နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အယ်လီဂရီက အေစီမီလန်ကို ဖျက်ဆီးလိုက်တယ်လို့ ဝေဖန်ခဲ့တဲ့ ကာဆာနို | စီးရီးအေ

အေစီမီလန် ကတော့ သူတို့ရဲ့ စီးရီးအေ ရာသီပိတ် နောက်ဆုံး နှစ်ပွဲဆီ ဦးတည်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့် သေချာစေဖို့ အတွက် ရမှတ် ၆ မှတ် အပြည့်အဝ လိုအပ်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ အေစီမီလန် တိုက်စစ်မှူးဟောင်း အန်တိုနီယို ကာဆာနိုရဲ့ အဆိုအရ အသင်း နည်းပြ မက်ဆီမီလီယာနို အယ်လီဂရီရဲ့ နေရာကို အန်တိုနီယို ကွန်တီနဲ့ အစားထိုးသင့်တယ်လို့ သိရပါတယ်။

အေစီမီလန်ဟာ ရာသီပိတ်ဖို့ နှစ်ပွဲ အလိုမှာ စီးရီးအေရဲ့ အဆင့် (၄) နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အသင်းအများအပြား အပြိုင်အဆိုင် ဖြစ်နေတဲ့ အခုလို အခြေအနေမျိုးမှာ အေစီမီလန် အနေနဲ့ အမြင့်ဆုံး အဆင့် (၂) ကနေ အနိမ့်ဆုံး အဆင့် (၆) အထိ ရလဒ် ထွက်ပေါ်သွားနိုင်ချေ ရှိနေပါတယ်။

လက်ရှိမှာ အေစီမီလန်ဟာ ရမှတ် ၆၇ မှတ်နဲ့ အဆင့် (၅) က ရိုးမားနဲ့ ရမှတ်တူနေပြီး၊ အဆင့် (၃) က ဂျူဗင်တပ်စ် ကတော့ သူတို့ထက် ၁ မှတ် အသာနဲ့ အထက်မှာ ရှိနေကာ ကွန်တီရဲ့ နာပိုလီ ကတော့ ရမှတ် ၇၀ နဲ့ အဆင့် (၂) မှာ ရှိနေပါတယ်။ ကိုမို အသင်း ကတော့ ရမှတ် ၆၅ မှတ်နဲ့ အဆင့် (၆) မှာ ရပ်တည်နေတာပါ။

ဒါပေမယ့် ကာဆာနို ကတော့ ဒီရာသီဟာ အေစီမီလန် အတွက် ကျရှုံးမှု တစ်ခုလို့ ခံစားနေရပြီး၊ ကွန်တီဟာ မီလန်ကို ရှေ့ဆက် လျှောက်လှမ်းစေနိုင်ဖို့ အတွက် အသင့်တော်ဆုံး နည်းပြ ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ သူ့ရဲ့ Viva El Futbol အစီအစဉ်မှာ ကာဆာနို ပြောကြားခဲ့တဲ့ စကားတွေကို Football Italia က အခုလို ကိုးကား ဖော်ပြထားပါတယ်။ “ကွန်တီဟာ ပြီးခဲ့တဲ့ နှစ်က နာပိုလီမှာ အံ့ဖွယ် စွမ်းဆောင်မှု တစ်ခု လုပ်ပြခဲ့ပါတယ်။ ဒါပေမယ့် နှစ်နှစ်ကြာပြီးရင် သူ ကလပ် အသင်း တစ်သင်းတည်းမှာ ဆက်နေလေ့ မရှိပါဘူး။ အဲဒါက ခက်ခဲပါတယ်။”

“ကျွန်တော့် အတွက်တော့ သူ (နာပိုလီ ကနေ) ထွက်ခွာရပါမယ်။ ဘယ်ကိုသွားမလဲ။ မီလန်ဆီပေါ့။ အဲဒါဆိုရင် သူဟာ မတူညီတဲ့ ကလပ် အသင်း ၄ သင်းနဲ့ စကူဒက်တို (စပိန်/အီတလီ လိဂ်ဖလား) ၄ ကြိမ် ရယူနိုင်တဲ့ ပထမဆုံး နည်းပြ ဖြစ်လာပါလိမ့်မယ်။ မီလန် အနေနဲ့ အလုပ်တစ်ခုကို သေသေချာချာ လုပ်ချင်တယ်ဆိုရင် ကွန်တီက အပြည့်စုံဆုံးပါပဲ။ အယ်လီဂရီနဲ့ မတူတာက သူဟာ ကွင်းထဲက ခြေစွမ်းနဲ့တင် သူ့ရဲ့ တန်ဖိုးကို သက်သေပြတတ်သူ ဖြစ်ပြီး သတင်းစာ ရှင်းလင်းပွဲတွေကို ဂရုစိုက်လေ့ မရှိပါဘူး။ ဘောလုံး ကစားပုံနဲ့ပဲ စကားပြောတတ်တဲ့သူပါ။ ကွန်တီဟာ အသင်း လက်မဲ့ ဖြစ်တာနဲ့ သူသွားချင်တဲ့ အသင်းဆီကို စိတ်ကြိုက် သွားနိုင်ခွင့်ရှိတဲ့ နည်းပြ အနည်းငယ်ထဲက တစ်ယောက်ပါ။ သူ့လို နည်းပြမျိုးက တစ်ကမ္ဘာလုံးမှာ ၃ ဦး ဒါမှမဟုတ် ၄ ဦးပဲ ရှိပါတယ်။”

မီလန် အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ စီးရီးအေ အဆင့် (၁၄) နေရာက ဂျီနိုအာနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး၊ အဲဒီနောက် ကက်ဂလီယာရီနဲ့ ကစားကာ ရာသီပိတ်ရမှာ ဖြစ်ပါတယ်။
စီးရီးအေ နောက်ဆုံး ၂ ပွဲဆက် ရှုံးထားတဲ့ အေစီမီလန်

အဲဒီနောက်မှာတော့ ကာဆာနိုဟာ နည်းပြ အယ်လီဂရီနဲ့ မီလန်ရဲ့ အားကစား ဒါရိုက်တာ အယ်လီဂရီ တာရေး တို့ကို ပြင်းပြင်းထန်ထန် ဝေဖန် တိုက်ခိုက်ခဲ့ပါတယ်။ သူက “အယ်လီဂရီဟာ ယခုရာသီမှာ မီလန်ကို ဖျက်ဆီးပစ်ခဲ့တာပါ။ သတင်းစာ ရှင်းလင်းပွဲတွေမှာ သွားပြီး လိမ်ညာနေတာတွေက လွဲရင် ဘာမှ မလုပ်ပါဘူး။ အဲဒီမှာတင် ရပ်မနေပါနဲ့ဦး။ အယ်လီဂရီက ကပ်ဘေး တစ်ခုလို ဆိုးရွားခဲ့တဲ့ အပြင်၊ နိုင်ငံရဲ့ ကယ်တင်ရှင်ကြီးလို ရောက်လာတဲ့ တာရေး မှာလည်း အပြစ် ရှိပါတယ်။ သူ ဘာကို ကယ်တင်ခဲ့လဲ သိလား။ ဘာမှ ကယ်တင်မနိုင်ခဲ့ပါဘူး။” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

မီလန် အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ စီးရီးအေ အဆင့် (၁၄) နေရာက ဂျီနိုအာနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး၊ အဲဒီနောက် ကက်ဂလီယာရီနဲ့ ကစားကာ ရာသီပိတ်ရမှာ ဖြစ်ပါတယ်။ မီလန်ဟာ ဂျီနိုအာနဲ့ နောက်ဆုံး ကစားခဲ့တဲ့ စီးရီးအေ ၁၆ ပွဲမှာ ၁၅ ပွဲ အထိ ရှုံးနိမ့်ခြင်း မရှိထားပါဘူး (၁၀ ပွဲနိုင်၊ ၅ ပွဲသရေ)။ ဂျီနိုအာ ဘက်က တစ်ကြိမ်တည်းသော အနိုင်ရရှိခဲ့တာ ကတော့ ၂၀၂၀ မတ်လတုန်းက ဖြစ်ပါတယ်။ ဂျီနိုအာ အသင်းဟာ နောက်ဆုံး စီးရီးအေ ၃ ပွဲ ဆက်တိုက် ဂိုးပေါက် ပျောက်ဆုံးနေပါတယ်။ သူတို့ အခုထက် ပိုပြီး ဂိုးမသွင်းနိုင်ဘဲ ကြာမြင့်ခဲ့တာ ဆိုလို့ ၂၀၂၂ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီကြားတုန်းက ဖြစ်ပြီး အဲဒီတုန်းက ၄ ပွဲ အတွင်း နည်းပြ ၃ ဦး (အန်ဒရီ ရှက်ဗ်ချန်ကို၊ အဗ္ဗဒူလေး ကွန်ကိုနဲ့ အလက်ဇန်းဒါး ဘလက်ဆင်) အထိ ပြောင်းလဲ ကိုင်တွယ်ခဲ့ရတာ ဖြစ်ပါတယ်။

အေစီမီလန်ဟာ ဂျီနိုအာရဲ့ အိမ်ကွင်းမှာ နောက်ဆုံး ကစားခဲ့တဲ့ စီးရီးအေ အဝေးကွင်း ၃ ပွဲလုံးကို အနိုင်ရထားပြီး၊ အသင်း သမိုင်းမှာ ဂျီနိုအာ ကွင်းအတွင်း အခုထက် ပိုရှည်ကြာတဲ့ အဝေးကွင်း ဆက်တိုက် နိုင်ပွဲ စံချိန် မရှိခဲ့ဖူးပါဘူး။

အယ်လီဂရီရဲ့ အသင်းဟာ ဒီရာသီရဲ့ ပထမအကျော့မှာ ရမှတ် ၄၂ မှတ် အထိ ရရှိခဲ့ပေမယ့် ဒုတိယအကျော့ မှာတော့ ၂၅ မှတ်ပဲ ရရှိထားတာကြောင့် ပထမအကျော့ထက် ၁၇ မှတ် အထိ လျော့နည်းသွားခဲ့ပြီး ဒါဟာ ပြိုင်ပွဲ တစ်ခုလုံးမှာ အဆိုးရွားဆုံး မှတ်တမ်း ဖြစ်ပါတယ်။ သူတို့ အနေနဲ့ ကျန်ရှိတဲ့ နောက်ဆုံး နှစ်ပွဲလုံးကို အနိုင်ရခဲ့ရင်တောင်မှ ပထမအကျော့ထက် ၁၁ မှတ် လျော့နည်းပြီး ရာသီပိတ်ရမှာ ဖြစ်ပါတယ်။ နိုင်ပွဲ တစ်ပွဲကို ၃ မှတ် ပေးတဲ့စနစ် စတင်ခဲ့ပြီး နောက်ပိုင်း စီးရီးအေမှာ အခုထက် ပိုမိုဆိုးရွားခဲ့တဲ့ ရမှတ် ကွာခြားချက်ဆိုလို့ ၂၀၁၆-၂၀၁၇ ရာသီက (-၁၅ မှတ်) နဲ့ ၂၀၀၂-၀၃ ရာသီက (-၁၇ မှတ်) နှစ်ကြိမ်သာ ရှိခဲ့ဖူးပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်