နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်ဘာပေးရဲ့ တောက်ပမှုနဲ့ ဘာစီလိုနာကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရတဲ့ ပီအက်စ်ဂျီ – ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်

ဘာစီလိုနာ ၁ – ၄ ပီအက်စ်ဂျီ

ယနေ့မနက် အစောပိုင်းမှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်တွေ ကစားခဲ့ပြီး အိမ်ကွင်း နူးကမ့်မှာ ဘာစီလိုနာတို့ ပီအက်စ်ဂျီကို ၁-၄ နဲ့ အရှက်တကွဲ ရှုံးနိမ့်သွားခဲ့ပါတယ်။ ဒီပွဲမှာတော့ လူငယ်ကြယ်ပွင့် အန်ဘာပေးရဲ့ တောက်ပမှုတွေနဲ့ အတူ ပီအက်စ်ဂျီတို့ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး ဘာစီလိုနာကတော့ ဥရောပထိပ်တန်း အသင်းကြီး တစ်သင်းရဲ့ ခြေစွမ်းမရှိခဲ့လို့ အခုလို ချန်ပီယံလိဂ် ၂ ပွဲဆက် ဂိုးပြတ်ရှုံးပွဲတွေ့သွားခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာတို့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ်မှာ အီတလီထိပ်သီး ဂျူဗင်တပ်စ်ကို ၃ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီးတော့ တစ်ဆက်တည်းမှာပဲ ပီအက်စ်ဂျီကို အိမ်ကွင်း နူးကမ့်မှာ ခြေပြတ် ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာ ဘက်မှာ အန်ဆုဖာတီ၊ ကော်တင်ဟို၊ ရော်ဘတ်တို့ကလွဲလို့ မက်ဆီ၊ ဒမ်ဘီလီ၊ ဂရစ်ဇ်မန်း၊ ဒီယောင်၊ ပီကေး၊ အဲလ်ဘာတို့လို အဓိက ကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။ ပီအက်စ်ဂျီ ဘက်မှာတော့ နေမာ၊ ဒီမာရီယာ၊ ဘာနတ် တို့ ပါဝင်ကစားနိုင်ခြင်း မရှိပေမယ့် အီကာဒီ ကို အထောင်ထားပြီး အန်ဘာပေး၊ ဗရာတီ၊ မွိုက်စ် ကိန်းတို့နဲ့ ဝန်းရံ စေခဲ့သလို ကွင်းလယ်မှာ ပယ်ရီဒက်စ်၊ ဂူရီ၊ နောက်တန်းမှာ ကာဇာဝါ၊ ကင်ဘမ်ပေ၊ မာကွင်ဟို၊ ဖလော်ရန်ဇီ၊ ဂိုးမှာ နားဗက်စ်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ပိုချက်တီနိုရဲ့ အသင်းက အဝေးကွင်းမှာ လာရောက် ကစားခဲ့ရပေမယ့် အိမ်ရှင်အသင်းကို ရှိန်နေခြင်း မရှိပဲ ပွဲစကတည်းက တရစပ်ထိုးဖောက် တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲစပြီး ၂၇ မိနစ် အကြာမှာတော့ ဘာစီလိုနာတို့ ဦးဆောင်ဂိုး စတင်ရရှိသွားခဲ့ပြီး ဒီယောင်ကြောင့် ရတဲ့ ပင်နယ်တီကို မက်ဆီက အမှားအယွင်းမရှိ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၃၂ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ ချေပဂိုး ပြန်လည် ရရှိသွားခဲ့ပါတယ်။ ဒီဂိုးကိုတော့ ဗရာတီရဲ့ ဖန်တီးပေးပို့မှုကနေ အန်ဘာပေးက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် ပထမပိုင်းအပြီးမှာတော့ ၁-၁ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ပီအက်စ်ဂျီ ကွင်းလယ်က ဂူရီအစား အန်ဒရီဟာရဲရား လူစားဝင်လာခဲ့ပြီး ကွင်းလယ်က ပိုမို အစွမ်းထက်လာခဲ့ပါတယ်။ ၆၅ မိနစ် အရောက်မှာတော့ ကီလီရန် အန်ဘာပေးက တစ်ကိုယ်တော်စွမ်းရည်နဲ့ ဒုတိယဂိုး၊ မိနစ် ၇၀ မှာတော့ ပယ်ရီဒက်စ်ရဲ့ ပေးပို့မှုကနေ မွိုက်စ်ကိန်းက တတိယဂိုး၊ ၈၅ မိနစ်မှာတော့ ဂျူလီယန် ဒရက်စ်လာရဲ့ ပေးပို့မှုကနေ အန်ဘာပေးက စတုတ္ထဂိုး သွင်းယူပေးခဲ့တာကြောင့် ပွဲအပြီးမှာ ၁-၄ ရလဒ်နဲ့ ပီအက်စ်ဂျီတို့ အနိုင်ရသွားခဲ့ပါတယ်။

ဘာစီလိုနာတို့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ်မှာ အီတလီထိပ်သီး ဂျူဗင်တပ်စ်ကို ၃ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီးတော့ တစ်ဆက်တည်းမှာပဲ ပီအက်စ်ဂျီကို အိမ်ကွင်း နူးကမ့်မှာ ခြေပြတ် ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
အခုနှစ် ချန်ပီယံလိဂ် အပါအဝင် ပြိုင်ပွဲစုံ အရပ်ရပ်မှာ ရုန်းကန်နေရတဲ့ ဘာစီလိုနာ

ပွဲပြီးသုံးသပ်ချက်

ဒီပွဲမှာတော့ ပီအက်စ်ဂျီတို့ ဘက်မှာ နေမာ ပါဝင်လာခဲ့ခြင်း မရှိပေမယ့် အန်ဘာပေး၊ မွိုက်စ်ကိန်း တို့နဲ့တင် အလုပ်ဖြစ်ခဲ့ပြီး ဘာစီလိုနာကို အပြတ်အသတ် ချေမှုန်းနိုင်ခဲ့ပါတယ်။ တစ်ချိန်က ဥရောပထိပ်သီး အသင်းကြီး တော်တော်များများကို အလဲထိုးနိုင်ခဲ့တဲ့ ဘာစီလိုနာရဲ့ နူးကမ့်ဟာ အခုတော့ အဲ့ဒီ အငွေ့အသက်တွေ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့ခြင်းနဲ့အတူ တိတ်ဆိတ်ခြောက်ကပ်နေခဲ့ပါပြီ။ ပွဲပြီး အချက်အလက်တွေကို ပြန်ကြည့်မယ်ဆိုရင် ဘာစီလိုနာတို့ တစ်ပွဲလုံး ဂိုးပေါက်တည့်မှု ၄ ကြိမ်သာ ရှိခဲ့ပြီး ပီအက်စ်ဂျီကတော့ ဂိုးပေါက်တည့်မှု ၉ ကြိမ် အထိ ရှိခဲ့တာ တွေ့ရပါတယ်။ အန်ဘာပေးအနေနဲ့ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ဘာစီလိုနာ ဘက်ကို ဟက်ထရစ် သွင်းယူနိုင်ခဲ့တဲ့ တတိယမြောက် ကစားသမား ဖြစ်လာခဲ့ပြီး နည်းပြသစ်ပိုချက်တီနို အတွက်ကလည်း ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် အဖွင့်ဟာ တော်တော်လေး လှပခဲ့တယ်လို့ ဆိုရပါမယ်။ လီယွန်နယ်မက်ဆီအနေနဲ့ ဘာစီလိုနာအတွက် ဒီရာသီ ဂိုး ၂၀ မြောက် သွင်းဂိုးရယူနိုင်ခဲ့ပြီး ၄ ကြိမ်မြောက် ပင်နယ်တီဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့် အရှက်တကွဲ ရှုံးပွဲ ကြုံခဲ့ရပြန်ပါတယ်။ ဘာစီလိုနာ အတွက်ကတော့ ဒီရာသီ ဒုတိယအကြိမ်မြောက် ၃ ဂိုးပြတ် ရှုံးပွဲတွေ့သွားခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ဘာစီလိုနာ တို့ လာမယ့် တနဂ်နွေနေ့မှာ ကာဒစ်ဇ်နဲ့ လာလီဂါပွဲစဉ် ကစားဖို့ ရှိပြီး ပီအက်စ်ဂျီကတော့ မိုနာကိုနဲ့ လီဂူးဝမ်းပွဲစဉ်ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်