နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အားမတန်ပေမယ့် မာန် မလျှော့သေးတဲ့ GOAT ကြီး ရော်နယ်ဒို | ဆော်ဒီပရိုလိဂ်

ပေါ်တူဂီ လက်ရွေးစင် အသင်းရဲ့ ဝါရင့် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို ကတော့ သူ့အနေနဲ့ လက်ရှိမှာ နိုင်ငံ လက်ရွေးစင် ကစားသမား ဘဝ ကနေ အနားယူဖို့ အစီအစဉ် မရှိကြောင်း ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။ ဒါပေမယ့် ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ တိုက်စစ်မှူး ရော်နယ်ဒိုက အနားယူရမယ့် အချိန်ကို ရောက်လာရင်တော့ ခက်ခက်ခဲခဲ ဆုံးဖြတ်စရာ မရှိကြောင်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၃၉ နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ပေါ်တူဂီ တိုက်စစ် ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒိုဟာ လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့ ပေါ်တူဂီနဲ့ ကာဇတ်စတန် တို့ ကစားခဲ့တဲ့ ပွဲစဉ်မှာ သူရဲ့ ပေါ်တူဂီ လက်ရွေးစင် ကစားသမားဘဝ ပွဲဦးထွက် အဖြစ် ပါဝင် ကစားခဲ့ပါတယ်။ အဲဒီ အချိန်က ရော်နယ်ဒိုဟာ အသက် ၁၈ နှစ် အရွယ်သာ ရှိနေသေးပြီး လက်ရှိ မှာတော့ ရော်နယ်ဒိုက ပေါ်တူဂီ လက်ရွေးစင် အသင်းနဲ့ အတူ နိုင်ငံတကာ ပွဲစဉ်ပေါင်း ၂၁၂ ပွဲ အထိ ပါဝင် ကစားထားခဲ့ပြီး ဖြစ်ပါတယ်။ ရော်နယ်ဒို အနေနဲ့ ကမ္ဘာ့ဘောလုံးလောကမှာ နိုင်ငံတကာ ပွဲစဉ် အများဆုံး ကစားထားနိုင်ခဲ့တဲ့ ကစားသမား အဖြစ် စံချိန်တင်ထားခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျာမနီမှာ ကျင်းပခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ကစားခဲ့တဲ့ ရော်နယ်ဒိုဟာ ယူရို ပြိုင်ပွဲ သမိုင်း တစ်လျှောက် ပွဲအများဆုံး ကစားထားနိုင်သူ အဖြစ်လည်း မှတ်တမ်းတင်ခံထားရသူ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ မှာလည်း ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ လက်ရှိ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ မှာလည်း ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။
ပေါ်တူဂီနဲ့ အတူ နေးရှင်းလိဂ် ကစားဖို့ ရှိနေတဲ့ ရော်နယ်ဒို

ပေါ်တူဂီနဲ့ အတူ ဥရောပ ဖလားနဲ့ နေးရှင်းလိဂ်ဖလားတွေ ရယူထားနိုင်ခဲ့တဲ့ ရော်နယ်ဒိုက လာမယ့် ၂၀၂၆ ခုနှစ် မှာ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကိုလည်း ပါဝင် ဆင်နွဲသွားဖို အစီအစဉ် ရှိနေပါတယ်။ လက်ရှိမှာလည်း ရော်နယ်ဒိုက လက်ရွေးစင် ကစားသမား ဘဝ ကနေ အနားယူသွားဖို့ အစီအစဉ် မရှိသေးပဲ ဆက်လက် ကစားသွားဖို့သာ ဆန္ဒရှိနေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သတ်လို့ ရော်နယ်ဒိုက “အချိန်ကျလာတဲ့ အခါကျရင်တော့ ကျွန်တော် အနားယူသွားပါမယ်။ ဒါဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက် တစ်ခုတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီအသင်း အတွက် ကျွန်တော် ဘာမှ မကူညီပေးနိုင်တော့ဘူးလို့ ခံစားမိလာရပြီ ဆိုရင်တော့ ကျွန်တော် ပထမဆုံး ထွက်ခွာသွားမှာပါ။” လို့ ရော်နယ်ဒိုက အတိအလင်း ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိ မှာတော့ ရော်နယ်ဒိုက ဆော်ဒီပရိုလိဂ် ပွဲစဉ်တွေ ခဏနားထားတဲ့ International Break ကာလမှာ ပေါ်တူဂီနဲ့ အတူ UEFA နေးရှင်းလိဂ် အုပ်စု ပွဲစဉ်တွေကို ပါဝင် ကစားသွားဖို့ ရှိနေပါတယ်။ ဒါ့အပြင် ပေါ်တူဂီ တိုက်စစ်မှူးကြီးက အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့ ၃ နိုင်ငံ ပူးတွဲ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး ကိုလည်း ပါဝင်ဆင်နွဲသွားဖို့ ရည်ရွယ်ချက်လည်း ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်