နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကက်စ်မဲရိုးကို စိတ်ဝင်စားနေတဲ့ ဆော်ဒီပရိုလိဂ် ကလပ် ၃ ခု၊ ဒေါက်ဂလပ်စ် လူးဝစ်ကို စိတ်ဝင်စားနေသေးတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် အပါအဝင် ဥရောပထိပ်သီးလိဂ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဆက်လက် စုစည်း ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ကက်စ်မဲရိုး ကိုတော့ ဆော်ဒီပရိုလိဂ် ကလပ်တွေ ဖြစ်တဲ့ အဲလ်နာဆာ၊ အဲလ် အာလီ၊ အဲလ်ကာဆီဒီယာ တို့က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ကက်စ်မဲရိုးဟာ လာမယ့် နွေရာသီမှာ ယူနိုက်တက် ကနေ ထွက်ခွာမယ်လို့ သတင်းတွေ ထွက်နေသူ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ ပီအက်စ်ဂျီက သူတို့ရဲ့ ကစားသမားဟောင်း အာချက်ဖ် ဟာခီမီကို ပြန်လည် ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ မော်ရိုကို လက်ရွေးစင် ကစားသမားဟာ ၂၀၂၆ ခုနှစ် အထိ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေပေမယ့်လည်း စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေတော့ ပြုလုပ်ရခြင်း မရှိသေးပါဘူး။

ချဲလ်ဆီး အသင်း ကတော့ လိဒ်စ်ယူနိုက်တက် တောင်ပံကစားသမား ခရိုင်ဆန်စီယို ဆမ်းမားဗီးလ်ကို စိတ်ဝင်စားနေတဲ့ ပရီးမီးယားလိဂ် အသင်းတွေထဲမှာ ပါဝင်လာခဲ့ပြီလို့ သိရပါတယ်။ ဒီနယ်သာလန် ကစားသမားကို လစ်ဗာပူးလ် ကလည်း နယ်သာလန် ကစားသမားကို ချိတ်ဆက်နေတယ်လို့ သိရသည်။

လစ်ဗာပူးလ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့က စောင့်ကြည့်နေတဲ့ အီဒါဆန်ကို ခေါ်ယူနိုင်ရေး အတွက် ဘာစီလိုနာ ကလည်း အတ္တလန္တာ အသင်းထံ ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။

မန်ချက်စတာစီးတီး ကတော့ ဝုဗ် တောင်ပံ ကစားသမားကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဒီကစားသမားဟာ အက်တီဟတ်ကို ပြောင်းရွှေ့ဖို့ အတွက် ဝုဗ်ထံ ကိုယ်တိုင် တောင်းဆိုသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

လစ်ဗာပူးလ် ကတော့ ပေါင်သန်း 60 တန်ကြေး ရှိသော ကွင်းလယ်လူ အလန် ဗာရီလာကို ခေါ်ယူဖို့ ပေါ်တို အသင်းထံ စုံစမ်းမေးမြန်းထားတယ်လို့ သိရပါတယ်။ ဒီကစားသမားကို ဘေယန်မြူးနစ်နဲ့ မန်စီးတီး တို့ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

အာဆင်နယ် အသင်း ကတော့ ဒေါက်ဂလပ်စ် လူးဝစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေသေးပေမယ့် ကစားသမား ကတော့ အက်စတွန်ဗီလာ ကနေ ရုန်းထွက်ဖို့ ခက်ခဲနေကြောင်း သိရပါတယ်။

နယူးကာဆယ် ကတော့ အာဆင်နယ် ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ကို ပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် အာဆင်နယ် ဘက်က ပယ်ချလိုက်တယ်လို့ သိရပါတယ်။ ဒါကြောင့် နယူးကာဆယ် အနေနဲ့ ရမ်းစ်ဒေးလ်ထက် ဈေးပိုသက်သာမယ့် ဘန်လေ ဂိုးသမား ဂျိမ်းစ် ထရက်ဖို့ဒ်ကို ပြောင်းလဲ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

တော့တင်ဟမ်ဟော့စပါး အသင်း ကတော့ ၂၀၂၄/၂၅ ဘောလုံးရာသီ အတွက် တိုက်စစ်မှူးသစ် တစ်ဦး ခေါ်ယူဖို့ ကြိုးပမ်းနေသလို လိုက်ပ်ဇစ် ကနေ အငှားနဲ့ လာကစားနေတဲ့ တီမိုဗာနာ ကိုလည်း တစ်ရာသီ စာချုပ်သက်တမ်းတိုး လိုက်ပြီ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ရစ်ချာလီဆင် အသင်းပြောင်းရွှေ့ဖို့ စီစဉ်နေတယ် ဆိုတဲ့ သတင်းတွေကို အမှားတွေ ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ထွက်ခွာဖို့ အစီအစဉ် မရှိကြောင်းလည်း အခိုင်အမာ ဖွင့်ဟခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်