နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်စီးတီးကို ရွေးချယ်တာက ပိုပြီး စိတ်ချရတယ် | ပီအက်စ်ဂျီ – မန်ချက်စတာစီးတီး (ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်)

ပီအက်စ်ဂျီ – မန်ချက်စတာစီးတီး

အခု တစ်ပတ် ချန်ပီယံလိဂ် အုပ်စု အဆင့် ဒုတိယ ပွဲစဉ် ပထမနေ့ရဲ့ စိတ်၀င်စားစရာ အကောင်းဆုံး တွေ့ဆုံမှု အဖြစ် ပီအက်စ်ဂျီနဲ့ မန်ချက်စတာစီးတီးတို့ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး အသင်း နှစ်သင်းရဲ့ ထိပ်တိုက် တွေ့ဆုံမှု ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ တစ်ချိန်တည်း တစ်နေရာတည်း ကစားတာကို မြင်တွေ့ရမယ့် ပွဲလည်း ဖြစ်တာကြောင့် အိပ်ရေး အပျက်ခံပြီး စောင့်ကြည့်ရမယ့် ပွဲဆိုရင်လည်း မမှားပါဘူး။

ပီအက်စ်ဂျီတို့ ချန်ပီယံလိဂ် အဖွင့် ပွဲစဉ်မှာ မက်ဆီ၊ နေမာ၊ အန်ဘာပေး (MNM) တိုက်စစ်နဲ့ ပွဲထွက်လာခဲ့ပေမယ့် အံ့အားသင့်စရာ ကောင်းလောက်အောင်ကို ‌ခြေစွမ်း ညံ့ခဲ့လို့ ဘရုဂျက်နဲ့ သရေ တစ်မှတ် ခွဲယူထားခဲ့ ရပါတယ်။ လီဂူး၀မ်း မှာတော့ ရာနှုန်းပြည့် နိုင်ပွဲနဲ့ ဇယား ထိပ်ဆုံး ကနေ အမှတ်ဖြတ် ဦးဆောင်နေတဲ့ ပီအက်စ်ဂျီတို့ ကစားခဲ့တဲ့ ၈ ပွဲမှာ သွင်းဂိုး ၂၂ ဂိုး အထိ ရထားပြီး ၇ ဂိုးပဲ ပြန်ပေးထား ရပါတယ်။ ပိုချက်တီနိုရဲ့ အတည်ပြုချက် အရ ဆိုရင် ပီအက်စ်ဂျီမှာ မက်ဆီ ပါ၀င်လာဖို့ သေချာသလောက် ရှိနေပြီး ပပ်ဂွာဒီယိုလာနဲ့ နောက်ထပ် တစ်ကြိမ် တွေ့ဆုံရတော့မှာပါ။ အားလုံး သိပြီးကြတဲ့ အတိုင်း မက်ဆီဟာ ပီအက်စ်ဂျီ မရောက်ခင် ဂွာဒီယိုလာရဲ့ အသင်းဆီ ပြောင်းရွှေ့မယ်လို့ သတင်း တွေ တောက်လျောက် ထွက်ခဲ့ဖူးသလို မန်စီးတီး ကစားသမား ဖြစ်ဖို့ တော်တော်လေးကို နီးစပ်ခဲ့ဘူးပါတယ်။ ဒါကြောင့် ဂွာဒီယိုလာ လက်အောက်မှာ ချန်ပီယံလိဂ် ပွဲပေါင်း ၄၇ ပွဲ ကစားခဲ့ပြီး ၄၃ ဂိုး သွင်းယူနိုင်ခဲ့တဲ့ မက်ဆီ တစ်ယောက် ဒီတစ်ကြိမ် မှာလည်း ဆရာဟောင်းရဲ့ ပြိုင်ဘက် အဖြစ်နဲ့ပဲ ထပ်မံ ကစားရဦးမှာ ဖြစ်ပါတယ်။ အခုပွဲ မတိုင်ခင် မက်ဆီနဲ့ ဂွာဒီယိုလာတို့ ချန်ပီယံလိဂ်မှာ ၄ ကြိမ် တွေ့ဆုံခဲ့ဖူးပြီး မက်ဆီ အနေနဲ့ ဂွာဒီယိုလာရဲ့ မန်စီးတီးကို ၆ ဂိုး အထိ သွင်းယူခဲ့တဲ့ မှတ်တမ်းလည်း ရှိနေပါတယ်။ ဒါကို ကြည့်ပြီး မန်စီးတီးကို အမြဲတမ်း ဒုက္ခပေးနိုင်ခဲ့တဲ့ ကစားသမား အဖြစ် သတ်မှတ်လို့ ရပေမယ့် လက်တလော မက်ဆီ အနေနဲ့ ပုံမှန် ခြေစွမ်း ပြန်ရဖို့ တော်တော်လေးကို ရုန်းကန်နေရလို့ အရင်လို ခြေစွမ်း ပြနိုင်၊ မပြနိုင် ဆိုတာတော့ တပ်အပ် ပြောဖို့ ခက်‌‌နေပါ‌သေးတယ်။

 

မန်စီးတီး ကတော့ အထောင် တိုက်စစ်မှူး တစ်ဦး လိုအပ်နေတာက လွဲလို့ တော်တော်လေး အဆင်ပြေနေတာ တွေ့ရပါတယ်။ ရာသီ အစ တော့တင်ဟမ်ကို ရှုံးခဲ့ပြီး ကတည်းက နောက်ဆုံး ၇ ပွဲကစားရာမှာ ၆ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ရှုံးပွဲ မရှိအောင် စွမ်းဆောင်ထားပါတယ်။ လိုက်ပ်ဇစ်လို မာကျောတဲ့ အသင်းကို အပြန်အလှန် ဂိုးသွင်းပြီး ၆-၃ နဲ့ အနိုင်ရခဲ့တာကို ကြည့်ခြင်းအားဖြင့် ဂွာဒီယိုလာရဲ့ အသင်းဟာ ချန်ပီယံလိဂ် မှာ တော်တော်လေး အသားကျနေပြီလို့ ပြောလို့ ရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ပွဲမှာ ချဲလ်ဆီးကို အနိုင်ရထားတဲ့ မန်စီးတီးတို့ စိတ်ဓာတ်ပိုင်း အမြင့်ဆုံးမှာ ရှိနေတဲ့ အတွက် ပီအက်စ်ဂျီ ကွင်း မှာပေမယ့် ဘယ်လို ရလဒ်မျိုး မဆို ရရှိအောင် စွမ်းဆောင်နိုင်စွမ်း ရှိနေပါလိမ့်မယ်။

အခုပွဲ မှာတော့ မန်စီးတီးက ဇင်ချန်ကိုနဲ့ ဂွန်ဒိုအန်တို့ လွဲချော်ဖို့ ရှိနေပြီး ပီအက်စ်ဂျီ မှာတော့ ဒီမာရီယာ၊ ရာမို့စ်၊ ကူဇာဝါ၊ ဘာနတ်တို့ ကျိန်းသေပေါက် လွဲချော်မယ်လို့ သိရပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပီအက်စ်ဂျီနဲ့ မန်စီးတီးတို့ ချန်ပီယံလိဂ်မှာ ၄ ကြိမ် တွေ့ဆုံထားခဲ့ပြီး ဂွာဒီယိုလာရဲ့ အသင်းက ၃ ပွဲနိုင်၊ ၁ ပွဲ သရေ ကစားထားနိုင်ခဲ့ပါတယ်။ ၂၀၁၅/၁၆ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ ၂ ဂိုးစီ သရေကျခဲ့ပြီး ဒုတိယအကျော့မှာ မန်စီးတီးတို့ ၁-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ မနှစ်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် နှစ်ကျော့စလုံး မှာတော့ မန်စီးတီးတို့ ၁-၂၊ ၂-၀ ရလဒ်တွေနဲ့ အနိုင်ရထားပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ပီအက်စ်ဂျီ vs မန်ချက်စတာစီးတီး 1X2 မန်ချက်စတာစီးတီး @ 2.40
စက်တင်ဘာလ ၂၉ ရက် , ည ၁:၃၀ နာရီ (GMT + ၆:၃၀)

1×2 ရဲ့ ပေါက်ကြေး အရ အိမ်ရှင် အတွက် ၃.၁၀ ဆ၊ ဧည့်သည် အတွက် ၂.၂၅ ဆနဲ့ သရေ အတွက် ၃.၅၀ ဆ ကြေးဖွင့်ထားတာ‌ တွေ့ရပါတယ်။ ပီအက်စ်ဂျီမှာ ကစားသမားကောင်းတွေ အများကြီး ရှိနေသလို မန်စီးတီး မှာလည်း ဘယ်အသင်းနဲ့မဆို ယှဉ်ကစားနိုင်တဲ့ စုဖွဲ့မှု ရှိနေပါတယ်။ အစဉ်အလာအရ ဆိုရင်တော့ ပီအက်စ်ဂျီဟာ မန်စီးတီးရဲ့ ပြိုင်ဘက် မဟုတ်ခဲ့ပါဘူး။ အကြိတ်အနယ် ကစားပြီး ပိုပြီး တည်ငြိမ်တဲ့ ပပ်ရဲ့ အသင်း ကပ်နိုင်သွားမယ့် သဘော ရှိပါတယ်။

ခန့်မှန်းရလဒ် (၁-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်