နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရမှတ် လိုအပ်ချက်ကိုယ်စီနဲ့ အကြိတ်အနယ် ရှိလာဦးမယ့် ရောမဒါဘီ – စီးရီးအေ ပွဲကြိုသုံးသပ်ချက်

လာဇီယို vs ရိုးမား

လာမယ့် စနေနေ့မှာတော့ စီးရီးအေ ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီး လာဇီယိုနဲ့ ရိုးမားတို့ ကစားမယ့် ရောမဒါဘီ ပွဲကောင်းတစ်ပွဲလည်း ပါဝင်နေပါတယ်။ အခုနှစ် စီးရီးအေ မှာ ခြေစွမ်းထက်မြတ်နေပြီး ရလဒ်တွေ တောက်လျောက် ကောင်းနေတဲ့ ရိုးမားတို့ လာဇီယိုနဲ့ တွေ့ဆုံနေတာ ဖြစ်လို့ ပွဲကြပ်နေတယ်လို့ ဆိုရပါမယ်။

လာဇီယိုတို့ နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေ ၂ ပွဲဆက် နိုင်ပွဲပြန်ရထားပြီး ခြေစွမ်းပြန်လည် တည်ငြိမ်နေပါတယ်။ အသင်းလိုက် ကစားပုံ ပြန်ကောင်းနေပြီး တိုက်စစ်က အင်မိုဘီလီ ဂိုးတွေ ပြန်သွင်းနေပြီး နောက်ဆုံး ၆ ပွဲမှာ ၅ ဂိုးအထိ သွင်းယူထားနိုင်တာ တွေ့ရပါတယ်။ ရှေ့လတွေတုန်းက ချန်ပီယံလိဂ်ပါ တွဲကစားခဲ့ရလို့ လာဇီယိုတို့ စီးရီးအေ အာရုံမစိုက်နိုင်ခဲ့ပဲ ရလဒ်တွေ ယိမ်းယိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်တလောမှာတော့ တစ်သင်းလုံး ပုံမှန်ခြေစွမ်း ပြန်ရနေခဲ့ရပြီး နောက်ဆုံး ၅ ပွဲမှာ အေစီမီလန်တစ်သင်းတည်းကို ရှုံးနိမ့်ခဲ့ပြီး ဂျီနိုအာနဲ့ သရေ၊ နာပိုလီ၊ ဖီအိုရင်တီးနား၊ ပါးမားတို့ကို အနိုင်ရထားတာကြောင့် စီးရီးအေ အမှတ်ပေးဇယား အဆင့် ၈ နေရာကို ကို ပြန်လည် တက်လှမ်းထားနိုင်ခဲ့ပါတယ်။ ၁၇ ပွဲကစားပြီး ၈ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၅ ပွဲရှုံး ရမှတ် ၂၈ မှတ်ရရှိထားသလို အမှတ်ပေးဇယား အဆင့် ၄ နေရာက အသင်းနဲ့ ၅ မှတ်အကွာကို ပြန်ရောက်လာပါတယ်။ အခုပွဲကတော့ ရောမဒါဘီ ဖြစ်လို့ အိမ်ကွင်း၊ အဝေးကွင်း အားသာချက်ကို မေ့ထားလို့ရပြီး ရိုးမားကို နောက်ပိုင်းပွဲစဉ်တွေမှာ အနိမ့်ဆုံး သရေကစားနိုင်ခဲ့တဲ့ ဆီမွန်နီ အင်ဇာဂီ ရဲ့ အသင်းက ဘာတွေ လုပ်ပြနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့တော့ ကောင်းနေပါတယ်။

လာဇီယိုတို့ နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေ ၂ ပွဲဆက် နိုင်ပွဲပြန်ရထားပြီး ခြေစွမ်းပြန်လည် တည်ငြိမ်နေပါတယ်။
စီးရီးအေ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေတဲ့ လာဇီယို

ရိုးမားကတော့ လက်ရှိ စီးရီးအေ မှာ ကစားပုံ အတိုးတက်ဆုံး အသင်း ဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲမှာ အတ္တလန်တာ တစ်သင်းတည်းကို ဂိုးပြတ် အရေးနိမ့်ပြီး ကျန်ပွဲစဉ် အားလုံးနီးပါးမှာ အနိုင်ရထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ အင်တာမီလန်ကို မန်ချီနီရဲ့ နောက်ကျဂိုးနဲ့ အတူ အိမ်ကွင်းမှာ ၂-၂ နဲ့သရေကျထားပြီး အသင်းတိုင်းအတွက် လွယ်ကူတဲ့ ပြိုင်ဘက် မဟုတ်ဘူးဆိုတာ သက်သေပြထားပါတယ်။ ဝါရင့်တိုက်စစ်မှူးကြီး အီဒင် ဒီဂျက်ကို ဦးဆောင်နေတဲ့ ရိုးမားတို့ မက်ခီတာရန်၊ ဗယ်ရီတောက်တို့လည်း ဂိုးတွေသွင်းနေပါတယ်။ နောက်ပြီး လူငယ်ကစားသမား ပယ်လီဂရီနီ၊ မန်ချီနီ တို့ကလည်း ခြေစွမ်းပြနေလို့ တစ်သင်းလုံး အကောင်းပုံစံမှာ ရှိနေတာ ဖြစ်ပါတယ်။ တစ်ချက်ရှိတာက ရိုးမားတို့ အိမ်ကွင်းစွမ်းဆောင်ရည် ကောင်းပေမယ့် အဝေးကွင်း စွမ်းဆောင်ရည်ကတော့ ညံနေပြီး ရှုံးပွဲ ၃ ပွဲ ရှိထားပါတယ်။ သို့ပေမယ့်လည်း အခုပွဲက အိုလံပီကို မှာပဲ ကစားရမှာ ဖြစ်လို့ ဒီတစ်ချက်ကိုတော့ ထည့်မစဉ်းစားလည်း ရပါတယ်။ လက်ရှိ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက အေစီမီလန်နဲ့ ၆ မှတ် ကွာဟနေသေးလို့ ရမှတ် လိုအပ်ချက် အတွက် ကျိန်းသေပေါက် လာဇီယိုကို အနိုင်ကစားဖို့ ကြိုးစားလာပါလိမ့်မယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

လာဇီယိုနဲ့ ရိုးမားတို့ရဲ့ ၁၀ စုနှစ်တစ်ခုအတွင်း ၂၄ ကြိမ်အထိ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး လာဇီယိုက ၇ ကြိမ်သာ အနိုင်ရခဲ့ပြီး ရိုးမားကတော့ ၁၁ ကြိမ် အနိုင်ရကာ သရေပွဲကတော့ ၆ ပွဲအထိ ရှိထားပါတယ်။ မနှစ်က စီးရီးအေ ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာတော့ နှစ်ကျော့စလုံးမှာ ၁-၁ ရလဒ်တွေနဲ့ သရေကျထားပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
လာဇီယို vs ရိုးမား 1X2 သရေ @ 3.35
ဇန်နဝါရီလ ၁၆ ရက်, ည ၂:၁၅ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၂.၈၇ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၂.၃၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၇၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိ ခြေစွမ်းအရ ရိုးမားတို့ အကောင်းဆုံးပုံစံမှာ ရှိနေပေမယ့် ရောမဒါဘီ ဖြစ်နေလို့ ခက်ခဲပါလိမ့်မယ်။ လာဇီယိုမှာ ကစားသမားကောင်းတွေ ရှိနေပြီး နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၃ ကြိမ်မှာ ရိုးမားကို အကောင်းဆုံး ခံကစားနိုင်ခဲ့တာ တွေ့ရလို့ သရေရလဒ်ကသာ စိတ်ချရတဲ့ အဖြေ ဖြစ်မယ်လို့ ထင်မိပါတယ်။ ခန့်မှန်းရလဒ် ၁-၁ ပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်