ချန်ပီယံလိဂ် ချန်ပီယံ ပီအက်စ်ဂျီ ကတော့ ကိုပါလစ်ဘာတာဒိုရက်စ် ချန်ပီယံ ဖလာမင်ဂိုကို အင်တာကွန်တီနန်တယ်ဖလား ဗိုလ်လုပွဲမှာ အနိုင်ရသွားခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ ဘရာဇီးလ် ကလပ်ကို အလွယ်တကူ အနိုင်ရခဲ့တာ မဟုတ်ပဲ ပယ်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရကာ အင်တာကွန်တီနန်တယ်ဖလား ချန်ပီယံ ဖြစ်ခဲ့တာပါ။
ဒီပြိုင်ပွဲမှာ ပီအက်စ်ဂျီ နည်းပြ လူးဝစ္စ အန်နရီကေးက ဖလာမင်ဂိုနဲ့ မတွေ့ဆုံချင်ကြောင်း ပြောကြားထားခဲ့ပြီး ဘရာဇီးလ် ကလပ် ကလည်း ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီရဲ့ ဒီနေ့ပွဲ လူစာရင်းမှာ အူစမန်န် ဒမ်ဘီလီ မပါဝင်ခဲ့ပဲ လီကန်အင်၊ ဒူရေးနဲ့ ခါဗစ်ချာ ခါဗရာစခီလီယာတို့ တိုက်စစ်မှာ ဦးဆောင်လာခဲ့ပြီး ရူအစ်ဇ်၊ ဗစ်တင်ညာ၊ ယာအို နီးဗက်စ် တို့ရဲ့ ကွင်းလယ်၊ ပါချို၊ မာကွင်ညော့စ်၊ ဇိုင်း အမ်မရီ၊ မန်းဒက်စ်၊ ဆာဖိုနော့ဗ် တို့နဲ့ ခံစစ်နဲ့ လူစုံနီးပါး ပွဲထွက်လာခဲ့တာပါ။ ဖိလစ်ပီ လူးဝစ္စရဲ့ အသင်း မှာတော့ ဟင်းနရစ်ခ်၊ ပလာတာ၊ ကာရက်စ်ကယ်၊ ဂျော်ဂျင်ဟို၊ ဆန်ဒရို၊ ပါရဲရား တို့လို အဓိက ကစားသမားတွေ ပါဝင်ခဲ့ပါတယ်။
ပီအက်စ်ဂျီက ပွဲချိန် ၃၈ မိနစ်မှာ ခါဗရာစခီလီယာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ချဲလ်ဆီးနဲ့ အာဆင်နယ် ကွင်းလယ်လူဟောင်း ဂျော်ဂျင်ညိုက ပွဲချိန် ၆၂ မိနစ်မှာ ပယ်နယ်တီ ကနေ ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။ ဒီပွဲမှာ ပီအက်စ်ဂျီက ဘောလုံး ပိုင်ဆိုင်မှု၊ ဂိုးပေါက် ကန်ချက်နဲ့ အဘက်ဘက်မှာ အသာစီးနဲ့ ကစားနိုင်ခဲ့တာပါ။ ပီအက်စ်ဂျီဟာ ဖလာမင်ဂို ဂိုးပေါက်ကို ၂၃ ကြိမ် အထိ ကန်သွင်းခဲ့ပြီး ဂိုးပေါက် တည့်မှု ၉ ကြိမ် အထိ ရှိခဲ့တာပါ။ ဒါပေမယ့်လည်း ဖလာမင်ဂိုရဲ့ ခံစစ် ကစားပုံ ကောင်းမွန်မှုကြောင့် ပီအက်စ်ဂျီတို့ ခက်ခဲခဲ့ရပြီး အချိန်ပို ပင်နယ်တီ အထိ ရောက်ခဲ့ပါတယ်။ ပယ်နယ်တီ မှာတော့ ပီအက်စ်ဂျီ ဂိုးသမား မတ်ဗီး ဆာဖိုနော့ဗ်က မယုံနိုင်လောက်အောင် ပယ်နယ်တီ ၄ လုံး အထိ လက်စွမ်းပြ ကာကွယ်ခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ အခုနှစ် အတွင်း ချန်ပီယံလိဂ်၊ လီဂူးဝမ်း၊ ပြင်သစ်ဖလား၊ ပြင်သစ် စူပါဖလား၊ ဥရောပ စူပါဖလားနဲ့ အခု အင်တာကွန်တီနန်တယ်ဖလား တို့ကို ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီက တစ်နှစ် အတွင်း ဆုဖလား ၆ လုံး အထိ စံချိန်တင် ကိုင်မြှောက်နိုင်ခဲ့တဲ့ အသင်း အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။ အကယ်၍ ပီအက်စ်ဂျီ အနေနဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ချဲလ်ဆီး ကိုသာ မရှုံးနိမ့်ခဲ့ရင်တော့ ဆုဖလား ၇ လုံး အထိ စံချိန်တင် ပိုင်ဆိုင်နိုင်မှာလည်း ဖြစ်ပါတယ်။
မှတ်တမ်းတွေ အရ ဆိုရင်တော့ ၁၉၆၀ ကနေ ၂၀၀၄ ခုနှစ် အထိ ကျင်းပခဲ့တဲ့ အင်တာကွန်တီနန်တယ်ဖလားနဲ့ ကလပ် ကမ္ဘာ့ဖလား (၂၀၀၀၊ ၂၀၀၅ ကနေ ယနေ့အထိ) တို့မှာ ပြင်သစ် ကလပ်တွေ ချန်ပီယံ မဖြစ်ခဲ့ဖူးပဲ ပီအက်စ်ဂျီ ကတော့ ပထမဦးဆုံး အကြိမ် ဖြစ်ပါတယ်။ ပီအက်စ်ဂျီ အနေနဲ့ လာမယ့် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ဗန်ဒီ ဖွန်နီတေး ဖွတ်နဲ့ ပြင်သစ်ဖလား ရှုံးထွက်ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ဖလာမင်ဂို ကတော့ ဘရာဇီးလ် ပြည်နယ် ချန်ပီယံရှစ် ပွဲစဉ် အဖြစ် ဘန်ဂူနဲ့ ကစားရမှာပါ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


