နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ် နိုင်ပွဲဆက်မယ့် ဘေယန်မြူးနစ်ဘက်မှာပဲ ရပ်တည်ပါ – ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်

ဆဲလ်ဘာဂ် vs ဘေယန်မြူးနစ်

ချန်ပီယံလိဂ် အုပ်စု A က ဆဲလ်ဘာဂ် နဲ့ ဘေယန်မြူးနစ် တို့ရဲ့ ပွဲစဉ်ဟာလည်း SBOTOP ဘောလုံး ဝါသနာရှင်တွေ အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။ လက်ရှိအုပ်စု A ရဲ့ အမှတ်ပေးဇယား အဆင့် ၁နဲ့ ၃ မှာ ရပ်တည်နေတဲ့ အသင်းနှစ်သင်း ထိပ်တိုက် တွေ့ဆုံမှု ဖြစ်ပြီး ဘေယန်မြူးနစ်တို့ ရမှတ်လိုအပ်နေတဲ့ ဆဲလ်ဘာဂ်ရဲ့ အိမ်ကွင်းမှာ သွားရောက် ကစားရဖို့ရှိနေလို့ အကြိတ်အနယ်ရှိမယ့် ပွဲကောင်းတစ်ပွဲ ဖြစ်လာဦးမှာပါ။

ဘေယန်မြူးနစ်ကတော့ လက်ရှိ ချန်ပီယံလိဂ် အုပ်စု A မှာ နှစ်ပွဲ ကစား ၂ ပွဲစလုံး အနိုင်ရထားပြီး ရမှတ် ၆ မှတ်နဲ့ နောက်တစ်ဆင့် တက်ဖို့ အခြေအနေ ကောင်းနေပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ လိုကိုမိုးတစ်ဗ်‌ မော်စကို ကို အဝေးကွင်းမှာ သွားကစားခဲ့ရလို့ ရုံးကန်ခဲ့ရတယ် ဆိုပေမယ့် လက်ရှိ ချန်ပီယံ ဆိုတဲ့ ဂုဏ်သိက္ခာနဲ့ အညီ အနိုင် ၃ မှတ် ကိုတော့ မရရအောင် ယူနိုင်ခဲ့ပါတယ်။ ဘေယန်မြူးနစ်တို့ ပြီးခဲ့တဲ့ ပွဲမှာ ရုရှားမြေကို သွား ကစားခဲ့ရသလို အခုပွဲမှာလည်း ဆဲလ်ဘာဂ်ရဲ့ အိမ်ကွင်း ဩစတြီးယားမြေမှာ သွားကစား ရဦးမှာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ်တို့ နောက်ဆုံး ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာ ကိုလုံး အသင်းကို မူလာ၊ ဂနာဘရီတို့ ရဲ့ သွင်းဂိုးတွေ နဲ့ အဝေးကွင်းမှာ အနိုင်ရ ထားပါတယ်။ ချန်ပီယံလိဂ် မှာ ၁၃ ပွဲ ဆက်တိုက် အနိုင်ရရှိ ထားပြီး အခုပွဲမှာလည်း စံချိန်ကောင်းတစ်ရပ် ထပ်ပြီး ပိုင်ဆိုင်နိုင်ဖို့ ဂျာမန်ဘီလူးတို့ အာရုံစိုက် လာဦး မှာ သေချာပါတယ်။ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၂ မှာ ဟော့ဖန်ဟိမ်းကို မထင်မှတ်ပဲ ဂိုးပြတ် ရှုံးခဲ့တဲ့ပွဲ ကလွဲလို့ ဘေယန်မြူးနစ် တို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ကတည်းက ရှုံးပွဲ မရှိသေးသလို တောက်လျောက် နိုင်ပွဲ ဆက်နေတယ် ဆိုလည်း မမှားပါဘူး။ ဘေယန်မြူးနစ်တို့ ပွဲပန်းနေတယ် ဆိုပေမယ့် နည်းပြ ဟန်ဆီ ဖလစ်ခ်ရဲ့ ကမ္ဘာ့အကောင်းဆုံး အသင်းကတော့ အဝေးကွင်း မှာ နိုင်ပွဲတစ်ပွဲ ရှာဖွေနိုင်စွမ်း ရှိနေတယ် ဆိုတာ သံသယဖြစ်ဖွယ် မရှိပါဘူး။ ဒဏ်ရာရ/ပွဲပယ် ကစားသမား စာရင်းကို ကြည့်မယ် ဆိုရင် အဲလ်ဖွန်ဆို ဒေးဗီးစ် တစ်ယောက်ပဲ ဒဏ်ရာ ပြဿနာ ရှိနေပါတယ်။ ဒါပေမယ့် ဘယ်နောက်ခံလူ နေရာ အတွက် လူးကပ်စ် ဟာနန်ဒက်စ် အကောင်းဆုံး ကစားထားနိုင်တာ တွေ့ရပါတယ်။

 
ခြေစွမ်း ထက်မြက်နေတဲ့ ဆဲလ်ဘာဂ် ကတော့ အခုနှစ် ချန်ပီယံလိဂ် ပွဲဦးထွက် နှစ်ပွဲမှာ ၁ ပွဲသရေ၊ ၁ ပွဲ ရှုံးပြီး ရမှတ် ၁ မှတ်သာ ရထားလို့ နောက်တစ်ဆင့် တက်ဖို့ အရေးကြီးတဲ့ အချိန်ကို ရောက်နေ ခဲ့ပါပြီ။ ပြီးခဲ့တဲ့ အဖွင့်ပွဲမှာ လိုကိုမိုးတစ်ဗ် မော်စကို ကို သရေကျ ခဲ့သလို ဒုတိယပွဲမှာလည်း အက်သလက်တီကို မက်ဒရစ်ရဲ့ ကွင်းမှာ ခြေစွမ်းပြပြီး အနိမ့်ဆုံး သရေ တစ်မှတ်နဲ့ ထိုက်တန်ခဲ့ပေမယ့် အက်သလက်တီကို က ဂျာအိုဖီးလစ်ရဲ့ ပွဲပြီးခါနီး အနိုင်ဂိုးကြောင့် ရမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရ ပါတယ်။ လက်ရှိ ဩစတြီးယား ပြည်တွင်းလိဂ်မှာ ၆ ပွဲကစားပြီး ၆ ပွဲစလုံး အနိုင်ရထားတဲ့ ဆဲလ်ဘာဂ် တို့ ချန်ပီယံလိဂ် မှာတော့ နိုင်ပွဲတစ်ပွဲရဖို့ ရုံးကန်နေရဆဲပါ။ လာမယ့် ဘေယန်မြူးနစ်နဲ့ ပွဲမှာ အဓိက တိုက်စစ်မှူး ပက်စတန်ဒါကာ ပါဝင်လာနိုင်ဖို့ မသေချာပေမယ့် ဘာရီရှာ၊ ကာမာရာ၊ ဒိုမီနစ်ခ် ဇိုဘိုဇ်လိုင် တို့ကတော့ ပွဲထွက် လူစာရင်းမှာ ပါဝင်လာဖို့ ရှိနေပါတယ်။

ချန်ပီယံလိဂ် ပွဲဦးထွက် နှစ်ပွဲမှာ ၁ ပွဲသရေ၊ ၁ ပွဲ ရှုံးပြီး ရမှတ် ၁ မှတ်သာ ရထားလို့ နောက်တစ်ဆင့် တက်ဖို့ အရေးကြီးတဲ့ အချိန်ကို ရောက်နေ ခဲ့ပါပြီ။
ပြီးခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ အက်သလက်တီကို မက်ဒရစ်ကို ၃-၂ နဲ့ ရှုံးနိမ့်ထားတဲ့ ဆဲလ်ဘာဂ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ချန်ပီယံလိဂ် အပါအဝင် အဓိက ပြိုင်ပွဲတွေမှာ လုံးဝ ထိပ်တိုက် တွေ့ဆုံထားခြင်း မရှိပါဘူး။ ၂၀၁၄ ခုနှစ် တုန်းက ကစားခဲ့တဲ့ ကလပ် အချင်းချင်း ခြေစွမ်းပွဲမှာတော့ ဆဲလ်ဘာဂ်က ဘေယန်မြူးနစ် ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရထားတဲ့ မှတ်တမ်း ရှိထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဆဲလ်ဘာဂ် ss ဘေယန်မြူးနစ် 1X2 ဘေယန်မြူးနစ် @ 1.34
နိုဝင်ဘာလ ၄ ရက်, မနက် ၂:၃၀ နာရီ (GMT + ၆:၃၀)

1X2ရဲ့ ပေါက်ကြေး အရ အိမ်ရှင်အသင်း အတွက် ၆.၈၀ ဆ၊ ဧည့်သည်အသင်း အတွက်က ၁.၃၄ ဆနဲ့ သရေအတွက် ၅.၆၀ ဆ ကြေး ဖွင့်ထားပါတယ်။ လက်တလော ဘေယန်မြူးနစ် ပွဲဆို ဘာမှ သိပ်ပြီးတော့ စဉ်းစားစရာ မလိုပါဘူး။ ဂျာမန်ဘီလူးတွေ အိမ်ကွင်းရော၊ အဝေးကွင်း မှာပါ နိုင်ပွဲတွေ ဆက်နေတယ်ဆိုတာ အားလုံး အသိပါပဲ။ ဘေယန်မြူးနစ် နိုင်ဖို့ ဆိုတာ သေချာနေပေမယ့် သတိထားရမှာတော့ ရှိပါတယ်။ ဘေယန်မြူးနစ် တို့ နောက်ဆုံး ကစားထားတဲ့ ၂ ပွဲမှာ ၂-၁၊ ၁-၂ တွေနဲ့ပဲ နိုင်ထားတာ တွေ့ရပါတယ်။ ဒါဟာ ပွဲပန်းနေတယ် ဆိုတဲ့ သဘောပါ။ ဆဲလ်ဘာဂ် ကလည်း အိမ်ကွင်းမှာဆို ဂိုးသွင်းခြေ တွေ့တတ်လို့ ဘေယန်မြူးနစ် နဲ့ ဂိုးပေါင်း ၃ဂိုး နဲ့ အထက်ကို ရွေးချယ်တာ ကတော့ အမှန်ကန်ဆုံး ဆုံးဖြတ်ချက် ဖြစ်ပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်