နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ရာဖင်ညာနဲ့ ချိတ်ဆက်မှုတွေ ရှိနေတယ် ဆိုတဲ့ သတင်းတွေကို တုံ့ပြန်လိုက်တဲ့ အဲလ်ဟီလာ | ဆော်ဒီပရိုလိဂ်

ဘာစီလိုနာ တောင်ပံ ကစားသမား ရာဖင်ညာ ကတော့ လက်တလောမှာ သူ့ရဲ့ ကလပ်မှာ ဆက်ရှိနေဖို့ မသေချာ ဖြစ်နေကြောင်း သတင်းတွေ ရုတ်တရက် ထွက်ပေါ်လာပါတယ်။ ဆော်ဒီပရိုလိဂ် ကလပ်၊ အထူးသဖြင့် ဆိုင်မွန် အင်ဇာဂီရဲ့ အဲလ်ဟီလာ အသင်းက သူ့ကို စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အင်ဇာဂီရဲ့ အေးဂျင့် ကတော့ အဲဒီသတင်းတွေကို ပြတ်ပြတ်သားသား ငြင်းဆိုထားပါတယ်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ရာဖင်ညာ အတွက် ဆော်ဒီပရိုလိဂ်မှ ယူရို သန်း ၉၀ တန်ကြေး ရှိတဲ့ ကမ်းလှမ်းမှု တစ်ခု ရောက်ရှိလာဖွယ် ရှိနေပြီး အဲလ်ဟီလာက ပစ်မှတ်ထားနေကြောင်း သတင်းတွေမှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒါပေမယ့်လည်း အင်ဇာဂီရဲ့ အေးဂျင့် ဖြစ်သူ ဖက်ဒရီကို ပါစတိုရယ်လို က အီတလီ နည်းပြ အနေနဲ့ ဘာစီလိုနာ တောင်ပံကစားသမားကို ခေါ်ယူဖို့ မစဉ်းစားထားကြောင်း လူသိရှင်ကြား ငြင်းဆိုခဲ့ပါတယ်။

“နောက်ဆုံး ရရှိလာတဲ့ သတင်းတွေမှာ ပြောနေကြသလိုပဲ အင်ဇာဂီက ရာဖင်ညာကို ခေါ်ယူဖို့ မတောင်းဆိုထားပါဘူး။” လို့ ပါစတိုရယ်လိုက SPORT သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ “အင်ဇာဂီက ရာသီကုန်တဲ့ အထိ ကစားသမားသစ် ခေါ်ယူရေး သို့မဟုတ် အသင်း ကနေ ထွက်ခွာမယ့် ကစားသမား စာရင်းကိစ္စတွေကို ရွှေ့ဆိုင်းထားဖို့ ဆုံးဖြတ်ထားပါတယ်။ အမှန်တကယ်တော့ အင်ဇာဂီ အနေနဲ့ ရာသီရဲ့ အဆုံးသတ်ပိုင်းမှာ အာရုံစိုက်နေရတဲ့ အသင်း (အဲလ်ဟီလာ) ကို အပြောင်းအရွှေ့ ဈေးကွက် ကိစ္စတွေနဲ့ အနှောင့်အယှက် မဖြစ်စေချင်ပါဘူး။” လို့ ဆိုပါတယ်။ 

 

ဘာစီလိုနာနဲ့ ရာဖင်ညာတို့က ဘာကြောင့် ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့ဖို့ စဉ်းစားနိုင်သလဲ

ရာဖင်ညာ ကတော့ မကြာသေးခင် ကမှ ဆော်ဒီပရိုလိဂ်ဆီ ပြောင်းရွှေ့ဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေသူပါ။ ဒါပေမယ့်လည်း အခုတော့ ဘရာဇီးလ်သာက သူ့ရဲ့ အနာဂတ်ကို ပြန်လည် သုံးသပ်နေကြောင်းနဲ့ ဘာစီလိုနာ အသင်းထံ ကိုလည်း အကြောင်းကြားထားကြောင်း SPORT က ဖော်ပြခဲ့ပါတယ်။

ရာဖင်ညာဟာ ပြီးခဲ့တဲ့နွေရာသီကမှ လာလီဂါ ကလပ်နဲ့ ၂၀၂၈ ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုထားသူ ဖြစ်ပါတယ်။ ရာဖင်ညာဟာ ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာ အတွက် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုပေါင်း ၅၉ ကြိမ် အထိ ပါဝင်ပတ်သက်ခဲ့ပြီး ဘယ်လွန်ဒေါဆု အတွက် အဓိက လျာထားခြင်း ခံခဲ့ရပြီး အကောင်းဆုံး ရာသီကို ပိုင်ဆိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီရာသီမှာတော့ ဒဏ်ရာ ပြဿနာတွေကြောင့် ရာဖင်ညာ တစ်ယောက် ရုန်းကန်နေခဲ့ရပါတယ်။ ပေါင်ကြွက်သား ဒဏ်ရာ နှစ်ကြိမ် ရရှိခဲ့ပြီး တစ်လကျော်ကြာ ကစားနိုင်ခဲ့ခြင်း မရှိခဲ့သလို၊ ဒုတိယအကြိမ် ဒဏ်ရာရချိန် မှာလည်း အဆိုးရွားဆုံး အချိန်နဲ့ တိုက်ဆိုင်နေခဲ့ပါတယ်။ ဘာစီလိုနာ အသင်း ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရချိန်မှာ သူက ကွင်းဘေးနား ကနေ ထိုင်ကြည့်ရှုနေရုံသာ တတ်နိုင်ခဲ့ပါတယ်။ တစ်ကိုယ်တော် စွမ်းဆောင်ရည်အရလည်း ယမန်နှစ်ကထက် လျော့နည်းသွားပြီး ၂၀၂၄-၂၅ ရာသီကထက် တစ်ဝက်ကျော် လျော့နည်းတဲ့ ဂိုးပါဝင် ပတ်သတ်မှု ၂၇ ကြိမ်သာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ရာဖင်ညာ အတွက် ဆော်ဒီပရိုလိဂ်မှ စိတ်ဝင်စားမှုဟာ ဝင်ငွေ အများဆုံး ရရှိနိုင်မယ့် လမ်းကြောင်း တစ်ခု ဖြစ်နိုင်ပါတယ်။
ကတ်တာလန် ကလပ် မှာသာ ကစားသမားဘဝကို ဖြတ်သန်းချင်နေသေးတဲ့ ရာဖင်ညာ

ဘာစီလိုနာ အနေနဲ့ ရာဖင်ညာ ဆီကနေ အကျိုးအမြတ် ပြန်လည် ရယူလိုရင်တော့ ကစားသမားရဲ့ တန်ကြေး မြင့်မားနေဆဲ ဖြစ်တဲ့ ဒီနွေရာသီမှာ ရောင်းထုတ်ဖို့က အကောင်းဆုံး အခွင့်အရေး ဖြစ်ပါလိမ့်မယ်။ ဘရာဇီးလ်သားဟာ ဒီဇင်ဘာလမှာ အသက် ၃၀ ပြည့်တော့မှာ ဖြစ်ပြီး ၂၀၂၆-၂၇ ရာသီ မှာလည်း ဒဏ်ရာ ပြဿနာတွေ ဆက်ရှိနေဦးမယ် ဆိုရင်တော့ နောက်နှစ်မှာ သူ့ရဲ့ တန်ကြေးက သိသိသာသာ ကျဆင်းသွားနိုင်ပါတယ်။

ရာဖင်ညာ အတွက် ဆော်ဒီပရိုလိဂ်မှ စိတ်ဝင်စားမှုဟာ ဝင်ငွေ အများဆုံး ရရှိနိုင်မယ့် လမ်းကြောင်း တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း အဲလ်ဟီလာက အပြောင်းအရွှေ့ သတင်းတွေကို ငြင်းဆိုထားတဲ့ အပြင် ကစားသမား ကိုယ်တိုင် ကလည်း လက်ရှိ အသင်းမှာပဲ ဆက်ရှိနေလိုပုံ ရပါတယ်။

 

ဘာစီလိုနာမှာ ဆက်ရှိနေလိုတဲ့ ရာဖင်ညာ

ရာဖင်ညာဟာ ဒီနွေရာသီမှာ ဘာစီလိုနာ ကနေ ထွက်ခွာဖို့ စဉ်းစားနေတယ် ဆိုတဲ့ ကောလာဟလတွေ ရှိနေပေမယ့်လည်း၊ MARCA ကတော့ ဘယ်လို ကမ်းလှမ်းမှုပဲ ရောက်လာပါစေ ဘရာဇီးလ်သားဟာ ကတ်တလန် မှာသာ သူ့ရဲ့ ကစားသမား ဘဝကို ဆက်လက် ဖြတ်သန်းလိုနေကြောင်း ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ် အတွင်း ရာဖင်ညာဟာ လူအများစု အသင်း ကနေ ထွက်ခွာစေချင်တဲ့ ကစားသမား ဘဝ ကနေ ပရိသတ် အချစ်တော်နဲ့ ကြံ့ခိုင်မှု ကောင်းရင် ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်လာနိုင်တဲ့ အခြေအနေကို ရောက်ခဲ့ပါတယ်။ နည်းပြ ဟန်ဆီ ဖလစ်ခ်က ဘရာဇီးလ်သားရဲ့ ကစားသမား ဘဝကို အသက်ပြန်သွင်းပေးခဲ့ပြီး သူဟာ ဘာစီလိုနာရဲ့ အနာဂတ် စီမံကိန်းမှာ အဓိက နေရာက ပါဝင်နေဆဲ ဖြစ်ပါတယ်။

သေချာတာ ကတော့ ရာဖင်ညာရဲ့ အနာဂတ်နဲ့ ပတ်သတ်တဲ့ ကောလာဟလတွေ နွေရာသီတစ်လျှောက် ဆက်လက် ထွက်ပေါ်နေဦးမှာ ဖြစ်ပေမယ့်လည်း လက်ရှိအချိန်တော့ ခိုင်မာမှု မရှိသေးပါဘူး။ ၂၀၂၆-၂၇ ရာသီ မှာလည်း ၂၉ နှစ် အရွယ် ရာဖင်ညာက နည်းပြ ဟန်ဆီ ဖလစ်ခ်ရဲ့ ပွဲထွက် လူစာရင်းမှာ အဓိက နေရာ ကနေ ဆက်လက် ပါဝင်ဖို့ ရှိနေဦးမှာ သေချာပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်