နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၆ ပွဲဆက် ပေးဂိုး မရှိ၊ ရာနှုန်းပြည့် အနိုင်နဲ့အတူ ပုံစံကောင်း ရနေဆဲ အင်တာမီလန် (စီးရီးအေ ပွဲပြီးသုံးသပ်ချက်)

အင်တာမီလန် ၁ – ၀ တိုရီနို

အေစီမီလန်၊ နာပိုလီတို့ ခြေချော်မှုတွေ ဖြစ်နေချိန်မှာ စီးရီးအေ လက်ရှိ ချန်ပီယံ အင်တာမီလန် ကတော့ ပုံစံမှန်နဲ့ တဖြေးဖြေး ရလဒ်ကောင်း ရနေတယ်လို့ပဲ ဆိုရမှာပါ။ တိုရီနိုရဲ့ ခြေစွမ်းကလည်း အင်တာမီလန် ဆီကနေ အမှတ် ခွဲယူနိုင်လောက်တဲ့ အခြေအနေ ရှိနေခဲ့ပေမယ့် ထင်သလို ဖြစ်မလာခဲ့ပါဘူး။ ခံစစ်ပိုင်း ကောင်းမွန်တဲ့ အပြင် အိမ်ကွင်း ရှုံးပွဲ လုံးဝ မရှိသေးတဲ့ အင်တာမီလန် တို့ပဲ လက်ရှိ ချန်ပီယံ ဂုဏ်ပုဒ် နဲ့အတူ အနိုင် ရခဲ့တယ်လို့ပဲ ဆိုရမှာပါ။


ပွဲစဉ်အကျဉ်း

ပရီးမီးယား လိဂ်
အဲဗာတန်
ခရစ္စတယ်ပဲလေ့စ်
1X2 သရေ @ 3.40
ခရစ္စတယ်ပဲလေ့စ် အာရှ ဟန်းဒီးကပ် +0.50 @ 2.02
ဂိုးပေါင်း 0-1 @ 3.40
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အမှတ်ပေးဇယား အလယ်အလတ်မှာ ရှိနေတယ် ဆိုပေမယ့် တိုရီနိုရဲ့ ခြေစွမ်းက တော်တော်လေး တည်ငြိမ်ခဲ့တာပါ။ အင်တာမီလန် ကလည်း အကောင်းဆုံး ခံစစ်က အကောင်းဆုံး တိုက်စစ် ဆိုတဲ့ ဗျူဟာအတိုင်း အကောင်းဆုံး တုံ့ပြန် နိုင်ခဲ့ပါတယ်။ ပွဲအစ ကတည်းက ကြံ့ခိုင်မှု အသားပေး ကစားခဲ့ကြလို့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ မာတီနက်ဇ်၊ ဒီဇီကိုတို့ တိုက်စစ်ကို ဦးဆောင်လာပြီး ဗီဒဲလ်၊ ဘရိုဇိုဗစ်၊ ပါရီဆစ်၊ ဒမ်ဖရိုင်းစ် တို့နဲ့အတူ အင်တာမီလန် တို့ လူစုံခဲ့ပါတယ်။ ဘယ်လော့တီ မပါဝင်နိုင်တဲ့ တိုက်စစ်ကို ဆနာဘရီယာက ဦးဆောင်ခဲ့ပြီး ပီဂျာကာ၊ ဘရီကာလို၊ လူကစ်၊ ဘရီမာ၊ ပိုဘီဂါ တို့ကို တိုရီနိုတို့ ပွဲထုတ်ခဲ့တာပါ။ ပွဲချိန် အစောပိုင်းမှာ တိုရီနိုတို့ ဖိအား ပေးနိုင်ခြင်း နဲ့အတူ ဂိုးရလုနီးပါး အခွင့်အရေးတွေ ပိုင်ဆိုင်ခဲ့ပါတယ်။ ဘရီကာလိုရဲ့ ခေါင်းတိုက်ချက်၊ ပီဂျာကာရဲ့ ဂိုးဧရိယာထိပ် ကန်သွင်းမှုတွေက ဂိုးရဖို့ တော်တော်လေးကို နီးစပ်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန် မိနစ် ၂၀ နောက်ပိုင်းမှာတော့ အင်တာမီလန် တို့ ပွဲကို ပိုပြီး စိုးမိုးလာနိုင်ခဲ့ပါတယ်။ ဘတ်စတိုနီ၊ ဘရိုဇိုဗစ်တို့ရဲ့ ဂိုးတွေသာ ဝင်ခဲ့မယ်ဆိုရင် အင်တာမီလန်တို့ အနိုင် ပြတ်သားခဲ့မှာပါ။ ဒါပေမဲ့ ပွဲချိန် မိနစ် ၃၀ မှာတော့ အင်တာမီလန်တို့ ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ ဒီဇီကိုရဲ့ အလိုက်သင့် ဖန်တီးပေးမှုကို ဒမ်ဖရိုင်းစ်က ဂိုးဧရိယာ ထိပ်အစပ်ကနေ အပြင်း ကန်သွင်းရင်း အင်တာမီလန် အတွက် ဂိုးဖြစ်စေခဲ့တာပါ။ ဂိုးပေးလိုက်ရ ပြီးတဲ့နောက် တိုရီနို တို့ အမှား ထပ်မလုပ်ရဲတော့ဘဲ အကျစ်လစ်ဆုံး ကစားခဲ့ပါတယ်။ ဒါပေမဲ့ ဘက်စတိုရီ၊ ဒီဗာ့ဂျ်၊ စကီနီယာတို့ ဦးဆောင်တဲ့ အင်တာမီလန် ခံစစ်ကိုတော့ မကျော်ဖြတ် နိုင်ခဲ့ပါဘူး။ အခွင့်အရေး ကိုယ်စီ ထပ်ရခဲ့ကြပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့လို့ ပွဲပြီးဆုံးချိန် မှာတော့ အင်တာမီလန်တို့ ၁-၀ ဂိုးနဲ့ အနိုင် ရသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

စီးရီးအေ အမှတ်ပေးဇယား အလယ်အလတ်မှာ ရှိနေတဲ့ တိုရီနို အနေနဲ့ အဆင့် ၁ နေရာမှာ ရှိနေတဲ့ လက်ရှိ ချန်ပီယံ အသင်းကို အကောင်းဆုံး တုံ့ပြန် နိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
စီးရီးအေ အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေတဲ့ တိုရီနို

အင်တာမီလန် အတွက် အဖိုးတန် နိုင်ပွဲ ဖြစ်ခဲ့ပါတယ်။ စီးရီးအေ ၇ ပွဲဆက် အနိုင် နဲ့အတူ နောက်ဆုံး ၆ ပွဲမှာ ပေးဂိုး လုံးဝ မရှိခဲ့တဲ့ အနေအထားအရ အင်တာမီလန်က ချန်ပီယံဆု အတွက် အသင့် ဖြစ်နေပြီလို့ ဆိုနိုင်ပါတယ်။ တိုရီနို ကတော့ ဘယ်လော့တီ မပါဝင်နိုင်တဲ့ အခြေအနေကြောင့် တိုက်စစ်ပိုင်း ရုန်းကန် ခဲ့ရတယ်လို့ပဲ ဆိုရမှာပါ။ ပွဲစစချင်းမှာ ကတည်းက ဂိုးရလုနီးပါး အခြေအနေတွေကို တိုရီနို တို့ ပိုင်ဆိုင်ခဲ့ပေမယ့် အသုံးမချ နိုင်ခဲ့တာကတော့ အင်တာမီလန် အတွက် သက်သာရာ ရစေခဲ့ပါတယ်။ အင်တာမီလန် ကတော့ ခံစစ်ကို အတည်ငြိမ်ဆုံး စုဖွဲ့ပြီးမှ ကွင်းလယ် အားသာချက် နဲ့အတူ ဂိုးရဖို့ အားထုတ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ တကယ်တမ်းမှာလည်း ကွင်းလယ် ကစားသမား ၅ ယောက် အစုအဖွဲ့က တိုရီနို အတွက် ဖိအား ဖြစ်စေခဲ့ပါတယ်။ မာတီနက်ဇ်၊ ဒီဇီကို တိုက်စစ်အတွဲ ကလည်း ဘရီမာ ဦးဆောင်တဲ့ တိုရီနို ခံစစ်ကို အခက်တွေ့အောင် ကစားနိုင်ခဲ့တဲ့ အတွက် အင်တာမီလန်တို့ အနိုင်ရခဲ့တာပါ။ စီးရီးအေ အမှတ်ပေးဇယား အလယ်အလတ်မှာ ရှိနေတဲ့ တိုရီနို အနေနဲ့ အဆင့် ၁ နေရာမှာ ရှိနေတဲ့ လက်ရှိ ချန်ပီယံ အသင်းကို အကောင်းဆုံး တုံ့ပြန် နိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အပြန်အလှန် သွင်းဂိုးတွေ မျှော်လင့်ခဲ့ပေမယ့် ခံစစ် ဗျူဟာပိုင်းတွေ ကောင်းခဲ့လို့ အင်တာမီလန်ပဲ အနိုင်ရသွားခဲ့တာပါ။


လာမယ့်ပွဲစဉ်များ

အင်တာမီလန် အနေနဲ့ လာမယ့် စီးရီးအေ ပွဲစဉ်မှာ ဘိုလော့ဂ်နာရဲ့ အိမ်ကွင်းကို သွားကစားရဖို့ ရှိနေပြီး တိုရီနို ကလည်း အတ္တလန္တာကို ရင်ဆိုင် ရဖို့ရှိနေခဲ့တာပါ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်