နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရာဖင်ညာနဲ့ ဘာစီလိုနာ မငြင်းနိုင်မယ့် ငွေကြေးမျိုးနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေတဲ့ အဲလ်အစ်တီဟတ် | ဆော်ဒီပရိုလိဂ်

ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အစ်တီဟတ် ကတော့ ဘာစီလိုနာ တောင်ပံ ကစားသမား ရာဖင်ညာကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ရာဖင်ညာ ကတော့ ဘာစီလိုနာမှာ ခြေစွမ်းပြနေတဲ့ ကစားသမား ဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့ လပိုင်းကတည်းက ဆော်ဒီပရိုလိဂ် ကလပ် တချို့က ခေါ်ယူဖို့ အတွက် စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၇ နှစ် အရွယ် ရာဖင်ညာ ကတော့ လက်ရှိ ရာသီမှာ ဘာစီလိုနာ အတွက် မရှိမဖြစ် ကစားသမား အဖြစ် ခြေစွမ်းပြနေပြီး ဂိုးတွေလည်း ဆက်တိုက် သွင်းယူနေတာ ဖြစ်ပါတယ်။ ရာဖင်ညာ အနေနဲ့ ဒီရာသီ ပြိုင်ပွဲစုံမှာ ၂၁ ပွဲ ကစားပြီး ၁၆ ဂိုး သွင်းယူထားနိုင်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာ အနေနဲ့ ငွေကြေး လိုအပ်ချက် ရှိနေတဲ့ အတွက် ဘရာဇီးလ်သားကို ဆော်ဒီပရိုလိဂ်ဆီ ရောင်းထုတ်ဖို့ လိုလားနေကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ မှာတော့ ဆော်ဒီပရိုလိဂ် ထိပ်သီး ကလပ် အဲလ်အစ်တီဟတ်က ဘာစီလိုနာရော ရာဖင်ညာပါ ငြင်းပယ်ရ ခက်စေမယ့် ပမာဏနဲ့ ကမ်းလှမ်းဖွယ် ရှိနေကြောင်း သိရပါတယ်။ လက်ရှိ အချိန်ထိတော့ အဲလ်အစ်တီဟတ်က ရာဖင်ညာ အတွက် ပြောင်းရွှေ့ကြေး ဘယ်လောက်အထိ အသုံးပြုသွားမလဲ ဆိုတာတော့ အတိအကျ မသိရသေးပါဘူ။

ဒါပေမယ့်လည်း ဘာစီလိုနာ အနေနဲ့ ငွေကြေး လိုအပ်ချက် ရှိနေတဲ့ အတွက် ဘရာဇီးလ်သားကို ဆော်ဒီပရိုလိဂ်ဆီ ရောင်းထုတ်ဖို့ လိုလားနေကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။
ရာဖင်ညာကို ရောင်းထုတ်သွားဖွယ် ရှိနေတဲ့ ဘာစီလိုနာ

ကတ်တာလန် အခြေစိုက် ကလပ် ဘာစီလိုနာဟာ ဘရာဇီးလ် တောင်ပံ ကစားသမား ရာဖင်ညာကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နွေရာသီမှာ လိဒ်စ်ယူနိုက်တက် ကနေ ယူရို ၅၈ သန်းနဲ့ ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။ ရာဖင်ညာက ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလတွေ မှာလည်း ဘာစီလိုနာရဲ့ ရောင်းထုတ်မယ့် ကစားသမား စာရင်းမှာ အမြဲတမ်း ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ ရာဖင်ညာဟာ ဒီရာသီ လာလီဂါမှာ ၁၆ ပွဲ ကစားပြီး ၁၁ ဂိုး သွင်းကာ ဂိုးဖန်တီးမှုလည်း ၆ ကြိမ် အထိ ပြုလုပ်ထားပါတယ်။ ပြိုင်ပွဲစုံ မှာတော့ ရာဖင်ညာက ၂၁ ပွဲ အထိ ကစားကာ ၁၆ ဂိုး သွင်းယူပေးထားတာ ဖြစ်ပါတယ်။

ဘာစီလိုနာဟာ လာမယ့် ၂၀၂၅ နွေရာသီ အပြောင်းအရွှေ့မှာ မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပြီး အသင်းမှာ ရှိတဲ့ ကစားသမားတွေကို ရောင်းထုတ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ အကယ်၍ ဟာလန်းကို ခေါ်ယူဖို့ အတွက် ဆိုရင် ပြောင်းရွှေ့ကြေး အမြောက်အမြား လိုအပ်မှာ ဖြစ်ပြီးတော့ ရာဖင်ညာ အတွက် ကိုတော့ ယူရို သန်း ၁၀၀ လောက်နဲ့ ကမ်းလှမ်းလာရင် လက်ခံသွားဖွယ်ရှိကြောင်း သတင်းတွေက ဖော်ပြနေတာ ဖြစ်ပါတယ်။ ရာဖင်ညာဟာ ဗစ်တိုးရီးယား ဒီဂီမာရေ့စ် အသင်းမှာ ကစားသမားဘဝ စတင်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၈/၁၉ ဘောလုံးရာသီမှာ စပို့တင်းလစ္စဘွန်းကို ရောက်ရှိခဲ့ပြီး ၂၀၁၉/၂၀၂၀ မှာတော့ ရန်းစ်မှာ ကစားခဲ့ပါတယ်။ အဲ့ဒီကနေမှ လိဒ်စ်ယူနိုက်တက်က ခေါ်ယူခဲ့ပြီး ရာဖင်ညာက ပရီးမီးယားလိဂ် မှာလည်း ဆက်လက် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ၂၀၂၂ မှာတော့ ရာဖင်ညာကို ခေါ်ယူချင်တဲ့ ထိပ်တန်း အသင်းတွေ များပြားလာခဲ့ပြီးတော့ ဘရာဇီးလ်သားက ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်