နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အမှတ်ပေးချန်ပီယံဆု အတွက် အမှားခံမှာမဟုတ်တဲ့ အင်တာမီလန် – စီးရီးအေ ပွဲကြိုသုံးသပ်ချက်

အင်တာမီလန် vs ဆာဆူအိုလို

စီးရီးအေ ပွဲစဉ် ၂၈ လက်ကျန်ပွဲစဉ် တစ်ပွဲဖြစ်တဲ့ အင်တာမီလန်နဲ့ ဆာဆူအိုလို တို့ရဲ့ ပွဲကတော့ လာမယ့် ဧပြီလ ၇ ရက်နေ့မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ စကူဒက်တိုဖလားနဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေပြီးမှ တကျော့ပြန် ဆွတ်ခူးနိုင်ဖို့ နီးစပ်နေတဲ့ အင်တာမီလန်တို့ ခြေပြန်ကျနေတဲ့ ဆာဆူအိုလိုနဲ့ ကစားရမှာ ဖြစ်လို့ ပွဲချောင်နေပြီး ၃ မှတ် အပြည့်ရဖို့ အခြေအနေကောင်းနေခဲ့ပါတယ်။

အင်တာမီလန်တို့ လက်ရှိမှာ တိုက်စစ်မှူး ရိုမယ်လူ လူကာကူ ခြေစွမ်းပြမှုနဲ့ အတူ တောက်လျောက် နိုင်ပွဲတွေ ဆက်နေပြီး နောက်ဆုံး ကစားခဲ့တဲ့ စီးရီးအေ ၇ ပွဲဆက် အနိုင်ရထားခဲ့ပါတယ်။ လာဇီယို၊ အေစီမီလန်၊ ဂျီနိုအာ တို့လို အသင်းတွေကို ဂိုးပြတ် အနိုင်ရခဲ့တာကို ကြည့်ခြင်းအားဖြင့်  အင်တာမီလန်တို့ရဲ့ ခြေစွမ်းက ဘယ်လောက်အထိ ထက်မြတ်နေတယ် ဆိုတာ သိသာပါတယ်။ လက်ရှိ စီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဒုတိယနေရာက အသင်းကို တစ်ပွဲလျော့ ၈ မှတ်ဖြတ် ဦးဆောင်ထားနိုင်ပါတယ်။ လက်ကျန်ပွဲစဉ် ၉ ပွဲသာ ကစားဖို့ ကျန်ရှိတော့ချိန်မှာ အန်တိုနီကွန်တီရဲ့ အသင်းက တတ်နိုင်သမျှ ရမှတ်ရှာမှာ ဖြစ်ပြီး တခြား ပြိုင်ပွဲတွေကိုလည်း အာရုံစိုက် ကစားဖို့ မလိုအပ်တော့ပါဘူး။ အခုပွဲမှာ ပယ်ရီဆစ်ချ်၊ ဘရိုဇိုဗစ်၊ ဘက်စတိုနီ တို့က လွဲလို့ ကျန်ကစားသမားတွေ အားလုံး ပါဝင်လာနိုင်ပြီး ပြိုင်ဘက်ကို ဂိုးပြတ် ချေမှုန်းမယ့် သဘောမှာ ရှိနေပါတယ်။

ဆာဆူအိုလို ကတော့ ရာသီအစက ရရှိခဲ့တဲ့ ပုံစံကောင်းတစ်ခု ပြန်လည်ပျောက်ဆုံးသွားခဲ့ပြီး နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရရှိခဲ့ပြီး ၃ ပွဲသရေ၊ ၂ ပွဲရှုံးနိမ့်ထားခဲ့ပါတယ်။ ဆာဆူအိုလိုတို့ လက်ရှိ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေပြီး အလယ်အလတ်အဆင့်မှာ ဖိအားကင်းကင်းနဲ့ ကစားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ လက်ရှိ ဆာဆူအိုလိုမှာ ဘာရက်ဒီ၊ ရိုမက်နာ၊ ဒီဖရယ်၊ ဘိုရာဘီရာ တို့လို ကစားသမားတွေ ဒဏ်ရာရရှိနေလို့ အခုပွဲမှာ ကျိန်းသေပေါက် အားနည်းနေပါလိမ့်မယ်။ ဆာဆူအိုလို တို့ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် ၆ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၅ ပွဲရှုံးနိမ့်ထားခဲ့ပါတယ်။

ဆာဆူအိုလိုတို့ လက်ရှိ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေပြီး အလယ်အလတ်အဆင့်မှာ ဖိအားကင်းကင်းနဲ့ ကစားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။
စီးရီးအေ အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေတဲ့ ဆာဆူအိုလို

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

အင်တာမီလန်နဲ့ ဆာဆူအိုလိုတို့ရဲ့ နောက်ဆုံး တွေ့ဆုံမှု ၁၆ ကြိမ်မှာ အင်တာမီလန်တို့ ၆ ကြိမ် အနိုင်ရပြီး ဆာဆူအိုလိုက ၈ ကြိမ် အနိုင်ရကာ ၂ ကြိမ်ကတော့ သရေရလဒ်နဲ့ ပြီးဆုံးထားခဲ့ပါတယ်။ ဒီရာသီ ပထမအကျော့ တွေ့ဆုံမှုမှာတော့ အင်တာမီလန်က ဆာဆူအိုလို ကွင်းမှာ ၀-၃ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အင်တာမီလန် vs ဆာဆူအိုလို 1X2 အင်တာမီလန် 1.32
ဧပြီလ ၇ ရက်, ည ၁၁:၁၅ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၃၃ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၉.၀၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၅.၂၅ဆ ကြေးဖွင့်ပေးထားပါတယ်။ လက်ရှိ ခြေစွမ်းအရဆိုရင် အင်တာမီလန်ကို ယှဉ်ကစားနိုင်မယ့် အသင်းက စီးရီးအေမှာ မရှိသလောက်ပါပဲ။ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာလည်း ထိပ်ဆုံးကို ရောက်ရှိနေတဲ့ အင်တာမီလန်တို့ ဆာဆူအိုလိုကို ကျိန်းသေပေါက် အနိုင်ယူဦးမှာပါ။ အနည်းဆုံး ၂-၀ ရလဒ်နဲ့ အင်တာမီလန်တို့ အနိုင်ရသွားပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်