် ရှုံးပွဲ တွေ့ခဲ့ရပြီး အဆင့် ၄ နေရာက အတ္တလန္တာနဲ့ ၉ မှတ် အထိ ပြတ်သွားခဲ့လို့ ဥရောပဝင်ခွင့် အတွက် စိုးရိမ်စရာ ရှိလာခဲ့ပြီလို့ပဲ ဆိုရပါမယ်။

အဖိုးတန် ၃ မှတ် ရခဲ့တဲ့ အိုးလေဒီ တို့ကတော့ စီးရီးအေ အပါအဝင် ပြိုင်စုံ နောက်ဆုံး ၈ ပွဲဆက် ရှုံးပွဲ မရှိမှုကို ဆက်ထိန်းထားနိုင်ခဲ့ပြီး အတ္တလန္တာနဲ့ ၃ မှတ် အကွာ အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

ရိုးမားတို့ လာမယ့် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ကက်ဂလီယာရီနဲ့ စီးရီးအေ ပွဲစဉ် ၂၂ ကစားဖို့ ရှိပြီး ဂျူဗင်တပ်စ် ကတော့ ကြားရက်မှာ အင်တာမီလန်နဲ့ စပိန် စူပါဖလား ဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်