နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘိုကာဂျူနီယာ တိုက်စစ်မှူးကို ပစ်မှတ်ထားနေတဲ့ အင်တာ၊ အနားယူဖို့ အစီအစဥ် မရှိသေးတဲ့ ဒီဂျက်ကို (စီးရီးအေ နောက်ဆုံးရ သတင်းများ)

ဘိုကာဂျူနီယာ တိုက်စစ်မှူးကို ပစ်မှတ်ထားနေတဲ့ အင်တာ၊ အနားယူဖို့ အစီအစဥ် မရှိသေးတဲ့ ဒီဂျက်ကို စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၅ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘိုကာဂျူနီယာ တိုက်စစ်မှူးကို ပစ်မှတ်ထားနေတဲ့ အင်တာ 

အင်တာမီလန်ဟာ ဘိုကာဂျူနီယာ တိုက်စစ်မှူး မက်တီယို ရီတီဂီကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။ 

အဆိုပါ ကစားသမားဟာ လက်ရှိအချိန်မှာ တီဂီရီကို အငှားနဲ့ သွားရောက် ကစားနေပြီး အင်္ဂလန်ကို ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲမှာ အသင်း အတွက် ပထမဆုံး ပွဲထွက် ကစားခဲ့သလို လက်ရွေးစင် ကစားသမား ဘဝ ပထမဆုံး သွင်းဂိုး ကိုလည်း သွင်းယူပေးနိုင်ခဲ့ပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ စီးရီးအေ ကလပ် အင်တာမီလန်ဟာ ချဲလ်ဆီးကို ပြန်သွားဖွယ် ရှိတဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူရဲ့ နေရာမှာ အစားထိုးဖို့ ဒီတိုက်စစ်မှူးကို ပစ်မှတ်ထားနေကြောင်း သိရှိရပါတယ်။ 

ဘိုကာဂျူနီယာ ကတော့ ရီတီဂီ အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၂၀) နဲ့ (၂၅) သန်း ကြား ရရှိသွားဖို့ ပစ်မှတ်ထားနေပါတယ်။ ကစားသမား ကိုယ်တိုင် ကလည်း အီတလီ စီးရီးအေကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပြီး လာမယ့် နွေရာသီမှာ အင်တာမီလန်ကို ရောက်ရှိလာမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 


အနားယူဖို့ အစီအစဥ် မရှိသေးကြောင်း ပြောလာတဲ့ ဒီဂျက်ကို 

အင်တာမီလန်ရဲ့ ဝါရင့် တိုက်စစ်မှူး အီဒင် ဒီဂျက်ကိုက လက်ရှိအချိန်မှာ ကစားသမား ဘဝ ကနေ အနားယူဖို့ အစီအစဥ် မရှိသေးကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။ 

အသက် (၃၇) နှစ် အရွယ် အဆိုပါ ဘော့စနီးယား တိုက်စစ်မှူးကြီးဟာ စီးရီးအေ ကလပ်နဲ့ မကြာခင်မှာ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ အခုလိုပဲ ဖွင့်ဟခဲ့တာပါ။ 

အသက် (၃၇) နှစ် အရွယ် အဆိုပါ ဘော့စနီးယား တိုက်စစ်မှူးကြီးဟာ စီးရီးအေ ကလပ်နဲ့ မကြာခင်မှာ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ အခုလိုပဲ ဖွင့်ဟခဲ့တာပါ။
အင်တာမီလန်နဲ့ ရာသီကုန်မှ စာချုပ်သက်တမ်းကုန်တော့မယ့် ဒီဂျက်ကို

ဒီဂျက်ကိုက အသက် (၃၇) နှစ် အရွယ်မှာ လက်ရွေးစင် အသင်း အတွက် ကစားခွင့် ရတာက ကျွန်တော့် အတွက် အများကြီး အဓိပ္ပာယ်ရှိကြောင်း၊ ကစားသမား အများစုက ကျွန်တော့် အသက်အရွယ်မှာ အနားယူကြကြောင်း၊ ဒါပေမယ့် ကျွန်တော်က အသင်းနဲ့ အတူ (၃) ရက် တစ်ပွဲ ကစားနေဆဲ ဖြစ်ပြီး ဒါကို မရပ်တန့်လိုကြောင်း ပြောကြားသွားခဲ့ပါတယ်။ 

ဒီဂျက်ကိုဟာ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး မှာလည်း ကစားခဲ့ဖူးပြီး အသင်းနဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံ ဆုဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့ဖူးတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။


ပွဲကစားခွင့် မရတဲ့ အပေါ် စိတ်ပျက်မိကြောင်း ဖွင့်ဟခဲ့တဲ့ အေစီမီလန် နောက်ခံလူ

စီးရီးအေရဲ့ လက်ရှိ ချန်ပီယံ အေစီမီလန် နောက်ခံလူ ဆိုင်မွန် ခါဂျာက သူ့အနေနဲ့ အသင်း အတွက် ပွဲကစားခွင့် ပိုမို ရရှိလိုနေပြီး လက်ရှိအချိန်မှာ ပုံမှန်ပွဲထွက်ခွင့် မရရှိတဲ့ အပေါ် စိတ်ပျက်မိကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။ 

အဆိုပါ ဒိန်းမတ် လက်ရွေးစင် နောက်ခံလူကြီးဟာ ဒီရာသီမှာ အသင်းနဲ့အတူ (၁၅) ပွဲ သာ ကစားခွင့် ရရှိထားပြီး ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ အတွက် ရုန်းကန်နေရတာလည်း ဖြစ်ပါတယ်။ 

ခါဂျာက တစ်ခါတလေမှာ အရာရာတိုင်းက ကိုယ်ဖြစ်ချင်သလို ဖြစ်ပေမယ့် တစ်ခါတလေ မှာတော့ မဖြစ်နိုင်ကြောင်း၊ နောက်ဆုံး မှာတော့ နည်းပြကသာ ဆုံးဖြတ်ရကြောင်း၊ ဒါပေမယ့် တော့တင်ဟမ်စပါးနဲ့ ပွဲကတော့ ဒဏ်ရာက ပြန်လာပြီး နောက်ပိုင်း ကျွန်တော့် အတွက် အကောင်းဆုံး အခြေအနေ ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အဲ့ဒီနောက်ပိုင်းမှာ တော်တော်လေး စိတ်ပျက်ခဲ့ရပေမယ့် လက်ရှိအချိန် မှာတော့ အသင်းနဲ့ အတူ အကောင်းဆုံး ကစားပေးနိုင်ဖို့ ပုံမှန်အတိုင်း လေ့ကျင့်ခန်း ဆင်းနေဆဲ ဖြစ်ကြောင်း ခါဂျာက ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်