နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

၂၀၂၄-၂၀၂၅ ဘောလုံးရာသီ စီးရီးအေ ပြိုင်ပွဲ အကျဉ်းချုပ်

နာပိုလီနဲ့ အင်တာမီလန်တို့ နှစ်သင်းတဲ့ ပြေးတဲ့ စီးရီးအေ ပြိုင်ပွဲ ကလည်း ရင်ခုန်စရာ တချို့တော့ ရှိခဲ့ပြီးတော့ နာပိုလီတို့ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ အန်တိုနီယို ကွန်တီ ဒီရာသီမှ စတင် ကိုင်တွယ်ခဲ့တဲ့ နာပိုလီက ၃ ရာသီ အတွင်း နှစ်ကြိမ်မြောက် စကူဒက်တို ချန်ပီယံ ဖြစ်ခဲ့သလို သမိုင်းတစ်လျှောက် ၄ ကြိမ်မြောက် ချန်ပီယံ ဖြစ်ခဲ့တာပါ။ ဒါ့အပြင် နာပိုလီနဲ့ အင်တာမီလန်တို့ဟာ စီးရီးအေ ချန်ပီယံဆု အတွက် ပွဲစဉ် ၃၈ အထိ တိုက်ပွဲဝင်ခဲ့ရပြီး နာပိုလီက ၁ မှတ် အသာနဲ့ ချန်ပီယံ ဖြစ်ခဲ့တာပါ။ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဗစ်တာ အိုဆင်မ်ဟန်နဲ့ ခါဗစ်ချာ ခါဗရာစခီလီယာ တို့ စွန့်ခွာသွားခဲ့ပေမယ့် စွမ်းဆောင်ရည်ကောင်းတွေနဲ့ အတူ နာပိုလီတို့ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ယူနိုက်တက် ကနေ ထွက်ခွာပြီး နာပိုလီမှာ တောက်ပပြနိုင်ခဲ့ မက်တော်မီနေး၊ ဥရောပပြိုင်ပွဲတွေနဲ့ လွဲချော်ခဲ့တဲ့ အေစီမီလန်၊ ကိုပါအီတလီယာ ဖလားနဲ့ အတူ နှစ်ပေါင်း ၅၀ ကျော်ကြာ ဖလားလက်မဲ့ ဖြစ်နေမှုကို အဆုံးသတ်နိုင်ခဲ့တဲ့ ဘိုလော့ဂ်နာ စတဲ့ အခြေအနေတွေက ဒီရာသီ စီးရီးအေ ပရိသတ်တွေ အတွက် ပြောစမှတ်ပြုစရာတွေ ဖြစ်ခဲ့ရပါတယ်။

 

အဆင့် ရပ်တည်မှု

  • ချန်ပီယံ: နာပိုလီ – ၂၄ ပွဲ နိုင်၊ ၁၀ ပွဲ သရေ၊ ၄ ပွဲ ရှုံး၊ ရမှတ် ၈၂ မှတ်
  • ဒုတိယ: အင်တာမီလန် – ၂၄ ပွဲ နိုင်၊ ၉ ပွဲ သရေ၊ ၅ ပွဲ ရှုံး၊ ရမှတ် ၈၁ မှတ်
  • တတိယ: အတ္တလန္တာ – ၂၂ ပွဲ နိုင်၊ ၈ ပွဲ သရေ၊ ၈ ပွဲ ရှုံး၊ ရမှတ် ၇၄ မှတ်
  • စတုတ္ထ: ဂျူဗင်တပ်စ် – ၁၈ ပွဲ နိုင်၊ ၁၆ ပွဲ သရေ၊ ၄ ပွဲ ရှုံး၊ ရမှတ် ၇၀ မှတ်

အထက်ပါ အသင်းတွေ ကတော့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခဲ့ကြပြီးတော့ ရိုးမားက ယူရိုပါလိဂ် ဝင်ခွင့်၊ ဖီအိုရင်တီးနား ကတော့ ယူရိုပါကွန့်ဖရင့်လိဂ် ဝင်ခွင့် ရရှိခဲ့ကြပါတယ်။ ဘိုလော့ဂ်နာ ကတော့ အဆင့် ၉ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပေမယ့် ကိုပါအီတလီယာ ချန်ပီယံ ဖြစ်ခဲ့တာကြောင့် ယူရိုပါလိဂ် တိုက်ရိုက်ဝင်ခွင့်ရခဲ့ပါတယ်။

 

ထူးခြားမှုများ

အတ္တလန္တာ တိုက်စစ်မှူး မက်တေးယို ရက်တီဂူအီ ကတော့ တစ်ရာသီအတွင်း ၂၅ ဂိုး သွင်းယူပြီး စီးရီးအေ ရွှေဖိနပ်ဆု ရရှိခဲ့ကာ သွင်းဂိုး+ဂိုးဖန်တီးမှု ၃၃ ကြိမ် ရှိခဲ့တာကြောင့် ဂိုး ပါဝင် ပတ်သတ်မှု  အများဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။

စကော့တ် မက်တော်မီနေး ကတော့ နာပိုလီရဲ့ ချန်ပီယံ အောင်မြင်မှု အတွက် အရေးပါတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့ပါတယ်။

၂၀၂၄–၂၀၂၅ ဘောလုံးရာသီ စီးရီးအေ မှာတော့ နာပိုလီနဲ့ အင်တာမီလန် တို့ရဲ့ နောက်ဆုံး ပွဲစဉ် အထိ ချန်ပီယံဆု လုခဲ့ကြရပြီး ဂျူဗင်တပ်စ်၊ ရိုးမား၊ ဖီအိုရင်တီးနားနဲ့ လာဇီယို တို့ ဥရောပ ဝင်ခွင့် အတွက် ပြိုင်ဆိုင်ခဲ့ကြရပါတယ်။
လာမယ့်ရာသီ ယူရိုပါလိဂ် ဝင်ခွင့်ရခဲ့တဲ့ ဘိုလော့ဂ်နာ

အေစီမီလန် တိုက်စစ်မှူး ခရစ္စတီယန် ပူလီဆစ် ကလည်း တစ်ရာသီ အတွင်း ပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၂ ဖြင့် ထူးခြားတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်စ် ကတော့ ၂၁ ပွဲဆက် မရှုံးအောင် ကစားခဲ့နိုင်ခဲ့ပြီး အတ္တလန္တာ ကတော့ ၁၁ ပွဲဆက် အနိုင်ရရှိခဲ့ပါတယ်။ အမ်ပိုလီ ကတော့ ပွဲ ၂၀ ဆက် နိုင်ပွဲ မရရှိခဲ့ပဲ မွန်ဇာ ကတော့ ၆ ပွဲဆက် ရှုံးနိမ့်ခဲ့ပါတယ်။

ဘိုလော့ဂ်နာ ကတော့ ကိုပါအီတလီယာ ဗိုလ်လုပွဲမှာ အေစီမီလန်ကို အနိုင်ရပြီးတော့ ၅၂ နှစ်ကြာ ဝေးကွာနေတဲ့ ဆုဖလား အောင်မြင်မှုကို ပြန်လည် ရယူသွားနိုင်ခဲ့ပါတယ်။

 

တန်းဆင်းသွားသော အသင်းများ

  • အမ်ပိုလီ
  • ဗင်နီဇီယာ
  • မွန်ဇာ
 

အကျဉ်းချုပ်

၂၀၂၄–၂၀၂၅ ဘောလုံးရာသီ စီးရီးအေ မှာတော့ နာပိုလီနဲ့ အင်တာမီလန် တို့ရဲ့ နောက်ဆုံး ပွဲစဉ် အထိ ချန်ပီယံဆု လုခဲ့ကြရပြီး ဂျူဗင်တပ်စ်၊ ရိုးမား၊ ဖီအိုရင်တီးနားနဲ့ လာဇီယို တို့ ဥရောပ ဝင်ခွင့် အတွက် ပြိုင်ဆိုင်ခဲ့ကြရပါတယ်။ ဗင်နီဇီယာနဲ့ မွန်ဇာ တို့ကတော့ စောစောစီးစီးပဲ စီးရီးဘီကို တန်းဆင်းရဖို့ သေချာခဲ့ပေမယ့် အမ်ပိုလီ အတွက် ကတော့ နောက်ဆုံး ပွဲအထိ မျှော်လင့်ချက် ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ပါးမား၊ လက်ချီ တို့က ပွဲစဉ် ၃၈ မှာ ဇယား အပေါ်က အသင်းတွေကို အနိုင်ကန်နိုင်ခဲ့ပေမယ့် အမ်ပိုလီ ကတော့ ဗီရိုနာကို ရှုံးနိမ့်ခဲ့တာကြောင့် ဗင်နီဇီယာ၊ မွန်ဇာ တို့နဲ့ အတူ တန်းဆင်းသွားခဲ့ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်