နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အပြာရောင် မီလန် အတွက် အပြည့်အဝ ပေးဆပ်နေတဲ့ တိုက်စစ် သူရဲကောင်း (စီးရီးအေ)

လက်ချီနဲ့ ပွဲမှာ လော်တာရို မာတီနက်ဇ် တစ်ယောက် လူစားဝင်လာပြီးနောက် အသင်း အတွက် အနိုင်ဂိုး ၄ ဂိုး သွင်းပေးခဲ့ခြင်းက စီးရီးအေ ပရိသတ်တွေ အတွက် တကယ့်ကို ရေပန်းစားတဲ့ သတင်း တစ်ခုဖြစ်ခဲ့ပါတယ်။

တကယ်ဆိုရင် မာတီနက်ဇ် တစ်ယောက် အင်တာမီလန်အတွက် ခြေစွမ်းပြနေတာ အခုမှ မဟုတ်ပါဘူး။ အရင်ရာသီတွေကတည်းက သူဟာ အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် မရှိမဖြစ် ကစားသမား၊ ဥရောပမှာ ပြိုင်ဘက်တွေ အတွက် လူရိုသေ၊ ရှင်ရိုသေ ကစားသမား တစ်ယောက် ဖြစ်ပါတယ်။ ပြောရရင်တော့ ပြိုင်ဘက် ခံစစ်က သတိထား ထိန်းချုပ်ရတဲ့ အန္တရာယ်အပေးနိုင်ဆုံး အဆုံးသတ်သူတွေထဲက တစ်ဦးလို့တောင် သတ်မှတ်လို့ ရပါတယ်။ သူ့ကို ခေါ်ယူဖို့ ဥရောပထိပ်တန်း အသင်းကြီးတွေက စိတ်ဝင်စားခဲ့ပေမယ့် ကာယကံရှင် ကိုယ်တိုင်က ဖိအားပေးခဲ့တာမျိုး မရှိသလို အင်တာမီလန် ဘက်ကလည်း မာတီနက်ဇ်ရဲ့ အရေးပါပုံကို ကောင်းကောင်းသိထားလို့ လက်လွှတ်မခံခဲ့ပါဘူး။

မာတီနက်ဇ်က အင်တာမီလန်မှာ တွဲဖက် တိုက်စစ်မှူး အမျိုးမျိုးနဲ့ တွဲကစားခဲ့ရသူ ဖြစ်ပါတယ်။ ဒီဂျက်ကို၊ လူကာကူ တို့လို ကစားသမားမျိုးတွေနဲ့ တွဲကစားခဲ့ရဖူးပြီး အခုလည်း အသစ်ရောက်လာတဲ့ မားကပ်စ် သူရမ်နဲ့ အတွဲမိနေပါတယ်။ ပြောစရာရှိတာက သူ့အသင်းကို ရောက်လာတဲ့ တိုက်စစ်မှူး မှန်သမျှ မာတီနက်ဇ်နဲ့ ပြဿနာတက်တယ် ဆိုတာမျိုး မကြားရသလောက်ပါပဲ။ မာတီနက်ဇ်က သူနဲ့ တွဲဖက် ဘယ်သူပဲ ဖြစ်ဖြစ်၊ ရအောင် ချိတ်တယ်၊ ဂိုးသွင်းတယ်၊ ဖန်တီးပေးတယ်၊ အသင်း အတွက် ပေးဆပ်ဖို့ ကိုပဲ ခေါင်းထဲထည့်ထားတဲ့ ကစားသမားမျိုးပါ။

ပြီးခဲ့တဲ့ ရာသီ အင်တာမီလန်တို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက်ခဲ့တာ၊ အရင်က စီးရီးအေ ချန်ပီယံဆုကို ဆွတ်ခူးခဲ့တာ အစရှိတာတွေ အတွက် မာတီနက်ဇ်ရဲ့ စွမ်းဆောင်ရည်ကို ပြန်လှန်လှောကြည့်လိုက်ရင် တော်တော်လေးကို ကျေနပ်ဖို့ ကောင်းပါတယ်။
အင်တာမီလန် အတွက် ခြေစွမ်းပြနေတဲ့ လော်တာရို မာတီနက်ဇ်

ဒီဂျက်ကို၊ လူကာကူနဲ့ အခု အသစ်ရောက်နေတဲ့ သူရမ်တို့ ဆိုတာက ကစားပုံ မတူကွဲပြားတဲ့ ကစားသမားတွေချည်းပါပဲ။ ဒါပေမယ့် မာတီနက်ဇ် ကတော့ ဘယ်သူနဲ့မှ နေရာမလုခဲ့သလို ပြဿနာ ဖြစ်တယ် ဆိုတာမျိုးလည်းမရှိပါဘူး။ အခုလည်း သူရမ်နဲ့ အတွဲအဖက်ကောင်းတွေ ဖြစ်နေပြီး အင်တာမီလန် အတွက် မရှိမဖြစ် ကစားသမား ဆိုတာ သက်သေပြနေဆဲပါ။

မာတီနက်ဇ်ဟာ ဒီရာသီ စီးရီးအေမှာ စုစုပေါင်း ၇ ပွဲ ကစားပြီး သွင်းဂိုး ကတော့ ၉ ဂိုးအထိ ရှိထားသလို ဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေးထားပါတယ်။ ဒါ့အပြင် မာတီနက်ဇ်ဟာ မီလန် ကလပ်ကို စတင် ရောက်ရှိခဲ့တဲ့ ၂၀၁၈ ဇူလိုင်လက စပြီး လက်ရှိအထိ ပြိုင်ပွဲစုံ ၂၄၆ ပွဲ ကစားပေးထားပြီး ၁၁၂ ဂိုး အထိ သွင်းယူပေးထားပါတယ်။ ဒါဟာ သိပ်ကို ကောင်းတဲ့ စွမ်းဆောင်ရည်လို့ ပြောလို့ ရပါတယ်။

ဒီလို စိတ်ဓာတ်တွေ၊ Personality တွေကြောင့်ပဲ အင်တာမီလန်က မာတီနက်ဇ်ကို အသင်းခေါင်းဆောင် လက်ပတ် ရဲရဲကြီး ပေးလိုက်သလား မပြောတတ်ပါဘူး။ နောက်ပြီး ထိုက်လည်း ထိုက်တန်ပါတယ်။

စီးရီးအေ
နာပိုလီ
ဖီအိုရင်တီးနား
1X2 သရေ (Draw) @ 3.80
ဂိုးပေါင်း 2-3 @ 1.97
ဂိုးပေါ် 2.75 @ 1.93
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပြီးခဲ့တဲ့ ရာသီ အင်တာမီလန်တို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက်ခဲ့တာ၊ အရင်က စီးရီးအေ ချန်ပီယံဆုကို ဆွတ်ခူးခဲ့တာ အစရှိတာတွေ အတွက် မာတီနက်ဇ်ရဲ့ စွမ်းဆောင်ရည်ကို ပြန်လှန်လှောကြည့်လိုက်ရင် တော်တော်လေးကို ကျေနပ်ဖို့ ကောင်းပါတယ်။ ဒါပေမယ့် ရိုမယ်လူ လူကာကူတို့၊ ဒီမာကို တို့လို ကစားသမားတွေ ကပဲ မီဒီယာ စာမျက်နှာပေါ် ရောက်နေပါတယ်။ ဒါကတော့ ဘေးလူတွေရဲ့ အမြင်သပ်သပ်ပါ။ မာတီနက်ဇ် ကိုယ်တိုင် ကတော့ ဒါတွေကို စိတ်ထဲထားပုံ မပေါ်ပါဘူး။ သူလုပ်စရာရှိတာကိုပဲ လုပ်သွားရင်း အကောင်းဆုံး ပေးဆပ်နိုင်ဖို့ပဲ ကြိုးစားနေတာ တွေ့ရပါတယ်။

အဲ့ဒါကြောင့်လည်း ဒီကစားသမားက One Season Wonder ဖြစ်သွားတာမျိုး မဟုတ်ဘဲ တသမတ်တည်း တည်ငြိမ်တဲ့ ခြေစွမ်းနဲ့ ရှေ့ဆက်နေတာပါ။ ကျနော့် အမြင်အရတော့ မာတီနက်ဇ်ဟာ အခုထက် ပိုမိုကျယ်လောင်တဲ့ လက်ခုပ်သံတွေ၊ အသိအမှတ်ပြုမှုတွေ ထိုက်တန်တယ်လို့ပဲ ဆိုပါရစေ…။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်