နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အများကြီး တွေးနေစရာ မလို။ ကြိုးကြာနီတွေ ပျော်ရွင်မှု ထပ်ပေးလိမ့်မယ် | လစ်ဗာပူးလ် – ဘန်လေ (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

လစ်ဗာပူးလ် – ဘန်လေ 

လစ်ဗာပူးလ်တို့ ၂၀၂၁/၂၀၂၂ ပရီးမီးယားလိဂ်ရဲ့ ပထမဦးဆုံး အိမ်ကွင်း ပွဲစဉ် အဖြစ် ဘန်လေကို အန်ဖီးလ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ အဓိက ကစားသမားတွေ ပြန်လည် ပါဝင်လာမှုနဲ့ အတူ လစ်ဗာပူးလ်တို့ အကောင်းဆုံး ပုံစံ တစ်ခု ပြန်ရနေပေမယ့် အန်ဖီးလ်ကွင်းမှာ နောက်ဆုံး ၂ ကြိမ်ဆက် ရလဒ်ကောင်းထားတဲ့ ဘန်လေကြောင့် ဖြစ်လို့ အခုတစ်ကြိမ် တွေ့ဆုံမှု ကလည်း မထင်မှတ်ပဲ အကြိတ်အနယ် ရှိတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်ပါတယ်။
 

 
မနှစ်က လစ်ဗာပူးလ်တို့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို လက်လွှတ်ခဲ့ရတယ် ဆိုတာ ခြေစွမ်း ညံ့လို့တော့ မဟုတ်ခဲ့ပါဘူး။  ရာသီ အစ မှာထဲက ဗဟိုခံစစ်မှူး ဗန်ဒိုက်ချ် ဒဏ်ရာ ရသွားခဲ့တဲ့အပြင် အဓိက ကစားသမားတွေ ဆက်တိုက် ဆိုသလို ဒဏ်ရာ ပြသနာတွေနဲ့ ရုန်းကန်ခဲ့ရလို့ ကလော့ပ်ရဲ့ အသင်းက နှစ်နှစ် ဆက်တိုက် အမှတ်ပေး ချန်ပီယံဆု ကိုင်မြှောက်နိုင်ရေး လက်လျှော့ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ရာသီကုန်ခါနီးမှာ ခြေစွမ်း ပြန်မှန်ခဲ့တဲ့ လစ်ဗာပူးလ်တို့ အဆင့် ၃ နေရာ ရရှိအောင် စွမ်းဆောင် နိုင်ခဲ့သလို ချန်ပီယံလိဂ် ဝင်ခွင့်လည်း ရရှိခဲ့တယ်။ ကိုယ့်အသင်း ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ယုံကြည်တဲ့ ကလော့ပ်ဟာ အပြောင်းအရွှေ့ ဈေးကွက်မှာ ငွေသိပ် မသုံးတော့တာ တွေ့ရပါတယ်။ ဒီအချက်ကြောင့်ပဲ လစ်ဗာပူးလ်တို့ မနှစ်က ရုံးကန်ခဲ့ရတယ် ဆိုပေမယ့် ဒီရာသီမှာတော့ သူယုံကြည်စွာ တည်ဆောက်ထားတဲ့ အသင်းက လူပြန်စုံလာခဲ့ပါပြီ။ ဘယ်နောက်ခံလူ အန်ဒရူး ရော်ဘတ်ဆန်၊ ကာတစ်ဂျုံးစ်၊ သီယာဂို အဲလ်ကန်တာယာ၊ ဟန်ဒါဆင်တို့ ပြန်မကစားနိုင်သေးပေမယ့် လစ်ဗာပူးလ်တို့ အကောင်းဆုံး ပုံစံ ပြန်ရနေပြီ ဆိုတာ နော့ဝစ်ချ်နဲ့ အဖွင့်ပွဲကို ကြည့်တာနဲ့ သိနိုင်ပါတယ်။ ဗန်ဒိုက်ချ်၊ မက်တစ်ပ်၊ ထရန့်အာနိုးလ် အပြင် ရော်ဘတ်ဆန် နေရာမှာ ဝင်ကစားနေတဲ့ ဆီမီကတ်စ် ကလည်း ကလော့ပ်ရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်ကြောင်း သက်သေပြနေတာ  တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ပွဲကဆိုရင် ပေါင် ၃၄ သန်းနဲ့ ခေါ်ထားတဲ့ ကိုနာတေးကို လုံးဝ ထုတ်သုံးစရာ မလိုလောက်အောင် လစ်ဗာပူးလ်ရဲ့ ခံစစ်က အရင်လို ပြန်ပြီး တောင့်တင်းနေတာ တွေ့ရပါတယ်။ ကွင်းလယ်မှာ ချိန်ဘာလိန် တစ်ဦးလောက်ပဲ ပြောစရာ ရှိပေမယ့် ဂျိမ်းစ် မီလ်နာ၊ နာဘီ ကေတာနဲ့ ဖာဘင်ဟို အပြင် အဲလ်ကန်တာယာ၊ ဟန်ဒါဆင်၊ ကာတစ်ဂျုံးစ်တို့ ပြန်ပါလာရင်တော့ ချိတ်ဆက်မှု အပိုင်းတွေမှာ အခုထက် ပိုပြီး အားရစရာ ကောင်းလာဖို့ ရှိပါတယ်။ လက်တလော ကလော့ပ်ရဲ့ အသင်းမှာ အားရစရာ အကောင်းဆုံးက တိုက်စစ် စုဖွဲ့မှု ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက ရုန်းကန်ခဲ့ရတဲ့ ဖေမီနို ဂိုးသွင်းခြေ ပြန်တွေ့နေသလို တစ်ပွဲထက်တစ်ပွဲ တိုးတက်လာတဲ့ ဂျိုတာရဲ့ ခြေစွမ်းကြောင့်လည်း အဆုံးသတ်ပိုင်း လှည့်ကြည့်စရာ မလိုတော့တဲ့ အခြေအနေမှာ ရှိပါတယ်။ မိုဟာမက် ဆာလာ ကတော့ ထုံးစံ အတိုင်း ဂိုးတွေ သွင်းပေးနေဆဲ ဖြစ်ပြီး မာနေး ကလည်း ဘယ်တောင်ပံ တစ်လျှောက် သူလုပ်ရမယ့် အလုပ်ကို အမှားအယွင်း မရှိ အကောင်းဆုံး လုပ်နေဆဲ ဖြစ်ပါတယ်။ အခုပွဲ မှာလည်း ဒီကစားသမားတွေ ကိုပဲ အဓိကထား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ချုံငုံသုံးသပ်ရရင် ဒီရာသီမှာ လစ်ဗာပူးလ်တို့ ပြန်လာပြီ လို့တောင် ပြောလို့ ရသလောက် ရှိနေပါပြီ။ အခုမှ ပွဲစဉ် ၂ ဖြစ်လို့ ချန်ပီယံဆု အတွက် လုံလောက်တဲ့ ခြေစွမ်း ရှိနေပြီလို့ ပြောဖို့ စောနေသေးပေမယ့် လက်ရှိ ခြေစွမ်းအရ ပရီးမီးယားလိဂ်မှာ လစ်ဗာပူးလ်တို့ မယှဉ်နိုင်တဲ့ ပြိုင်ဘက် မရှိဘူး ဆိုတာတော့ သေချာပါတယ်။

ရှောင်ဒိုက်ချ် ကတော့ ဘန်လေတို့ ပရီးမီးယားလိဂ်မှာ ရပ်တည်နိုင်ရေး အတွက် မွေးဖွားလာခဲ့သူ လို့ပဲ ဆိုရမှာပါ။
၂၀၂၁/၂၀၂၂ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ဘရိုက်တန်ကို ၁-၂ နဲ့ ရှုံးနိမ့်ထားတဲ့ ဘန်လေ

တချို့လူတွေက ကဗျာတွေ ရေးစပ်ဖို့ မွေးဖွားလာပြီး တချို့တွေက သီချင်းတွေ ရေးစပ် သီဆိုဖို့ မွေးဖွားလာကြတယ်။ ရှောင်ဒိုက်ချ် ကတော့ ဘန်လေတို့ ပရီးမီးယားလိဂ် မှာ ရပ်တည်နိုင်ရေး အတွက် မွေးဖွားလာခဲ့သူ လို့ပဲ ဆိုရမှာပါ။ ပရီးမီးယားလိဂ် ကို ပြန်ရောက်လာတဲ့ ၂၀၁၆/၂၀၁၇ ဘောလုံးရာသီ စပြီး ဘန်လေတို့ အကောင်းဆုံး အခြေအနေတွေရော အဆိုးဆုံး အခြေအနေတွေနဲ့ပါ ရင်ဆိုင်ခဲ့ရပေမယ့် လက်ရှိ အချိန်ထိတော့ တန်းပြန်ဆင်းခဲ့ရခြင်းတော့ မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ ရာသီအစ လောက်မှာ ရလဒ်တွေ တောက်လျောက် ဆိုးရွားခဲ့တဲ့ ဘန်လေကို တန်းပြန်ဆင်းရနိုင်ချေ ရှိတဲ့ အသင်း ဆိုပြီး တော်တော်များများက ကြိုတင် ဟောကိန်း ထုတ်ခဲ့ထားကြတာပါ။ ဒါပေမယ့် ရှောင်ဒိုက်ချ်ရဲ့ အသင်းက ရာသီကုန်ခါနီးမှာ‌ လိုအပ်နေတဲ့ အမှတ်တွေ ရအောင် ရှာဖွေနိုင်ခဲ့ပြီး နောက်ထပ်တစ်ရာသီ ပရီးမီးယားလိဂ်မှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ခံစစ် အမာကျောဆုံးနဲ့ ကစားရ အခက်ဆုံး အသင်း ဖြစ်ခဲ့တဲ့ ဘန်လေ ဟာ နောက်ပိုင်း နှစ်တွေမှာ ကစာသမား အင်အား ဖြည့်တင်းမှု အပိုင်းမှာ အားနည်းခဲ့လို့ တဖြည်းဖြည်း ရုန်းကန်လာရတဲ့ သဘောမှာ ရှိပါတယ်။ ဒီရာသီမှာ တာကောစကီး၊ ဘန်မီး၊ ဝက်စ်ဝုဒ်၊ ကော့ခ်၊ ခရစ္စဝုဒ်၊ ဂတ်မန်ဆန် တို့လို ကစားသမားတွေ ပိုင်ဆိုင်ထားပေမယ့် တောင်ပံနဲ့ ခံစစ် ဘယ်/ညာ အစွန်မှာ ကစားတဲ့ မက်နေးလ်၊ လိုတန်၊ တေလာ တို့ရဲ့ အားနည်းချက်တွေကြောင့် နိုင်ပွဲရဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ ဒါကို ပြီးခဲ့တဲ့ ဘရိုက်တန်နဲ့ ပွဲကို ကြည့်ရင် သိနိုင်ပြီး တိုက်စစ်က အပိုင် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ရှောင်ဒိုက်ချ် အနေနဲ့ ဒီပြသနာတွေကို မဖြေရှင်းနိုင်သေးဘူး ဆိုရင်တော့ အခုပွဲ မှာလည်း ထက်မြတ်တဲ့ လစ်ဗာပူးလ် တိုက်စစ်ကို ထိန်းချုပ်နိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

အခုပွဲ ကိုတော့ လစ်ဗာပူးလ် ဘက်က အန်ဒရူး ရော်ဘတ်ဆန်၊ ကာတစ်ဂျုံးစ်၊ ဟန်ဒါဆင်နဲ့ သီယာဂိုတို့ လွဲချော်ဖို့ ရှိနေပြီး ဘန်လေ ဘက်မှာတော့ ဒေးလ်စတီဖင်နဲ့ ကီဗင်လောင်းတို့ ပါဝင်ကစားနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

လစ်ဗာပူးလ်နဲ့ ဘန်လေတို့ ၁၄ ကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ရာမှာ လစ်ဗာပူးလ်တို့ ၁၀ ကြိမ်အနိုင်ရပြီး ဘန်လေ ကတော့ ၂ ကြိမ်သာ ပြန်ပြီး အနိုင်ရထားပါတယ်။ အစဉ်အလာအရ လစ်ဗာပူးလ်တို့ အသာစီး ရခဲ့ပေမယ့် ပြီးခဲ့တဲ့ အန်ဖီးလ်ကွင်းက ပရီးမီးယားလိဂ် တွေ့ဆုံမှု ၂ ကြိမ် မှာတော့ ဘန်လေတို့ ၁ ပွဲ နိုင်၊ ၁ ပွဲ သရေ ကစားနိုင်တာ တွေ့ရပါတယ်။  
 

လစ်ဗာပူးလ် –  ဘန်လေ 

??
လစ်ဗာပူးလ် – ဘန်လေ 1X2 အိမ်ရှင် @ ၁.၂၀ ဆ
ဩဂုတ်လ ၂၁ ရက် , ည ၈:၃၀  နာရီ (GMT + ၆:၃၀)

1×2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင် အတွက် ၁.၂၀ ဆနဲ့ ဧည့်သည် အတွက် ၁၅.၀၀ ဆ ကြေးဖွင့် ပြီး သရေ အတွက် ၆.၅၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ အန်ဖီးလ် တွေ့ဆုံမှုတွေကို မေ့ထားလိုက်ပြီး လက်ရှိ ခြေစွမ်းပိုင်းအရ လစ်ဗာပူးလ် ကိုပဲ ယုံကြည်ထားစေချင်ပါတယ်။ ၁.၂၀ ဆ ဆိုတဲ့ ပေါက်ကြေးက အရမ်းနည်းလို့ ဆတင်ထိုး ရင်ထိုး၊ ဒါမှမဟုတ် ဂိုးပေါင်း ၂ ဂိုးနဲ့ အထက်ကို စဉ်းစားသင့်ပါတယ်။ ဆန္ဒရှိရင်တော့ နှစ်မျိုးလုံး ရွေးချယ်လို့လည်း ရပါတယ်။ ခန့်မှန်းရလဒ် ၂-၁ လောက်နဲ့ပဲ ပွဲပြီးဖို့ များပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်