နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆေးစစ်မှု မအောင်မြင်ခဲ့လို့ အဲလ်ဟီလယ် အတွက် ကစားပေးနိုင်ဦးမှာ မဟုတ်တဲ့ နေမာ | ဆော်ဒီပရိုလိဂ်

ဘရာဇီးလ် တိုက်စစ် ကစားသမား နေမာ ဂျူနီယာ ကတော့ ဆေးစစ်မှု မအောင်မြင်ခဲ့တာကြောင့် ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလယ် အတွက် ကစားပေးနိုင်ဦးမှာ မဟုတ်ပဲ နောက်ထပ် ၂ လ ထပ်မံ စောင့်ဆိုင်းရဖွယ် ရှိနေကြောင်း သိရပါတယ်။

လက်ရှိမှာ အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ နေမာက ဒူးအရွတ် စုတ်ပြဲတဲ့ ဒဏ်ရာ ရရှိထားတာကြောင့် ကာလရှည်ကြာ အနားယူနေရတာ ဖြစ်ပါတယ်။ လက်ရှိမှာ နေမာက ဆော်ဒီပရိုလိဂ် ကလပ်နဲ့ လေ့ကျင့်မှုတွေ ပြန်လည် လုပ်ဆောင်နိုင်ပြီ ဖြစ်ပေမယ့်လည်း ကြံ့ခိုင်မှု အတွက် ဆေးစစ်မှု ပြုလုပ်ရာမှာ ကျရှုံးခဲ့တာ ဖြစ်ပါတယ်။

နေမာဟာ ၂၀၂၃ နွေရာသီမှာ ပီအက်စ်ဂျီ ကနေ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလယ်ကို ယူရို သန်း ၉၀နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။ ဒီပြောင်းရွှေ့ကြေး ပမာဏဟာ ဆော်ဒီပရိုလိဂ်ရဲ့ တန်ဖိုး အကြီးဆုံး အဖြစ် မှတ်တမ်းလည်း ဝင်ခဲ့ပါတယ်။ အဲလ်ဟီလယ် အသင်းဟာ နေမာကို (၂) နှစ် စာချုပ်ချုပ်ဆိုခဲ့ပြီး လုပ်ခ လစာ အဖြစ် တစ်နှစ်ကို ယူရို သန်း ၁၅၀ ပေးချေခဲ့ရပါတယ်။ အဲဒီ လစာ ပမာဏမှာ ပီအက်စ်ဂျီမှာ ရရှိခဲ့တဲ့ လစာနှုန်းထားရဲ့ ၆ ဆ ဝန်းကျင် ဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း နေမာဟာ အဲလ်ဟီလယ် အတွက် ပြိုင်ပွဲစုံ ၅ ပွဲသာ ကစားခဲ့ပြီးနောက် ၂၀၂၃ အောက်တိုဘာမှာ ဘရာဇီးလ် လက်ရွေးစင် အသင်း အတွက် ယှဉ်ပြိုင်ကစားရင်း ဒူးအရွတ်စုတ်ပြဲ ဒဏ်ရာနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ဆော်ဒီပရိုလိဂ် မှာ ပြည်ပကစားသမား အရေအတွက်ကို ကန့်သတ်ထားတဲ့ အတွက် ဂျော့ဂျ် ဂျီးဆပ်စ်ဟာ ကြံ့ခိုင်မှု ပြည့်ဝတဲ့ ကစားသမားတွေ ကိုသာ စာရင်းသွင်းဖို့ ဆန္ဒရှိနေတာ ဖြစ်ကြောင်း သိရပါတယ်။
အဲလ်ဟီလယ် အတွက် ၅ ပွဲသာ ကစားထားရတဲ့ နေမာ

နေမာဟာ အဆိုပါ ဒဏ်ရာကြောင့် ၂၀၂၄ ကိုပါအမေရိကဖလား ပြိုင်ပွဲ ကိုလည်း လွဲချော်ခဲ့ရပါတယ်။ ယင်းဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး စက်တင်ဘာ ဒါမှမဟုတ် အောက်တိုဘာလ အတွင်း ပြန်လည် ကစားနိုင်မယ်လို့ မျှော်လင့်ခဲ့ပေမယ့်လည်း အခုအခါ မှာတော့ ဆေးစစ်မှု မအောင်မြင်တာကြောင့် နိုဝင်ဘာလ မတိုင်ခင် ပြန်လည် ကစားပေးနိုင်ဖွယ် မရှိကြောင်းဘူးလို့ သိရပါတယ်။ နေမာကို ဆေးစစ်မှု ပြုလုပ်ပေးခဲ့တဲ့ ကြံ့ခိုင်ရေး ပညာရှင်က နေမာရဲ့ ဒူးမှာ အားနည်းချက်တွေ ရှိနေဆဲ ဖြစ်ပြီး နေမာ အနေနဲ့လည်း သူ့ရဲ့ ဒူးအပေါ် ယုံကြည်ချက် နည်းပါးနေဆဲ ဖြစ်တဲ့ အတွက် ပြန်လည် ကစားပေးနိုင်ဖို့ မဖြစ်နိုင်သေးကြောင်း ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ အခုလို ထပ်မံ အနားယူရမယ့် အခြေအနေ ဖြစ်ပေါ်လာတဲ့ အတွက် အဲလ်ဟီလယ် နည်းပြ ဂျော့ဂျ် ဂျီးဆပ်စ်က ၎င်းကို ဇန်နဝါရီလအထိ အသင်းရဲ့ လူစာရင်းမှာ ထည့်သွင်းခြင်း မပြုဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။

ဆော်ဒီပရိုလိဂ် မှာ ပြည်ပကစားသမား အရေအတွက်ကို ကန့်သတ်ထားတဲ့ အတွက် ဂျော့ဂျ် ဂျီးဆပ်စ်ဟာ ကြံ့ခိုင်မှု ပြည့်ဝတဲ့ ကစားသမားတွေ ကိုသာ စာရင်းသွင်းဖို့ ဆန္ဒရှိနေတာ ဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း AFC ချန်ပီယံလိဂ် ပြိုင်ပွဲ အတွက် စာရင်းသွင်းရာ မှာတော့ နေမာကို ထည့်သွင်းသွားဖို့ ရှိနေကြောင်း သိရပါတယ်။ နေမာဟာ အခု နောက်ပိုင်း ကာလတွေမှာ ဒဏ်ရာ ပြဿနာတွေနဲ့ မကြာခဏ ရင်ဆိုင်နေရတဲ့ အတွက် ကစားသမားဘဝ အဆုံးသတ်နိုင်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်