နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တန်းမဆင်းရ‌ရေး မျှော်လင့်ချက် ကောက်ရိုးတစ်မျှင်ကို အမိအရ ဖမ်းဆွဲဦးမယ့် ဝက်စ်ဘရွန်း – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ဝက်စ်ဘရွန်း – ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

ပရီးမီးယားလိဂ် ပွဲစဉ် (၃၄)ရဲ့ နောက်ကျပွဲစဉ် အဖြစ် ဝက်စ်ဘရွန်းတို့ ဝုဗ်ကို အိမ်ကွင်း ဟောသွန်းစ်မှာ လက်ခံကစားဖို့ ရှိနေပါတယ်။ ဝုဗ်တို့ ရမှတ် မလိုအပ်တော့ပေမယ့် ဝက်စ်ဘရွန်း အတွက်ကတော့ ပရီးမီးယားလိဂ် ကနေ တန်းမဆင်းရရေး မှိန်မပြပြ မျှော်လင့်ချက်ကို တတ်နိုင်သမျှ ဆက်ပြီး ပုံဖော်နိုင်ဖို့ ကြိုးစားရဦးမှာ ဖြစ်လို့ အခုပွဲကလည်း မထင်မှတ်ပဲ အကြိတ်အနယ် ရှိလာနိုင်ပါတယ်။

ဝက်စ်ဘရွန်းတို့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၃)မှာ  အက်စတွန်ဗီလာနဲ့ အကြိတ်နယ် ကစားပြီး ကံကောင်းစွာနဲ့ သရေကျခဲ့ပါတယ်။ ဆမ်အလာဒွိုက်စ်ရဲ့ အသင်းက နောက်ပိုင်းပွဲစဉ်တွေမှာ ဆိုရင် အမှတ်ယူနှုန်းမြင့်လာပြီး အနိမ့်ဆုံး သရေ ၁ မှတ်ရဖို့ မျှော်လင့်ချက်နဲ့ ကစားနေတာ တွေ့ရပါတယ်။ နောက်ဆုံး ၅ ပွဲ ရလဒ်ကို ပြန်ကြည့်မယ် ဆိုရင် ဘစ်ဆမ်ရဲ့ အသင်းက ခရစ္စတယ်ပဲလေ့စ် ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး ချဲလ်ဆီးကို ၂-၅၊ ဆောက်သမ်တန်ကို ၃-၀ တို့ အနိုင်ရခဲ့ပါတယ်။ အဲ့နောက် လက်စတာစီးတီးကိုတော့ ခြေစွမ်းချင်းဘယ်လိုမှ မယှဉ်နိုင်ခဲ့လို့ ၃ ဂိုးပြတ်နဲ့ ရှုံးပြီး နောက်ဆုံး ပွဲမှာ ဆိုရင် အက်စတွန်ဗီလာဆီက တစ်မှတ်ရအောင် ခွဲယူခဲ့တာ တွေ့ရပါတယ်။ လက်ရှိ အခြေအနေအရ ဆိုရင် ဘစ်ဆမ်ရဲ့ အသင်းက အဆင့် ၁၇ နေရာက အသင်းနဲ့ ၁၁ မှတ်အထိ ကွာဟနေခဲ့ပြီ ဖြစ်လို့ တန်းဆင်းဖို့ ရာခိုင်နှုန်း ပိုများနေပေမယ့် လက်ကျန်ပွဲတွေမှာ တတ်နိုင်သမျှ ရမှတ်ရှာဖွေရင်း အစွမ်းကုန် တိုက်ပွဲဝင်သွားမယ့် သဘောမှာ ရှိနေပါတယ်။ တိုက်စစ်က မားသီးယပ်စ် ပရဲရား အနေနဲ့ တောက်လျောက် ခြေစွမ်းပြနေပြီး ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲမှာ ၄ ဂိုးသွင်းပြီး ၂ ဂိုး ဖန်တီးထားပါတယ်။ လက်တလော မှာတော့ ခံစစ်က အိုင်ဗန်နိုဗစ် ဒဏ်ရာကြောင့် ပါဝင်လာနိုင်ဦးမှာ မဟုတ်သလို တောင်ပံကစားသမား စနော့ဂရက်စ် လည်း လွဲချော်မယ့် သဘောရှိနေပါတယ်။

 
ဝုဗ်တို့ ဒီရာသီမှာ အဓိက ကစားသမားတွေ မကြာခဏ ဒဏ်ရာရနေတာကြောင့် အသင်းကလည်း တစ်ပွဲနဲ့ တစ်ပွဲ ခြေစွမ်းအတက်အကျ မမှန်လို့ ရလဒ်ကလည်း ကောင်းလိုက်မကောင်းလိုက်ပါ။ ပရီးမီးယားလိဂ် ပွဲဆက်နိုင်ပွဲပျောက်ခဲ့တဲ့ ဝုဗ်တို့ တန်းဆင်းဇုန်ထဲက ဖူလ်ဟမ်နဲ့ ရှက်ဖီးလ်ယူနိုက်တက်တို့ကို အနိုင်ရခဲ့ပေမယ့် နောက်ဆုံးပွဲမှာတော့ ဘန်လေကို အိမ်ကွင်းမှာ ၄ ဂိုးပြတ်နဲ့ ရှုံးနိမ့်ထားပါတယ်။ တကယ်တမ်းတော့ နူနိုအက်စ်ပီရီတို ဆန်းတို့စ်ရဲ့ အသင်းက အရည်အသွေး ရှိတဲ့ ကစားသမားတွေ အများကြီး ပိုင်ဆိုင်ထားတာပါ။ ဒါပေမယ့် ရာအူးလ်ဂျင်မီနက်ဇ် ဒဏ်ရာရသွားပြီး ကတည်းက ဝုဗ်တို့ရဲ့ တိုက်စစ်ပိုင်းက တော်တော်လေး အားနည်းသွားပြီး ဂိုးသွင်းတတ်ရုံ သာမက ဖန်တီးမှုလည်း ကောင်းတဲ့ လူငယ်ကြယ်ပွင့် ပက်ဒရို နီတိုပါ ထပ်နာသွားတဲ့ အခါမှာတော့ ဝုဗ်ဟာ လုံးဝ အဆိပ်မရှိတဲ့ အသင်း ဖြစ်သွားခဲ့ပါတယ်။ နောက်ပြီး မော်တင်ဟို မရှိတဲ့ ကွင်းလယ်က ဘောလုံးမထွက်တော့လို့ ဝုဗ်တို့ ဂိုးရဖို့ ခက်ခက်ခဲခဲ ရုန်းနေရတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ပွဲဆက်နိုင်ပွဲပျောက်ခဲ့တဲ့ ဝုဗ်တို့ တန်းဆင်းဇုန်ထဲက ဖူလ်ဟမ်နဲ့ ရှက်ဖီးလ်ယူနိုက်တက်တို့ကို အနိုင်ရခဲ့ပေမယ့် နောက်ဆုံးပွဲမှာတော့ ဘန်လေကို အိမ်ကွင်းမှာ ၄ ဂိုးပြတ်နဲ့ ရှုံးနိမ့်ထားပါတယ်။
နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာ ဘန်လေကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ထားခဲ့တဲ့ ဝုဗ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဝက်စ်ဘရွန်းနဲ့ ဝုဗ်တို့ရဲ့ နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်မှာ ဝက်စ်ဘရွန်းတို့ ၃ ကြိမ် အထိ အနိုင်ရခဲ့ပြီး ဝုဗ်တို့ကတော့ ၁ ကြိမ်ပဲ ပြန်ပြီး အနိုင်ရထားပါတယ်။ ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံတိုင်းမှာ သွင်းဂိုးတွေ များခဲ့ပြီး အခုနှစ် ပရီးမီးယားလိဂ် ပထမအကျော့ ပွဲစဉ်မှာလည်း ဝက်စ်ဘရွန်းတို့ ၂-၃ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဝက်စ်ဘရွန်း – ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် အချိန်ပြည့် 1X2 အိမ်ရှင် @ 2.74
မေလ ၃ ရက်, ည ၁၁:၃၀ နာရီ (GMT + ၆:၃၀)

1X2 မှာ အိမ်ရှင်အသင်းအတွက်  ၂.၇၅ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၂.၆၂ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၂၀ ဆ ကြေးဖွင့်ထားပါတယ်။ ဝက်စ်ဘရွန်းတို့ တန်းဆင်းရဖို့ သေချာသလောက် ရှိနေပေမယ့် တတ်နိုင်သမျှ ရုန်းဦးမယ့် သဘောရှိတယ်။ ဝုဗ်ကတော့ ရှုံးလည်း မရှုံးချင်၊ နိုင်ပွဲရဖို့ကလည်း မစွမ်းဆောင်နိုင်တဲ့ ဟိုမရောက်သည်မရောက် အခြေအနေကို ရောက်နေတယ်။ ဝက်စ်ဘရွန်းရဲ့ ဖိအားပေးမှုကို ဝုဗ်တို့ ဒီအတိုင်း ငြိမ်ခံမှာတော့ မဟုတ်ပါဘူး။ အပြန်အလှန်ရှိလာနိုင်ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အမြင့်ပိုရောက်နေတဲ့ ဝက်စ်ဘရွန်း ကပ်နိုင်သွားမယ် ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်