နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဗင်နီးစီးယပ်စ်ကို လက်ရှိ ရရှိနေတဲ့ လစာထက် ၁၀ ဆ တိုးပေးပြီး ခေါ်ယူချင်နေတဲ့ ဆော်ဒီပရိုလိဂ်

ဆော်ဒီပရိုလိဂ် ကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ အရေးပါဆုံး တောင်ပံ တိုက်စစ် ကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာကို ခေါ်ယူဖို့ အခုချိန်ထိ လက်မလျှော့သေးဘူးလို့ သိရပါတယ်။ ဆော်ဒီပရိုလိဂ်က ဥရောပ ဘောလုံး ရပ်ဝန်းက ထိပ်တန်း ကစားသမားတွေကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေ အပြင် မြင့်မားတဲ့ လုပ်ခလစာတွေ ပေးပြီး ခေါ်ယူနေခဲ့တာ ဖြစ်ပါတယ်။ 

သတင်းတွေ အရ ဆိုရင်တော့ ဆော်ဒီပရိုလိဂ် တာဝန်ရှိသူတွေဟာ ဘရာဇီးလ် တောင်ပံတိုက်စစ် ကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာကို သူလက်ရှိ ရီးရဲလ်မက်ဒရစ်မှာ ရရှိနေတဲ့ လုပ်ခ လစာထက် ၁၀ ဆ တိုးပေးကာ ခေါ်ယူဖို့ အသင့်ရှိနေကြောင်း သိရပါတယ်။ ဆော်ဒီပရိုလိဂ်ဟာ ပြီးခဲ့တဲ့ နွေရာသီကတည်းက ဗင်နီးစီးယပ်စ် ဂျူနီယာကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး၊ ကမ္ဘာ့စံချိန်တင် လစာနဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးကြောင်း သိရပါတယ်။ ဗင်နီးစီးယပ်စ်ဟာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီး အသင်း ဘက်ကလည်း အလွယ်တကူ လက်လွှတ်လိုခြင်းတော့ မရှိပါဘူး။ 

ဗင်နီးစီးယပ်စ်ဟာ လက်ရှိ ရီးရဲလ်မက်ဒရစ်မှာ တစ်နှစ် လုပ်ခ လစာ ယူရို ၂၀.၈၃ သန်းရရှိနေပြီးတော့ အကယ်၍ ဆော်ဒီပရိုလိဂ် ကသာ သူ့ရဲ့ လစာကို ၁၀ ဆ တိုးပေးခဲ့မယ် ဆိုရင်တော့ ယူရို သန်း ၂၀၀ ကျော် အထိ ရရှိမှာလည်း ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အသက် ၂၄ နှစ် အရွယ် ဘရာဇီးလ် ကစားသမားကို စာချုပ်သစ် ချုပ်ဆိုဖို့ စီစဉ်နေပေမယ့်လည်း ဆော်ဒီပရိုလိဂ် ကသာ မြောက်မြားတဲ့ ငွေကြေးပမာဏနဲ့ ကမ်းလှမ်းလာခဲ့ရင်တော့ လက်လွှတ်သွားဖွယ် ရှိနေကြောင်းလည်း သတင်းဖော်ပြမှုတွေ ရှိနေပါတယ်။ 

ဆော်ဒီပရိုလိဂ် ကလပ် အဲလ် အာလီ ကလည်း ယခင် ကတည်းက ဗင်နီးစီးယပ်စ် ဂျူနီယာကို အသည်းအသန် လိုချင်ခဲ့ပြီး စံချိန်တင် လစာပေးချေ ခေါ်ယူဖို့ပါ ရှိခဲ့တာ ဖြစ်ပါတယ်။
လာလီဂါမှာ လူမျိုးရေး ခွဲခြားခံနေရတဲ့ ဗင်နီးစီးယပ်စ်

ဒါ့အပြင် ဗင်နီးစီးယပ်စ်ဟာ လက်တလော လာလီဂါမှာ မကြာခဏ ဆိုသလို အသားအရောင် ခွဲခြားခံရတဲ့ ပြဿနာတွေနဲ့ ကြုံတွေ့နေရသူ ဖြစ်ပါတယ်။ ဒီအခြေအနေက ဗင်နီးစီးယပ်စ် အနေနဲ့ လာလီဂါ ကလပ်မှာ ဆုဖလား အောင်မြင်မှုတွေ၊ တစ်ဦးချင်း အောင်မြင်မှုတွေ ရနေပေမယ့်လည်း လိဂ် ပြောင်း ကစားဖွယ် ရှိနေတဲ့ အချက်လည်း ဖြစ်လာပါတယ်။

ရီးရဲလ်မက်ဒရစ် တိုက်စစ်မှာ ဗင်နီးစီးယပ်စ်နဲ့ အမ်ဘာပေး တို့က ကစားတဲ့ နေရာ ထပ်နေပြီးတော့ အမ်ဘာပေးကို အထောင် တိုက်စစ်မှူး အဖြစ် အသုံးပြုရာမှာ သိပ်ပြီး အဆင်မပြေ ဖြစ်နေပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ် တာဝန်ရှိတွေ ဗင်နီးစီးယပ်စ်နဲ့ အမ်ဘာပေး တို့ထဲ ကနေ တစ်ဦးဦးကို ရောင်းချဖို့ စီစဉ်နေပြီး ဗင်နီးစီးယပ်စ်အား ရောင်းထုတ်လိုသူတွေက ပိုများနေတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌ ပီရက်ဇ်ရဲ့ သားဖြစ်သူက ဗင်နီးစီးယပ်စ်ကို ဆော်ဒီပရိုလိဂ် ဘက်ကနေ ကမ်းလှမ်းလာရင် ရောင်းထုတ်ဖို့ တိုက်တွန်းခဲ့ကြောင်းလည်း စပိန် မီဒီယာတွေက ဖော်ပြခဲ့ပါသေးတယ်။   

ဆော်ဒီပရိုလိဂ် ကလပ် အဲလ် အာလီ ကလည်း ယခင် ကတည်းက ဗင်နီးစီးယပ်စ် ဂျူနီယာကို အသည်းအသန် လိုချင်ခဲ့ပြီး စံချိန်တင် လစာပေးချေ ခေါ်ယူဖို့ပါ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြောင်းရွှေ့ကြေး ကိုလည်း ယူရို သန်း ၄၀၀ နဲ့ ယူရိုသန်း ၅၀၀ ကြား ပေးချေဖို့ အဆင်သင့် ရှိနေကြောင်းလည်း သိရပါတယ်။ 

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်