နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂျရူးရဲ့ ဂိုးနဲ့ နာပိုလီကို အနိုင်ယူပြီး အဆင့် ၁ နေရာကို ပြန်လည် သိမ်းပိုက်ခဲ့တဲ့ အေစီမီလန် (စီးရီးအေ ပွဲပြီးသုံးသပ်ချက်)

နာပိုလီ ၀-၁ အေစီမီလန်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် ၂၈ ရဲ့ နောက်ကျပွဲ မှာတော့ အေစီမီလန်တို့ အိုလီဗီယာ ဂျရူးရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ နာပိုလီကို အဝေးကွင်းမှာ အနိုင်သွားခဲ့ပါတယ်။ စီးရီးအေ စကူဒက်တို ချန်ပီယံဆု အတွက် အရေးပါတဲ့ ပွဲစဉ် ဖြစ်တဲ့ အလျောက် နှစ်သင်းလုံး အားစိုက်ကစားသွားခဲ့ပေမယ့် အဆုံးသတ် ပိုကောင်းပြီး အမှားနည်းခဲ့တဲ့ အေစီမီလန်တို့ အဖိုးတန် ၃ မှတ် အရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

အခုပွဲ မှာလည်း အေစီမီလန် အတွက် သူရဲကောင်း ဖြစ်ခဲ့သူက ဂျရူး ဖြစ်ပြီး အသက် ၃၅ နှစ် အရွယ် ပြင်သစ် တိုက်စစ်မှူးကြီး အနေနဲ့ ဒီရာသီ စီးရီးအေ ပွဲစဉ် ၁၉ ပွဲ ကစားပြီးချိန်မှာ ၈ ဂိုးသွင်း၊ ၂ ဂိုး ဖန်တီးထားနိုင်ခဲ့သလို မီလန် အတွက် စုစုပေါင်း ၂၇ ပွဲ ကစားပြီး ၁၁ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
စီးရီးအေ အမှတ်ပေးဇယား အဆင့် ၃ နေရာကို ပြန်ဆင်းခဲ့ရတဲ့ နာပိုလီ

ရမှတ် လိုအပ်ချက် အတွက် အရေးကြီးတဲ့ ပွဲစဉ် ဖြစ်လို့ နှစ်သင်းလုံး အကောင်းဆုံး ဖြစ်နိုင်မယ့် နည်းဗျူဟာ၊ ကစားကွက်၊ လူစာရင်းတွေနဲ့ ပွဲထွက်လာခဲ့ကြပါတယ်။ အိမ်ရှင် နာပိုလီရဲ့ ၄-၂-၃-၁ ကစားကွက်မှာ တိုက်စစ်က အော့ဆီမန် ဦးဆောင်လာခဲ့ပြီး အင်ဆစ်ဂ်ညီ၊ ဇီလင်းစကီး၊ ပိုလီတာနို တို့နဲ့ ရံကစားစေခဲ့ပါတယ်။ ကွင်းလယ်နဲ့ ခံစစ် မှာတော့ လိုဘွတ်ကာ၊ ဖေဘီယန်၊ ကူလီဘာလီ၊ ရူအီ၊ ရာမာနီ၊ ဒီလော်ရန်ဇို၊ အော့စပီနာ တို့နဲ့ လူစုံခဲ့ပါတယ်။ အေစီမီလန် ကတော့ ၄-၃-၃ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး ဂျရူး၊ လီယောင်၊ မက်ဆီယာ တို့ကို တိုက်စစ်မှာ တွဲပေးပြီး ကွင်းလယ်မှာ တိုနာလီ၊ ကတ်ဆေး၊ ဘန်နက်ဆာ၊ ခံစစ်နဲ့ ဂိုး မှာ တွန်မိုရီ၊ ကာလူလူ၊ ဟာနန်ဒက်ဇ်၊ ကာလာဘရီယာ၊ မိုက်မိုက်ဂ်နန် တို့ ပါဝင်လာခဲ့ပါတယ်။

ထိပ်သီး နှစ်သင်း ကစားတဲ့ ပွဲဖြစ်လို့ ပွဲစထဲက တော်တော်လေး အကြိတ်အနယ် ရှိခဲ့ပြီး အိမ်ရှင် နာပိုလီ ထက် အေစီမီလန်တို့ အခွင့်အရေးတွေ ပိုပြီး ဖန်တီးနိုင်ခဲ့ပါတယ်။ ပွဲအစ ၄ မိနစ် ကျော်ကျော် မှာပဲ နာပိုလီ နောက်ခံလူ ကူလီဘာလီကြောင့် အေစီမီလန်တို့ ပင်နယ်တီ ကန်ခွင့်ရဖို့ နီးစပ်ခဲ့ပေမယ့်လည်း ကွင်းလယ်ဒိုင်က ငြင်းဆန်ခဲ့လို့ ဧည့်သည် အသင်း နစ်နာခဲ့ရပါတယ်။ အဲ့နောက် နာပိုလီ နောက်တန်းရဲ့ ကစားပုံ လေးလံမှုကို အေစီမီလန်တို့ အခွင့်အရေး ယူနိုင်ခဲ့ပြီး လီယောင် ဘက်ကရော၊ မက်ဆီယာ ဘက်ကပါ ထိုးဖောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပထမပိုင်း ပြီးဆုံးချိန်အထိ နှစ်သင်းလုံး အခွင့်အရေးတွေ အသုံးမချနိုင်လို့ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်နေခဲ့ပါဝယ်။

ဒုတိယပိုင်း ပွဲပြန်စချိန်မှာလည်း အေစီမီလန်တို့ ပထမပိုင်း ကထက် ပိုပြီး အချိတ်အဆက် မိမိနဲ့ နာပိုလီ ခံစစ်ကို အလုပ်ရှုပ်စေနိုင်ခဲ့ပြီး ၄၉ မိနစ် မှာတော့ ဂိုးရသွားခဲ့ပါတယ်။ ညာနောက်ခံလူ ကာလာဘရီယာရဲ့ ကန်ချက်ကို ဂိုးဧရိယာထဲမှာ အသင့်ရှိနေတဲ့ အိုလီဗီယာ ဂျရူးက လမ်းကြောင်းပြောင်း အဆုံးသတ်ခဲ့လို့ အော့စပီနာ ဘယ်လိုမှ မတတ်နိုင်ပဲ ဂိုးအဖြစ် ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။ ဂိုးပေးလိုက်ရပြီးနောက် မှာတော့ အိမ်ရှင်တို့ အဲလ်မက်စ်၊ အူနက်စ် တို့ထည့်ပြီး တိုက်စစ်မြှင်ခဲ့ပေမယ့် အော့ဆီမန် ဦးဆောင်တဲ့ တိုက်စစ်ကို အေစီမီလန် နောက်တန်းက ကာလူလူနဲ့ တွန်မိုရီတို့ အမှားအယွင်း မရှိ ထိန်းချုပ်ထားနိုင်ခဲ့လို့ နာပိုလီတို့ ရုန်းကန်ခဲ့ရပါတယ်။ အဲ့နောက် စပယ်လက်တီ အနေနဲ့ လိုဇာနိုနဲ့ အန်ဂစ်ဆာတို့ ထပ်ထည့်ပြီး တိုက်စစ် အစွမ်းကုန် မြှင့်ကစားစေခဲ့သလို အေစီမီလန် ကလည်း ဆယ်လီမေကာစ်၊ ဖလော်ရန်ဇီ၊ ဇလာတန် အီဗရာဟီမိုဗစ်တို့ ထည်သွင်းပြီး ကစားအား ကျမသွားအောင် ထိန်းခဲ့လို့ ၀-၁ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။

ဘန်ဒက် လီဂါ
‌ဟော့ဖန်ဟိမ်း
ဘိုင်ယန်မြူးနစ်
1X2 သရေ @ 4.20
ဘိုင်ယန်မြူးနစ် အာရှ ဟန်းဒီးကပ် :-1.25 @ 2.16
ဂိုးပေါ် 4.00 @ 2.21
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု အများစုမှာ နာပိုလီတို့ အေစီမီလန်ကို အသာရခဲ့ပေမယ့် အခုပွဲ မှာတော့ ခြေစွမ်းပိုင်း အရ လုံးဝ မယှဉ်နိုင်ပဲ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ကျဉ်းမြောင်းတဲ့ ရလဒ် ထွက်ပေါ်ခဲ့ပေမယ့် အခွင့်အရေး ဖန်တီးမှု၊ ဂိုးပေါက် ကန်ချက်၊ ဂိုးပေါက်တည့်မှု အပိုင်းတွေမှာ နာပိုလီ ကို အပြတ်အသတ် အသာရခဲ့ပါတယ်။ အဓိက ကတော့ အော့ဆီမန် ဦးဆောင်တဲ့ တိုက်စစ်က အေစီမီလန် ခံစစ်ကို လိမ်ခေါက် ကျော်ဖြတ်နေရုံသာ ရှိပေမယ့် အဆုံးသတ် ကန်သွင်းတဲ့ နေရာမှာတော့ အေစီမီလန် ဂိုးသမား မိုက်မိုက်ဂ်နန်ကို ရင်ခုန်အောင်တောင် မလုပ်နိုင်ခဲ့ပါဘူး။ အခုပွဲ မှာလည်း အေစီမီလန် အတွက် သူရဲကောင်း ဖြစ်ခဲ့သူက ဂျရူး ဖြစ်ပြီး အသက် ၃၅ နှစ် အရွယ် ပြင်သစ် တိုက်စစ်မှူးကြီး အနေနဲ့ ဒီရာသီ စီးရီးအေ ပွဲစဉ် ၁၉ ပွဲ ကစားပြီးချိန်မှာ ၈ ဂိုးသွင်း၊ ၂ ဂိုး ဖန်တီးထားနိုင်ခဲ့သလို မီလန် အတွက် စုစုပေါင်း ၂၇ ပွဲ ကစားပြီး ၁၁ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ဒီပွဲ အေစီမီလန်တို့ ရလဒ်ကြောင့် စီးရီးအေ ဇယား ထိပ်ကို ယာယီ တက်လှမ်းနိုင်ခဲ့ပေမယ့် နာပိုလီ ကတော့ အေစီမီလန်နဲ့ ၃ မှတ်၊ အင်တာမီလန်နဲ့ ၁ မှတ် အကွာ အဆင့် ၃ နေရာကို ပြန်ဆင်းသွားခဲ့ရပါတယ်။


လာမယ့်ပွဲစဉ်များ

နာပိုလီတို့ မတ်လ ၁၃ ရက်နေ့မှာ ဟဲလက်စ် ဗီရိုနာနဲ့ စီးရီးအေ ပွဲစဉ် ဆက်လက် ကစားရဖို့ ရှိပြီး အေစီမီလန် ကတော့ အမ်ပိုလီနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်