နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဖွင့်ပွဲ ရလဒ်တွေ အပေါ် မူတည်ပြီး စဉ်းစားစရာတွေ ရှိလာတဲ့ ဘွန်ဒက်စ်လီဂါ

၂၀၂၁/၂၂ ဂျာမန် ဘွန်ဒက်စ်လီဂါ ပွဲစဉ်တွေ ကတော့ အခုတစ်ပတ် စနေနေ့မှာ ပြန်လည် စတင်ခဲ့ပြီး ပြိုင်ပွဲဝင် အသင်းတွေရဲ့ မထင်မှတ်ထားတဲ့ စွမ်းဆောင်ရည် တချို့ မြင်တွေ့ခဲ့ရသလို မမျှော်လင့်ထားတဲ့ ရလဒ်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ အသင်းကြီးတွေ ဖြစ်တဲ့ ဘေယန်မြူးနစ်နဲ့ လိုက်ပ်ဇစ်တို့ နိုင်ပွဲ ပျောက်ဆုံးခဲ့ပေမယ့် ဒေါ့မန်၊ စတုဂတ်၊ ဟော့ဖန်ဟိမ်းနဲ့ ကိုလုံးတို့ ကတော့ တိုက်စစ် အစွမ်းပြပြီး ဂိုးပြတ် နိုင်ပွဲတွေ ကိုယ်စီနဲ့ အဖွင့်လှခဲ့ကြပါတယ်။

ရာသီအစ မို့လို့ ဘာမှ သေချာ ပြောလို့ မရပေမယ့် တချို့ အခြေအနေတွေကြောင့် ပွဲစဉ် (၁) ကစားအပြီး မှာပဲ ဘွန်ဒက်စ်လီဂါနဲ့ ပတ်သတ်လို့ စဉ်းစားစရာတွေ ရှိလာခဲ့ပါတယ်။
 

လမ်းပျောက်နေဆဲ နေဂဲလ်စ်မန်းနဲ့ ဘာဗေးရီးယန်းတွေရဲ့ အနာဂတ်

နေဂဲလ်စ်မန်း နည်းပြ အဖြစ် ကိုင်တွယ်ချိန်ကစလို့ ဘေယန်မြူးနစ်တို့ နိုင်ပွဲ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ အစောပိုင်း ပွဲတွေမှာ အသင်းကြီး အတွက် လူငယ်ကစားသမားတွေကို စမ်းသပ်နေလို့ ခြေစွမ်း မတည်ငြိမ်သေးသလို  ရလဒ်ပိုင်း မကောင်းလည်း သိပ်ပြီး ပြသနာ မရှိခဲ့ပေမယ့် နောက်ပိုင်း ပွဲတွေမှာ အဓိက ကစားသမား အစုံအလင် သုံးနေရက်နဲ့ နိုင်ပွဲ ရှာမတွေ့သေးတာ ကတော့ နေဂဲလ်စ်မန်းရဲ့ နည်းစနစ်ပိုင်းကို မေးခွန်း ထုတ်စရာ ရှိလာပါပြီ။

တချို့ဆိုရင် နေဂဲလ်စ်မန်း ဟာ ထိပ်တန်း အသင်း တစ်သင်းကို ကိုင်တွယ်ဖို့ လုံလောက်တဲ့ အတွေ့အကြုံ မရှိသေးဘူးလို့ ဝေဖန်လာကြပြီး တချို့ကတော့ စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။ တကယ်တော့ နေဂဲလ်စ်မန်း ဟာ ဟန်ဆီ ဖလစ်ခ်ရဲ့ ချသွားတဲ့ လမ်းကြောင်းကိုမှ အနည်းငယ် ပြောင်းပြီး လျှောက်နေသူပါ။ ကစားသမား အသုံးပြုပုံ၊ ကစားကွက်၊ နည်းစနစ် တော်တော်များများဟာ ဟန်ဆီဖလစ် လက်ထက်က အတိုင်းပါပဲ။ ကြီးကြီးမားမား အပြောင်းအလဲ မရှိပါဘူး။ ဒါပေမယ့် အသက်အရွယ် ရလာတဲ့ မူလာ တစ်နှစ်ထက် လုပ်အားနှုန်း ကျလာတာကြောင့် ကွင်းလယ်က ထင်သလောက် ဘောလုံး မထွက်တော့ပါဘူး။ တောင်ပံ နှစ်ဖက်က ဂနာဘရီနဲ့ ဆာနေးတို့ ဒီရာသီမှာ ပုံမှန်ခြေစွမ်း ပြန်မရသေးလို့ တိုက်စစ်မှူး ရောဘတ်လီဝမ်ဒေါစကီး တစ်ဦးတည်း ရုန်းနေရတဲ့ အခြေအနေကြောင့် ဘေယန်မြူးနစ်တို့ ဂိုးရဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။ နောက်ပြီး ဘင်ဂျမင် ပက်ဗက် ဒဏ်ရာက မသက်သေးလို့ ညာနောက်ခံ နေရာက အားနည်းနေပါတယ်။ ဂလတ်ဘတ်နဲ့ ပွဲမှာ ဆိုရင် တစ်သင်းလုံး နေရာစုံက အားနည်းချက်တွေ ရှိနေပြီး ဒီပုံစံအတိုင်း ဆက်သွားနေရင်တော့ ဘာဗေးရီးယန်းတို့ အတွက် ဘွန်ဒက်စ်လီဂါ ချန်ပီယံဘွဲ့ ကာကွယ်ရေး မျှော်လင့်ချက် တဖြည်းဖြည်း အသက်မဲ့လာဖို့ပဲ ရှိပါတယ်။ နေဂဲလ်စ်မန်း အတွက် အရမ်းကို အရေးကြီးတဲ့ အခိုက်အတန့် ရောက်နေပါပြီ။
 

ဥရောပပြိုင်ပွဲ ဝင်ခွင့် အတွက် အဆင့်သင့် ဖြစ်နေတဲ့ စတုဂတ်

 

 
၂၀၁၅ ခုနှစ် နောက်ပိုင်း စတုဂတ်ရဲ့ အခြေအနေက ရိုလာကိုစတာ စီးနေသလို နိမ့်လိုက်၊ မြင့်လိုက်ပါ။ တန်းဆင်း၊ တန်းတက် ၂ ကြိမ်စီ ပြုလုပ်ခဲ့ပြီး နည်းပြ အပြောင်းအလဲ တွေလည်း အများကြီး လုပ်ခဲ့ရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီ ကတည်း အသင်းရဲ့ တောင့်တင်းမှုကို ပြသထားခဲ့ပြီးပြီ။ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ နီကိုလပ်စ် ဂွန်ဇာလက်စ်၊ ကိုဘယ်တို့ကို ဆုံးရှုံးခဲ့ရပေမယ့် ဘွန်ဒက်စ်လီဂါ အဖွင့်ပွဲ မှာတော့ အန်ဒို၊ ဆိုဆာ၊ ကမ့်ဖ် တို့ ခြေစွမ်းပြပြီး ဂရောသာ ဖက်သ် ကို ၅-၁ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက အဆင့် ၉ နေရာ နဲ့ပဲ ကျေနပ်ခဲ့ရတဲ့ စတုဂတ် အတွက် ဒီရာသီ မှာတော့ အဆင့် ၇ နေရာ အတွင်း ဝင်ဖို့၊ တစ်နည်းအားဖြင့် ဥရောပပြိုင်ပွဲဝင်ခွင့် ရရှိဖို့က အဓိက ပစ်မှတ် ဖြစ်ပါတယ်။ သေချာတာက လက်ရှိ ခြေစွမ်းကို အကောင်းဆုံး ဆက်ထိန်းထားနိုင်ခဲ့မယ် ဆိုရင်တော့ စတုဂတ်တို့ မျှော်လင့်ထားတဲ့ အတိုင်း မလုပ်နိုင်စရာ မရှိပါဘူးလို့ ထင်ပါတယ်။
 

ရပ်တန့်လို့ မရတဲ့ စွမ်းရည်တွေနဲ့ ဂိုးသွင်းကြမ်း ပြနေဆဲ ဟာလန်း

ဒေါ့မန် ကတော့ အာလင်း ဟာလန်းကို နောက်ထပ် တစ်ရာသီ အသင်းမှာ ဆက်ထိန်းနိုင်ခဲ့တာ မှန်ကန်တယ်လို့ ပြောရမယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ပိုကယ်ဖလား ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူခဲ့တဲ့ ဟာလန်း အနေနဲ့ ဖရန့်ဖတ်ကို ၅-၂ နဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ရာသီ အဖွင့် ပွဲစဉ် ၂ ဂိုးသွင်းပြီး ၂ ဂိုး ဖန်တီးပေးနိုင်ခဲ့ ပြန်ပါတယ်။ ဒေါ့မန် အသင်း အတွက် ၄၄ ပွဲ ကစားပေးထားပြီး ၄၂ ဂိုး သွင်းယူ ပေးထားခဲ့တဲ့ ဟာလန်းဟာ ဒီရာသီမှာလည်း ဘေယန်မြူးနစ်တို့ ၉ နှစ် ဆက်တိုက် အပိုင် သိမ်းထားတဲ့ ပုလ္လင်ကို ကိုင်လှုပ်နိုင်တဲ့ တစ်ဦးတည်းသော ကစားသမား ဖြစ်ပါတယ်။ ဒါ့အပြင် လီဝမ်ဒေါစကီးရဲ့ ဂိုးသွင်းဘုရင်ဆုတွေ ကိုပါ ခြိမ်းခြောက်လာနိုင်ပြီး ချန်ပီယံလိဂ် မှာလည်း ဘယ်လောက် အတိုင်းအတာ အထိ စံချိန် မှတ်တမ်းသစ်တွေ ထပ်ပြီး တင်နိုင်ဦးမလဲ ဆိုတာ စောင့်ကြည့်ရပါမယ်။
 

“ဟာသာဘာလင် ကတော့ ဟာသာဘာလင် ပါပဲ”

ဟာသာဘာလင် ဟာ ဘယ်တုန်းကမှ ငွေသုံးဖို့ လက်မတွန့်ခဲ့ပေမယ့် ရာသီကုန်ရင် တန်းဆင်းဇုန်နား မှာပဲ တဝဲလည်လည် ရှိနေတတ်တဲ့ အသင်း ဖြစ်ပါတယ်။ ခရိုင်ဇ်တော့ဗ် ပီယာတက်ခ်၊ မားသီးယက်စ် ကွန်ဟာ ဂျာဗာရီ ယို ဒေလ်ရိုဆန် တို့လို ကစားသမားတွေ ရှိသလို လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ဆူးအက် ဆာဒါ၊ မာကိုရစ်ချာ၊ ကီဗင်ပရင့်စ် ဘိုတန်၊ စတီဗင် ဂျိုဗီတစ် တို့လို ကစားသမားတွေနဲ့ပါ အင်အား ဖြည့်တင်းထားခဲ့ပါတယ်။ စာရွက်ပေါ်က စာရင်းအရတော့ ဟာသာဘာလင်ဟာ လက်ရှိ ဘွန်ဒက်စ်လီဂါ ရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်နေပါတယ်။ ဒါပေမယ့် ဘောလုံး ဆိုတာ စာရွက်ပေါ်မှာ ရှိတဲ့ လူစာရင်းနဲ့ ယှဉ်ပြိုင်လို့ မရပါဘူး။ ဟာသာဘာလင်တို့ တစ်ဖက်မှာ တန်းဆင်း ပလေးအော့ဖ် က‌နေ ဘွန်ဒက်စ်လီဂါ မှာ ဆက်နေခွင့် ရဖို့ အသည်းအသန် ရုန်းခဲ့ရတဲ့ ကိုလုံး ကို ပွဲဦးထွက်မှာ ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။ ဒါ့ကြောင့် “ဟာသာဘာလင် ကတော့ ဟာသာဘာလင် ပါပဲလား” ဆိုပြီး အသင်းပရိသတ်တွေ ကိုယ်တိုင်က စောစောစီးစီး လှောင်ပြောင် သရော်နေကြပါပြီ။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်