နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပီအိုလီနဲ့ သတင်းတွေ ထွက်လာပြန်တဲ့ အဲလ်နာဆာ | ဆော်ဒီပရိုလိဂ်

ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ ကတော့ နည်းပြ အပြောင်းအလဲ လုပ်ဆောင်ဖို့ ရှိနေပြီးတော့ အစောပိုင်းမှာ ဇနက်ဒင် ဇီဒန်းကို ချိန်ရွယ်နေခဲ့တာပါ။ ဒါပေမယ့်လည်း လက်ရှိမှာတော့ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အဲလ်နာဆာက အသင်း လက်မဲ့ ဖြစ်နေတဲ့ အေစီမီလန် နည်းပြဟောင်း စတက်ဖနို ပီအိုလီကို အသင်း နည်းပြသစ် အဖြစ် ခန့်အပ်သွားဖို့ ရှိနေတယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာရဲ့ လက်ရှိ နည်းပြ လူးဝစ္စ ကက်စထရိုဟာ ပြီးခဲ့တဲ့ ရာသီကမှ အသင်းကို စတင် ကိုင်တွယ်ခဲ့ပြီး အာရပ်ကလပ် ချန်ပီယံ ဆုဖလား ရယူပေးနိုင်ခဲ့သူပါ။ ဒါပေမယ့် သူက ဆော်ဒီပရိုလိဂ် အပါအဝင် ပြိုင်ပွဲတိုင်းမှာ အဲလ်ဟီလယ်ကို မယှဉ်နိုင်ပဲ ဆုဖလားတွေကို လက်လွှတ်ထားခဲ့ရပါတယ်။ ဒါ့အပြင် အခုရာသီအစ မှာလည်း ဆော်ဒီစူပါဖလား ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်မှာ အဲလ်ဟီလယ် ကို ၄-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဒီရှုံးပွဲက နည်းပြ ကက်စထရိုရဲ့ နည်းပြ ထိုင်ခုံကို တော်တော်လေး လှုပ်ခတ်သွားစေခဲ့ပါတယ်။ ဒါကြောင့် အဲလ်နာဆာ ကတော့ နည်းပြ တော်တော်များများနဲ့ သတင်းတွေ ထွက်နေခဲ့ပြီးတော့ အခုလည်း နည်းပြ ပီအိုလီ နဲ့ပါ သတင်းတွေ ထွက်နေခဲ့ပါတယ်။

အသက် ၅၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အီတလီ လူမျိုး နည်းပြ စတက်ဖီနို ပီအိုလီဟာ အီတလီ ကလပ်ပေါင်း များစွာကို ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပြီးတော့ အေစီမီလန် နည်းပြ အဖြစ် တာဝန်ယူ ဆောင်ရွက်နေစဉ် အချိန် အတွင်း မှာလည်း အီတလီ စီးရီးအေ ချန်ပီယံဆု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ပီအိုလီဟာ ပြီးခဲ့တဲ့ မေလ ကမှ အေစီမီလန်နဲ့ လမ်းခွဲထားခဲ့တာ ဖြစ်ပြီး လက်ရှိမှာ အသင်း လက်မဲ့ ဖြစ်နေတဲ့ သူ့ကို အဲလ်နာဆာက စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ပီအိုလီက ပုံရိပ်မြင့်မားတဲ့ နည်းပြ တစ်ဦး မဟုတ်ပေမယ့်လည်း သူရဲ့ နည်းပြ အတွေ့အကြုံက အတော်လေး များပြားနေသလို လက်ရှိ အဲလ်နာဆာရဲ့ နည်းပြထက်လည်း နည်းဗျူဟာပိုင်းက ပိုမို ကောင်းမွန် သာလွန်နေသူ ဖြစ်ပါတယ်။

အဲလ်နာဆာဟာ လာမယ့် ပွဲစဉ်မှာ အဲလ်အာလီလို တောင့်တင်းတဲ့ အသင်းကောင်း တစ်သင်းနဲ့ ရင်ဆိုင်သွားရဖို့ ရှိနေပြီးတော့ အဲ့ဒီ ပွဲမှာသာ အဲလ်နာဆာ အနေနဲ့ ရလဒ်တွေ ဆိုးခဲ့မယ် ဆိုရင်တော့ နည်းပြ ကက်စထရို အနေနဲ့ ရာထူး ကနေ ထုတ်ပယ်ခံရဖွယ် ရှိနေပါတယ်။ ဒါ့ကြောင့် ဆော်ဒီပရိုလိဂ် ကလပ်ဟာ သူ့တို့ အသင်းရဲ့ နည်းပြ နေရာ အတွက် အဆင်သင့် ခန့်အပ်နိုင်အောင် ရှာဖွေထားတဲ့ သဘောမှာ ရှိနေတာ ဖြစ်ပါတယ်။ အဲလ်နာဆာဟာ ကတ်စ်ထရိုရဲ့ နေရာ မှာလည်း ပီအိုလီ သို့မဟုတ် ပေါ်တို နည်းပြဟောင်း ဆာဂျီယို ကွန်ဆီကာအိုနဲ့လည်း အစားထိုးလာနိုင်ကြောင်း သတင်းတွေ ထွက်နေပါသေးတယ်။

အဲလ်နာဆာဟာ ဒီရာသီ ဆော်ဒီပရိုလိဂ် မှာ ၂ ပွဲ ကစားထားရာ ၁ ပွဲနိုင်၊ ၁ ပွဲ သရေ ရမှတ် ၄ မှတ်နဲ့ အဆင့် ၅ နေရမှာ ရှိနေခဲ့ပါတယ်။ မဟာ ပြိုင်ဘက် အဲလ်ဟီလယ် ကတော့ ၂ ပွဲ ကစား ၂ ပွဲနိုင်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်လျက် ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်