နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိမ်ကွင်း ၂ ပွဲဆက် သရေကျခဲ့တဲ့ ရီးရဲယ်မက်ဒရစ် (လာလီဂါ ပွဲပြီးသုံးသပ်ချက်)

ရီးရဲယ်မက်ဒရစ် ဝ-၀ အိုဆာဆူနာ

ရီးရဲယ်မက်ဒရစ် အတွက် ပေးဆပ်မှု ကြီးမားခဲ့တဲ့ လာလီဂါ ပွဲစဉ်လို့ ပြောလို့ရပါတယ်။ အိုဆာဆူနာရဲ့ ကစားပုံကလည်း ပြိုင်ဘက်အသင်း ဆီကနေ အမှတ် ခွဲယူနိုင်ဖို့ လုံလောက်တဲ့ အခြေအနေ ရှိခဲ့တာပါ။ အထူးသဖြင့် အမှတ်ပေးဇယား ဦးဆောင်သူ ရီးရဲယ်အတွက် အိမ်ကွင်း ၂ ပွဲဆက် သရေရလဒ် ရရှိခဲ့တာက လာမယ့် ပွဲစဉ်တွေအတွက် ဖိအားတွေ ရှိခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ ဂိုးပေါက်တည့်မှု တစ်ကြိမ်မှ မရှိခဲ့တဲ့ အထိ အိုဆာဆူနာရဲ့ တိုက်စစ်ပိုင်း အားရစရာ မရှိခဲ့သလို ရီးရဲယ်အသင်းရဲ့ တိုက်စစ်ပိုင်းကလည်း အိမ်ကွင်းဂိုးရဖို့ အနိုင်နိုင် ဖြစ်ခဲ့ရတယ်လို့ပဲ သတ်မှတ်ရမှာပါ။

 

ပွဲစဉ်အကျဉ်း

အဆင့် ၁ နေရာကို ရယူထားတဲ့ ဆီဗီလာ အသင်းရဲ့ အခြေအနေကြောင့် မဖြစ်မနေ အနိုင်ရဖို့ လိုအပ်ခဲ့တဲ့ ရီးရဲယ် အနေနဲ့  နိုင်ပွဲရဖို့ အတွက် အဓိက ကစားသမား အစုံအလင် ပွဲထွက်လာခဲ့တာပါ။ အလာဘာ၊ ကာဆာမီရို၊ တိုနီခရူး၊ အဆန်စီယို၊ ဘင်ဇီမာ တို့ကို ပွဲထွက် ကစားသမားတွေ အဖြစ် ရီးရဲယ်တို့ အသုံးပြုခဲ့တာလည်း ဖြစ်ပါတယ်။ ဧည့်သည် အိုဆာဆူနာ အသင်းကတော့ ခံစစ်အသားပေးတဲ့ ၅-၃-၂ ကစားကွက်ကို အခြေခံ ပွဲထွက်လာခဲ့ပြီး အာဗီလာ၊ ကီကီ၊ မာတီနက်ဇ်တို့ ပါဝင်လာခဲ့ပါတယ်။ ပွဲအစကတည်းက ရီးရဲယ်ရဲ့ တစ်ဖက်သတ် ဖိအားပေး ကစားမှုကြောင့် အိုဆာဆူနာ နောက်တန်း ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ အစပိုင်း အထနှေးနေတဲ့ ရီးရဲယ်တိုက်စစ်က ထိရောက်တဲ့ ထိုးဖောက်မှုတွေ ကိုတော့ မလုပ်နိုင်ခဲ့ပါဘူး။ အိုဆာဆူနာရဲ့ နောက်ဆုံး အစုအဖွဲ့ ၅ ယောက် ကလည်း ဘင်ဇီမာ၊ အဆန်စီယို တို့ကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့သလို ဗင်နီဆီရက်စ်ကိုလည်း လှုပ်မရအောင် နည်းဗျူဟာပိုင်းအရ အကောင်းဆုံး ရင်ဆိုင်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ ဂိုးရလုနီးပါး အခြေအနေတွေ ရှိခဲ့ပေမယ့် ပထမပိုင်း ပြီးဆုံးတဲ့ အချိန် အထိ နှစ်သင်းလုံး ဂိုးမသွင်း နိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာ ဟာဇက်၊ မန်ဒီ၊ လူးကပ်စ်ဗက်စ်ကွက် တို့ကို တစ်ပြိုင်ထဲ လူစားလဲခဲ့ပြီး ဂိုးရဖို့အတွက် ရီးရဲယ်တို့ အားစိုက်လာခဲ့ပါတယ်။ ဒါပေမဲ့ ခံစစ်ဇုံထဲ ကစားသမား ၈ ယောက် လောက်အထိ ရှိနေခဲ့တဲ့ အိုဆာဆူနာ ဂိုးပေါက်ကို ထိထိရောက်ရောက် မထိုးဖောက်နိုင်ခဲ့ပါဘူး။ ဂိုးကန်သွင်းမှု ၁၇ ကြိမ်၊ ဘောလုံး ပိုင်ဆိုင်မှု ၇၅ ရာခိုင်နှုန်း အထိ ရှိခဲ့တဲ့ ရီးရဲယ်တို့ ဂိုးမရခဲ့တာ ကတော့ တိုက်စစ်ပိုင်းကို မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ ပါတယ်။ အိုဆာဆူနာရဲ့ နောက်တန်းကလည်း ပွဲချိန်မိနစ် ၉၀ အထိ အမှားအယွင်း မရှိခဲ့လို့ ပွဲအပြီးမှာ သရေရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ နိုင်ပွဲ မရခဲ့ပေမယ့် သရေတစ်မှတ် ရရှိခဲ့တဲ့ ရီးရဲယ်အနေနဲ့ ဆီဗီလာရဲ့ အမှတ်ပေးဇယား အဆင့် ၁ နေရာကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အိုဆာဆူနာ ကတော့ လာလီဂါ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။

အိုဆာဆူနာ ကတော့ လာလီဂါ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
လာလီဂါအမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေခဲ့တဲ့ အိုဆာဆူနာ

ပွဲပြီးသုံးသပ်ချက်

ရီးရဲယ်တို့ သေချာပေါက် အနိုင်ရမယ့် ပွဲစဉ်အဖြစ် မှတ်ယူခဲ့ကြ ပေမယ့် အိုဆာဆူနာ အသင်းရဲ့ ပုံစံကောင်းကြောင့် လိုအပ်နေတဲ့ အနိုင် ၃ မှတ် ဆုံးရှုံးခဲ့ရတာပါ။ တစ်ပွဲလုံး ခြုံငုံရရင် ဘင်ဇီမာ ဦးဆောင်တဲ့ ရီးရဲယ်တိုက်စစ်က လိုအပ်ချက် အမြင့်ဆုံး ဖြစ်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ အိုဆာဆူနာ အသင်းကတော့ နဂိုကတည်းက ဘာနေဗျူးမှာ အနည်းဆုံး သရေတစ်မှတ် ရဖို့ ပြင်ဆင်လာခဲ့တဲ့ အတိုင်း နည်းဗျူဟာပိုင်းကျကျ အမှားအယွင်းမရှိ ကစားသွား နိုင်ခဲ့တာပါ။ ရီးရဲယ်ကွင်းလယ် ကစားသမား တိုနီခရူးစ်ရဲ့ ဖန်တီး ပေးပို့မှုတိုင်းကိုသာ ဂိုးအဖြစ် ပြောင်းလဲနိုင်မယ် ဆိုရင် ရီးရဲယ်ရဲ့ အမှတ်ပေးဇယား ဦးဆောင်နိုင်မှုက ပြတ်ပြတ်သားသား ဖြစ်ခဲ့မှာပါ။ ဒါပေမဲ့ အိုဆာဆူနာရဲ့ ခံစစ်စုဖွဲ့မှုနဲ့ ကစားပုံကတော့ တကယ်ကို ဟာကွက် မရှိခဲ့တာက သရေရလဒ် ထွက်ပေါ်ခဲ့တဲ့ ဒီပွဲရဲ့ အဖြေပါပဲ။ အကြိမ်ပေါင်း များစွာ ဂိုးပေါက် ခြိမ်းခြောက်မှု၊ တိုနီခရူးစ်လို ကမ္ဘာ့အဆင့် ကစားသမားရဲ့ အကြိမ်ကြိမ် ဖန်တီးပေးပို့မှုတွေသာ ဂိုးရရှိခဲ့ရင် ဒီပွဲက ရီးရဲယ်ရဲ့ ဂိုးပြတ်နိုင်ပွဲ တစ်ပွဲဖြစ်လာမှာပါ။ ဒီပွဲမှာ သရေကျခဲ့တဲ့ အတွက် လာလီဂါ အမှတ်ပေးဇယား အဆင့် ၁ နေရာကို ဆီဗီလာနဲ့ ရမှတ်တူ ဂိုးကွာခြားချက် အသာနဲ့ ဆက်ပြီး ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ရီးရဲယ်မက်ဒရစ် အနေနဲ့ လာမယ့် လာလီဂါ ပွဲစဉ် အဖြစ် အယ်လ်ချီအသင်းကို ရင်ဆိုင်ရဖို့ ရှိနေပြီး အိုဆာဆူနာ ကတော့ ဆီဗီလာ အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်