နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လီယောင်နဲ့ ဟာနန်ဒက်ဇ်ကို ဝေဖန်လိုက်တဲ့ ကာဆာနို | စီးရီးအေ

အီတလီ တိုက်စစ်မှူးဟောင်းကြီး အန်တိုနီယို ကာဆာနို ကတော့ ရာဖေးလ် လီယောင်နဲ့ သီယို ဟာနန်ဒက်ဇ် တို့ဟာ ဒီရာသီ စီးရီးအေ ကလပ် အေစီမီလန်ရဲ့ အဓိက ပြဿနာတွေ ဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။ လက်ရှိမှာ ဘောလုံးဝေဖန်သူ အဖြစ် ဆောင်ရွက်နေတဲ့ ကာဆာနို ကတော့ သူ့ရဲ့ ဝေဖန်ပြစ်တင်တဲ့ ပြောစကားတွေကြောင့် လူသိများသူလည်း ဖြစ်ပါတယ်။

ဒီတစ်ကြိမ် မှာတာ့ ကာဆာနိုက ရာသီသစ်မှာ ရလဒ်တွေ ဆိုးရွားနေတဲ့ သူ့ရဲ့ အသင်းဟောင်းက ကစားသမား နှစ်ဦးကို ဝေဖန်လိုက်တာ ဖြစ်ပြီး နည်းပြ ဖွန်ဆီကာ အနေနဲ့လည်း အေစီမီလန်ကို ရလဒ်ကောင်းတွေ ရရှိစေချင်ရင် အခုပြောတဲ့ ပြဿနာကို အရင်ဆုံး ဖြေရှင်းရမယ်လို့ လည်း ပြေဆိုသွားခဲ့ပါတယ်။

ပေါ်လို ဖွန်ဆီကာရဲ့ အေစီမီလန်ဟာ ဒီရာသီ စီးရီးအေ ပြိုင်ပွဲမှာ ရုန်းကန်နေရပြီးတော့ ပွဲစဉ် ၁ မှာ တိုရီနိုနဲ့ သရေကျခဲ့သလို ပွဲစဉ် ၂ မှာတော့ တန်းတက် ပါးမားကို အရှုံးပေးခဲ့ရပါတယ်။ ဒါကြောင့် အေစီမီလန် နည်းပြသစ် ဖွန်ဆီကာ အနေနဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေခဲ့ရပြီး ဒီရာသီ စီးရီးအေမှာ ပထမဦးဆုံး ထုတ်ပယ်ခံရနိုင်တဲ့ နည်းပြ စာရင်းမှာ ပါဝင်နေတာလည်း ဖြစ်ပါတယ်။ ဖွန်ဆီကာဟာ ပေါ်တူဂီ ထိပ်သီး ပေါ်တို၊ ဘရာဂါ၊ ရှက်တာဒိုးနတ်စ်၊ ရိုးမား၊ လိုင်လီ တို့မှာ နည်းပြ အဖြစ် လုပ်ကိုင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဖွန်ဆီကာ အနေနဲ့ ရှက်တာဒိုးနတ်စ် တစ်သင်းတည်းမှာသာ ဆုဖလား အောင်မြင်မှုတွေ ရရှိခဲ့ပြီးတော့ အခြား အသင်းတွေ မှာ‌တော့ အောင်မြင်မှု မရရှိခဲ့ပါဘူး။

ဒါပေမယ့်လည်း ကာဆာနို ကတော့ ဒီရာသီ အေစီမီလန် အသင်း ခြေစွမ်းမပြနိုင်ခြင်းဟာ ဖွန်ဆီကာရဲ့ နည်းစနစ်ပိုင်းထက် လီယောင်နဲ့ သီယို ဟာနန်ဒက်ဇ် တို့ကြောင့် ဖြစ်ကြောင်း ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ ကာဆာနိုက “လီယောင်က အေစီမီလန်ရဲ့ ပြဿနာပါပဲ။ သူက ခံစစ်ကို ကူညီခြင်း မရှိသလို၊ တိုက်စစ် ကစားရာ မှာလည်း ဂိုးသွင်းညံ့ပါတယ်။ သူ့ကို ကြည့်ရတာ ဘောလုံး ကောင်းကောင်း မကစားတတ်သလိုပါပဲ။ ပြီးတော့ နောက်တစ်ယောက်က သီယို ဟာနန်ဒက်ဇ်ပါ။ သူက ဘာဖြစ်ချင်နေတာလဲ မသိပါဘူး။ အသင်း ကနေ ထွက်ချင်နေတာလား။ ဒါမှမဟုတ် လစာတိုး လိုချင်နေတာလား မသဲကွဲပါဘူး။ ပြီးခဲ့တဲ့ ၂ ပွဲစလုံးမှာ အေစီမီလန် အသင်းက သူ့ရဲ့ အမှားတွေကြောင့် ဂိုးတွေ ပေးခဲ့ရတာပါ။ တိုရီနိုနဲ့ ပွဲမှာ ဇာပါတာရဲ့ သွင်းဂိုးဟာ သူ့ရဲ့ အမှားကြောင့် ဖြစ်သလို၊ ပါးမားနဲ့ ပွဲမှာ ပေးခဲ့ရတဲ့ ၂ ဂိုး စလုံး ကလည်း သူ့ရဲ့ အမှားတွေကြောင့်ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

လက်ရှိမှာ အသက် ၄၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ကာဆာနိုဟာ ဘာရီ အသင်းမှာ ကစားသမားဘဝကို စတင်ခဲ့ပြီးတော့ စီးရီးအေ ကလပ် ရိုးမားမှာ ၄ နှစ်ကြာ ဖြတ်သန်းခဲ့ပါတယ်။ အဲဒီနောက် လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်း မရှိပဲ ဆမ်ဒိုးရီးယား၊ အေစီမီလန်၊ အင်တာမီလန်၊ ပါးမား၊ ဗီရိုနာ တို့ကို အဆင့်ဆင့် ပြောင်းရွှေ့ခဲ့ရပြီး နောက်ဆုံးမှာ ကစားသမား ဘဝ ကနေ အနားယူခဲ့ရသူ ဖြစ်ပါတယ်။ ကာဆာနိုဟာ နာမည်ကျော် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို မကြာခဏ ဆိုသလို ဝေဖန်တတ်တာကြောင့် နာမည်ကြီးသူလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်