နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်တန်းလိုအပ်ချက်ကြောင့် သရေတစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတဲ့ ပီအက်စ်ဂျီ(ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

လိုက်ပ်ဇစ်၂-၂ပီအက်စ်ဂျီ

မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ လိုက်ပ်ဇစ်နဲ့ ပီအက်စ်ဂျီတို့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ပီအက်စ်ဂျီတို့ နောက်တန်း အားနည်းချက်တွေကြောင့် လိုက်ပ်ဇစ် ကွင်းမှာ သရေ တစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။အိမ်ရှင်လိုက်ပ်ဇစ်ရဲ့တိုးအားရုန်းအားက အုပ်စုတွင်းပွဲစဉ်တွေ အတွက်ပထမဦးဆုံးရမှတ်တစ်မှတ်ရဖို့ လုံလောက်ခဲ့ပါတယ်။ နှစ်ဖက်ကွင်းလယ်ကစားသမားတွေရဲ့အကောင်းဆုံးခြေစွမ်းတွေနဲ့အတူ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးပွဲစဉ်ဖြစ်ခဲ့တယ်လို့ပဲ ဆိုရပါမယ်။
 

ပွဲစဉ်အကျဉ်း

အိမ်ကွင်းမှာကစားခဲ့ရစဉ်ကလည်း လိုက်ပ်ဇစ်ကိုခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရတဲ့ပီအက်စ်ဂျီတို့အဝေးကွင်းမှာအလားတူအခြေအနေမျိုးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ အုပ်စုတွင်းပွဲစဉ်တွေမှာ ရလဒ်ပိုင်းလိုအပ်ချက်ကြောင့် ၃ပွဲဆက်ရှုံးနေခဲ့တဲ့ အိမ်ရှင်ရဲ့ရုန်းအားအမှန်ကိုမြင်တွေ့ခဲ့ရတယ်လို့ပဲဆိုရမှာပါ။ နေမာ၊ အမ်ဘာပီ၊ ဒီမာရီယာ၊ ဝစ်ဂျ်နယ်ဒန်တို့ပါဝင်လာတဲ့ ပီအက်စ်ဂျီရဲ့လူစာရင်းကအတောင့်တင်းဆုံးဖြစ်နေခဲ့ပါတယ်။ လိုက်ပ်ဇစ်ကလည်း အန်ကွန်ကူ၊ ဖော့စ်ဘတ်ဂျ်၊ ဆေးဗားလ်တို့ကိုပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့ပြီး ၃-၄-၂-၁ နဲ့ရင်ဆိုင်ခဲ့တာပါ။ ပွဲချိန်အစောပိုင်းတွေမှာ အထနှေးတတ်တဲ့ ပီအက်စ်ဂျီရဲ့ အားနည်းချက်ကို လိုက်ပ်ဇစ်တို့ အကောင်းဆုံးအသုံးချနိုင်ခဲ့ပါတယ်။ ပွဲချိန် ၆မိနစ်မှာ အန်ကွန်ကူက ဦးဆောင်ဂိုး၊ ပွဲချိန် ၁၂ မိနစ်မှာ ပင်နယ်တီတို့ရရှိခဲ့ခြင်းနဲ့အတူ ပွဲအစမှာလိုက်ပ်ဇစ်ရဲ့ အားစိုက်မှုကတော်တော်လေးကိုအလုပ်ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ပင်နယ်တီကန်သွင်းခဲ့တဲ့ ဆေးဗားလ်ရဲ့ လွဲချော်မှုက အိမ်ရှင်အသင်းကို နစ်နာစေခဲ့ပါတယ်။ ဂိုးနှစ်ဂိုးပေးရလုနီးပါးအခြေအနေကြောင့် ပီအက်စ်ဂျီတို့ ပွဲကို ဖိဖိစီးစီးအာရုံပြန်စိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်စစ်တော်တော်လေးမြိုင်ခဲ့ပါတယ်။ ပွဲချိန်၂၁မိနစ်မှာ ဝစ်ဂျ်နယ်ဒန်က အမ်ဘာပီရဲ့ ဖန်တီးပေးပို့မှုကနေ ချေပဂိုး၊ ပွဲချိန်၃၉မိနစ်မှာ ဝစ်ဂျ်နယ်ဒန်ကပဲ ခေါင်းတိုက်ဂိုးထပ်သွင်းခဲ့တာပါ။ ဝစ်ဂျ်နယ်ဒန်ရဲ့ ဂိုးက လူကျွံအနေအထားဖြစ်ခဲ့ပေမယ့် VAR ဆုံးဖြတ်ချက်အရ ဂိုးအဖြစ်သတ်မှတ်ပေးခဲ့ရတာလည်းဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ လိုက်ပ်ဇ်ရဲ့တန်ပြန်တိုက်စစ်ကစားပုံအလုပ်ဖြစ်ခဲ့တယ်ဆိုပေမယ့် ပီအက်စ်ဂျီတို့ အကောင်းဆုံးတားဆီးနိုင်ခဲ့ပါတယ်။ ဝစ်ဂျ်နယ်ဒန်၊ ဒီမာရီယာတို့ရဲ့အတိုးအလှုပ်ကလည်း ဒီပွဲရဲ့ အလှည့်အပြောင်းဖြစ်ခဲ့ပြီးပြိုင်ဘက်ကိုတော်တော်လေးအလုပ်ရှုပ်စေခဲ့တာပါ။အိမ်ရှင်တို့ရှုံးပွဲကြုံတွေ့ရနိုင်တဲ့အခြေအနေကနေအလှည့်အပြောင်းတစ်ခုက ပွဲချိန် ၈၉မိနစ်မှာဖြစ်ခဲ့ပါတယ်။ အန်ကွန်ကူကို ကစားပုံကြမ်းတမ်းခဲ့တဲ့ ကမ်ပါဘီရဲ့ ဖျက်ထုတ်ပုံကြောင့်လိုက်ပ်ဇစ်တို့ဒုတိယအကြိမ်ထပ်ရခဲ့ပါတယ်။ဒီပယ်နယ်တီကိုတော့လူစားဝင်ကွင်းလယ်ကစားသမားဆဘိုလာဇိုင်းက အမှားအယွင်းမရှိခဲ့လို့ ပွဲအပြီးမှာ ၂-၂ သရေရလဒ်နဲ့ပဲကျေနပ်ခဲ့ရပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ပီအက်စ်ဂျီတို့ ရှုံးပွဲမရှိသေးပေမယ့် သရေရလဒ်နှစ်ပွဲကြောင့် နောက်တစ်ဆင့်တက်ဖို့အတွက် လက်ကျန်ပွဲစဉ် တွေကို ရုန်းကန်ရပါတော့မယ်။ လိုက်ပ်ဇစ်ကတော့ ပထမဆုံးရမှတ်တစ်မှတ်အတွက် ပွဲချိန်နောက်ဆုံးမိနစ်အထိ လုပ်ပြနိုင်ခဲ့တယ်လို့ဆိုရမှာပါ။ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ ပရိသတ်အကြိုက်ပွဲစဉ်တစ်ပွဲဖြစ်ခဲ့သလို တစ်ဖက်မှာ ပီအက်စ်ဂျီရဲ့အမှားများတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။ ပီအက်စ်ဂျီတိုက်စစ်ကို လိုက်ပ်ဇစ်တို့အကောင်းဆုံး တားဆီးနိုင်ခဲ့ပေမယ့် ပွဲအဖြေပြောင်းလဲနိုင်တဲ့ ကွင်းလယ်ကစားသမားတွေကြောင့် ဂိုးတွေပေးခဲ့ရတာပါ။ ပီအက်စ်ဂျီနောက်တန်းကတော့ ၂ဂိုးပေးခဲ့တဲ့အပြင်ပင်နယ်တီနှစ်ကြိမ်ပေးခဲ့ရတယ်ဆိုကတည်းက လိုအပ်ချက်များခဲ့တာကို သက်သေပြနေပါပြီ။ ဒါပေမဲ့ ကစားသမားအင်အားပိုင်းကွာခြားချက်က အသင်းကို ရှုံးပွဲ မတွေ့အောင် လုပ်ပြနိုင်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။ ဒီပွဲရလဒ်ကြောင့် လိုက်ပ်ဇစ်အတွက် ယူရိုပါကွန်ဖရင့်လိဂ်အတွက်မျှော်လင့် ချက်ရှိလာခဲ့ပေမယ့် ပီအက်စ်ဂျီအတွက်ကတော့ ချန်ပီယံလိဂ်အုပ်စု(A) ပထမနေရာရဖို့အတွက် ပိုပြီး အားစိုက်ရတော့မှာလည်း ဖြစ်ပါတယ်။ လိုက်ပ်ဇစ် ကတော့ ချန်ပီယံလိဂ် ရှုံးထွက်တက်ရေး မျှော်လင့်ချက် ကုန်ဆုံးသွားပြီ ဖြစ်ပြီး လက်ကျန် ပွဲစဉ်တွေမှာ အားစိုက်ရင်တော့ ယူရိုပါလိဂ် ကစားခွင့်ရနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။
 

လာမယ့်ပွဲစဉ်များ

လိုက်ပ်ဇစ်အနေနဲ့ လာမယ့်ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာ ဒေါ့မန်အသင်းကိုရင်ဆိုင်ရဖို့ရှိနေပြီး ပီအက်စ်ဂျီကတော့ ပြင်သစ်လီဂူးပွဲစဉ်အဖြစ် ဘော်ဒိုးအသင်းနဲ့ယှဉ်ပြိုင်ကစားရဖို့ရှိနေခဲ့ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်