နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စိန့်ရဲ့ မာကျောမှုကြောင့် ဂိုးအနည်းနဲ့ သရေပဲ မျှော်လင့်ထားချင်တယ် | ဆောက်သမ်တန် – ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

ဆောက်သမ်တန် – ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

လာမယ့် စူပါ‌ဆန်းဒေး မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲပဲ ရှိပြီး ဆောက်သမ်တန် – ဝုဗ်ဗာဟမ်တန် ဝမ်းဒါးရားစ် ပွဲက မြန်မာစံတော်ချိန် ည ၇ နာရီခွဲမှာ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။ ရာသီ အစမှာ ရုန်းကန်ခဲ့ရပေမယ့် ပုံစံကောင်း တစ်ခုနဲ့ အတူ ပြန်လည် ရုန်းထပြနေတဲ့ စိန့်တို့ မှန်းချက်နဲ့ နှမ်းထွက် မကိုက် ဖြစ်နေတဲ့ ဝုဗ်ကို ခက်ခဲစေဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဆောက်သမ်တန်တို့ ၂၀၂၁-၂၀၂၂ ပရီးမီးယားလိဂ်ကို ဂိုးပြတ် ရှုံးပွဲနဲ့ စတင်ဖွင့်လှစ်ခဲ့ရပေမယ့် ပွဲစဉ် ၂ ကစပြီး မန်ချက်စတာယူနိုက်တက်၊ နယူးကာဆယ်၊ ဝက်စ်ဟမ်းနဲ့ မန်ချက်စတာစီးတီး တို့ ကို သရေကစားပြီး ရမှတ် ၄ မှတ် ပိုင်ဆိုင်ထားပါတယ်။ ပြီးခဲ့တဲ့ ရာသီ ကုန်ခါနီး ကတည်းက ရလဒ်တွေ တောက်လျောက် ဆိုးရွားခဲ့တဲ့ စိန့်တို့ အဓိက တိုက်စစ်မှူး ဒန်နီအင့်ဂ်နဲ့ ‌ဗဟိုခံစစ် ကစားသမား ဗတ်စတာဂတ် တို့ကို နွေရာသီ အပြောင်းအရွှေ့မှာ ထပ်မံ လက်လွှတ်ခဲ့ရလို့ အသင်းလိုက် ဟန်ချက် တော်တော်လေး ပျက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြ ရက်ဖ် ဟာဆန်ဟတ်တဲလ် အနေနဲ့ ဖိအားတွေ ကြားက ဆောက်သမ်တန်တို့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့ အတတ်နိုင်ဆုံး တည့်မတ်ပေးနေတာ တွေ့ရပါတယ်။ နိုင်ပွဲ မရသေးသည့် တိုင်အောင်တော့ မန်ချက်စတာမြို့ခံ နှစ်သင်းနဲ့ ၀က်စ်ဟမ်းကို မာမာထန်ထန် တုန့်ပြန်ပြီး အမှတ်မရ ရအောင် ယူပြနေတာ ကတော့ တကယ့်ကို လေးစားစရာပါပဲ။ စိန့်တို့ ပရီးမီးယားလိဂ် အပါအ၀င် ပြိုင်ပွဲစုံ ၇ ပွဲ ကစားထားခဲ့ရာမှာ မိနစ် ၉၀ သရေပွဲ ၅ ပွဲ ရှိခဲ့ပြီး ရှုံးပွဲ ကတော့ အဲဗာတန်နဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် တစ်ပွဲသာ ရှိ‌ပါတယ်။ လိဂ်ဖလား ဒုတိယအဆင့်မှာ လိဂ်တူး ကလပ် နယူးပို့တ်ကို ၈-၀ နဲ့ အလွယ်တကူ အနိုင်ရခဲ့ပေမယ့် တတိယအဆင့်မှာ ရှက်ဖီးလ်ယူနိုက်တက်ကို သာမန် ပွဲကစားချိန် အတွင်း သရေသာ ကစားနိုင်ခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူပြီး နောက်တစ်ဆင့် တက်လှမ်းထားခဲ့ ပါတယ်။ ဆောက်သမ်တန်ဟာ လက်ရှိမှာ ခြေစွမ်း မာကျောပြီး ကစားရခက်တဲ့ အသင်း ဖြစ်‌ပေမယ့် Final Third မှာ သိသိသာသာ အားနည်း‌‌နေပြီး တိုက်စစ် လုံး၀ သေနေ‌ပြီး ပွဲတိုင်း နီးပါးကို ဂိုးရဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ သီယို ဝဲလ်ကော့တ်၊ စတူး၀ပ် အမ်းစ‌ထရောင်း၊ စမောဘုန်း၊ ဂျက်စတီဖင်တို့ လွဲချော်ဦးမှာ ဖြစ်ပြီး ဒီလူစာရင်းနဲ့ ဝုဗ် ခံစစ်ကို ကျော်ဖြတ်ဖို့ တော်တော်လေး‌ ခက်ခဲနေဦးမှာ သေချာပါတယ်။ ထုံးစံအတိုင်း စိန့်တို့ ခံစစ်ကို အားပြုကစားပြီး အပိုင် အခွင့်အရေး ရမှပဲ တန်ပြန် တိုက်စစ် ကနေပဲ ဂိုးရဖို့ ကြိုးပမ်းလာမယ့် သဘော ရှိပါတယ်။
 

 
တကယ်‌တော့ လက်ရှိ ဝုဗ်ရဲ့ အခြေအနေက ဆောက်သမ်တန်နဲ့ သိပ်တော့ မကွာလှပါဘူး။ တစ်ခုရှိတာက ဆောက်သမ်တန်မှာ ဝုဗ်လို တောင့်တင်းတဲ့ ကစားသမား အစုအဖွဲ့ မရှိသလို အ‌ရည်အ‌သွေးမြင့် ကစားသမားတွေလည်း မပိုင်ဆိုင်ထားပါဘူး။ ဝုဗ်တို့ မနှစ်က ရာအူးလ် ဂျင်မီနက်ဇ် ဒဏ်ရာ ရသွားချိန်မှာ တစ်သင်းလုံး စွမ်းဆောင်ရည် ကျဆင်းသွားခဲ့သလို လက်ရှိ မှာလည်း ပက်ဒရီ နီတို မကစားနိုင်ခြင်းက သက်ရောက်မှု ရှိနေပြန်ပြီလား ဆိုပြီးတောင် မေးရတော့ မလိုပါပဲ။ ထရာအိုရေး၊ ထရင်ကာအိုတို့ တောင်ပံ တစ်လျောက် ဘောလုံး ဆွဲပြေးနေပေမယ့် အဆုံးသတ် အပိုင်းမှာ လိုအပ်ချက်တွေ ရှိနေသေးပြီး ဂျင်မီနက်ဇ် လည်း ပုံမှန် ခြေစွမ်း ပြန်မရသေးတာကြောင့် ဝုဗ်တို့ စိန့်မေရီမှာ ကျိန်းသေပေါက် ရုန်းကန်ရဦးမှာပါ။ မိုက်ကယ် အိုဝင် ကတော့ ဝုဗ်တို့ ရလဒ်ဆိုးတွေ အောက်က ရုန်းထွက်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားပေမယ့် တကယ့် လက်တွေ့မှာ ဘရူနို လာဂါရဲ့ အသင်းက ယုံကြည်ဖို့ ခက်ပါတယ်။ ဆိုလိုတာက အခုပွဲမှာ ဝုဗ်တို့ မရှုံးရင်တောင် ဆောက်သမ်တန်ကို အနိုင်ရဖို့ မဖြစ်နိုင်သေးပါဘူး။ ဝုဗ်တို့ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရောက်နေပြီး ဒီပွဲမှာသာ ရလဒ် မကောင်းခဲ့ဘူး ဆိုရင် တန်းဆင်းဇုန်ထဲ ရောက်သွားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နောက်ဆုံးတွေ့ဆုံမှု ၅ ကြိမ်မှာ ဝုဗ်က ၂ ကြိမ်၊ ၂ ကြိမ် သရေကျပြီး ဆောက်သမ်တန်က ၁ ကြိမ် ပြန်ပြီး အနိုင်ရထားပါတယ်။ စိန့်မေရီမှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲမှာတော့ ဝုဗ်တို့ ၂ ပွဲနိုင်၊ ၁ ပွဲရှုံး ရလဒ် ရရှိအောင် စွမ်းဆောင်ထားနိုင်တာ တွေ့ရပါတယ်။
 

ဆောက်သမ်တန် – ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

??
ဆောက်သမ်တန် – ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် 1X2 သရေ @ ၃.၂၀ ဆ
စက်တင်ဘာလ ၂၆ ရက် , ည ၇:၃၀  နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေး အရ အိမ်ရှင် အတွက် ၂.၆၂ ဆ၊ ဧည့်သည် အတွက် ၂.၈၀ ဆနဲ့ သရေ အတွက် ၃.၂၀ ဆ ကြေးဖွင့်ထားတာ‌ တွေ့ရပါတယ်။ နှစ်သင်းလုံးရဲ့ လက်ရှိ ခြေစွမ်းကြောင့် အစဉ်အလာတွေ ကိုတောင် မေ့ထားရမလို ဖြစ်နေပါတယ်။ နှစ်သင်းလုံး တိုက်စစ် အားနည်းချက် ကိုယ်စီ ရှိနေလို့ ဂိုးပေါင်း အောက်နဲ့ သရေပွဲ ကိုပဲ ရွေးချယ်တာ အမှန်ကန်ဆုံး ဖြစ်ပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်