နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနိုက်တက်တို့ ၃ မှတ်အပြည့်ရမယ် – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

မန်ချက်စတာယူနိုက်တက် – ဘရိုက်တန်

ပရီးမီးယားလိဂ် ပွဲစဉ် ၃၀ ရဲ့ နောက်ကျပွဲ တစ်ပွဲဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ဘရိုက်တန် တို့ကတော့ ဧပြီလ ၅ ရက်နေ့ မနက်အစောပိုင်းမှာ ကစားမှာ ဖြစ်ပါတယ်။  ပရီးမီးယားလိဂ် မှာ ဘရိုက်တန်နဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၅ ကြိမ်စလုံး အနိုင်ရထားတဲ့ မန်ချက်စတာယူနိုက်တက်တို့ အခုတစ်ကြိမ်မှာရော အသာရသွားဦးမလား ဆိုတာ စောင့်ကြည့်ရပါမယ်။

 
မန်ချက်စတာယူနိုက်တက် တို့ ပရီးမီးယားလိဂ် မှာ လန်ဒန်ကလပ်တွေကို နှစ်ပွဲဆက် သရေကျခဲ့ပေမယ့် မန်ချက်စတာစီးတီး၊ ဝက်စ်ဟမ်းတို့ကို ပြန်လည် အနိုင်ယူပြီး အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ဆက်လက် ရပ်တည်နေပါတယ်။ အမှတ်ပေးချန်ပီယံဆု အတွက် မျှော်လင့်လို့ မရတော့ပေမယ့် ရာသီအကုန်မှာ အဆင့် ၂ နေရာ ရရှိရေး အတွက် အားစိုက်ကစားနေပြီး ဆိုးလ်ရှား အနေနဲ့ ယူရိုပါလိဂ်ဖလားကိုပါ မျှော်လင့်နေပုံ ပေါ်ပါတယ်။ လက်စတာစီးတီးနဲ့ အက်ဖ်အေဖလားမှာတုန်းက စိတ်မချရတဲ့ လူစာရင်းကို အသုံးပြုရင် ဘယ်လို ဖြစ်သွားနိုင်တယ် ဆိုတာ ကို ဆိုးလ်ရှား အနေနဲ့ ကောင်းကောင်းနားလည် သဘောပေါက်သွားလောက်ပြီ ဖြစ်လို့ ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်၊ ပေါလ်ပေါ့ဘာ၊ ကာဗာနီ တို့လို ကစားသမားတွေကို အစုံအလင် အသုံးပြုပြီး ပွဲထွက်လာနိုင်ချေ ရှိနေပါတယ်။ နောက်တစ်ချက်က အဆင့် ၃ နေရာက လက်စတာစီးတီးနဲ့ ၁ မှတ်သာ ကွာဟနေလို့ လက်စတာ ပွဲကြပ်နေချိန်ကို အခွင့်ကောင်းယူပြီး ရမှတ် တတ်နိုင်သလောက် ဖြတ်နိုင်ဖို့ ကြိုးပမ်းလာပါလိမ့်မယ်။ ယူနိုက်တက် ရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၇ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၄ ပွဲ ရှုံးနိမ့်ထားပါတယ်။

ဘရိုက်တန်ကတော့နောက်ပိုင်းပွဲစဉ်တွေမှာရလဒ်ပြန်ကောင်းနေပြီးဆောင်သမ်တန်၊နယူးကာဆယ်တို့ကိုအနိုင်ယူပြီးပရီးမီးယားလိဂ်အဆင့်၁၆နေရာကိုပြန်လည်ရောက်ရှိလာပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရပ်တည်နေတဲ့ ဘရိုက်တန်

ဘရိုက်တန်ကတော့ နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်ပြန်ကောင်းနေပြီး ဆောင်သမ်တန်၊ နယူးကာဆယ်တို့ကို အနိုင်ယူပြီး ပရီးမီးယားလိဂ် အဆင့် ၁၆ နေရာကို ပြန်လည် ရောက်ရှိလာပါတယ်။ ရမှတ် ၃၂ မှတ်နဲ့ တန်းဆင်းဇုန်အထဲက အသင်းနဲ့ ၄ မှတ်အကွာမှာ ရပ်တည်နေပါတယ်။ ဘရိုက်တန်တို့ လက်တလောမှာ အဓိက ကစားသမားတွေ ဒဏ်ရာရ/ပွဲပယ် ကင်းရှင်းနေလို့ လူစာရင်းအပြည့်အစုံနဲ့ ပွဲထွက်လာပြီး မန်ချက်စတာယူနိုက်တက် ကိုတော့ ခက်ခဲစေဦးမှာပါ။ နောက်ပြီး ကစားသမားဟောင်း ဝဲလ်ဘတ်၊ လယ်လာနာ တို့ဟာ ယူနိုက်တက်နဲ့ တွေ့ဆုံချိန်တိုင်း ခြေစွမ်းပြတတ်ပြီး နိုင်ငံတကာ ပွဲစဉ်တွေမှာ ခြေစွမ်းပြနေတဲ့ ထရိုဆက်ဒ်လည်း ပါဝင်လာဖို့ ရှိလို့ အိမ်ရှင်အသင်းကို အကောင်းဆုံး ရင်ဆိုင်နိုင်ပါလိမ့်မယ်။ ဘရိုက်တန်ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၅ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၅ ပွဲရှုံးထားလို့ အခြေအနေ အဆိုးကြီးတော့ မဟုတ်ပါဘူး။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း

ယူနိုက်တက်နဲ့ ဘရိုက်တန်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု ၂၅ ကြိမ်မှာတော့ ယူနိုက်တက်တို့ ၁၇ကြိမ် အထိ အနိုင်ရခဲ့ပြီး ၃ ကြိမ်သာ ရှုံးနိမ့်ခဲ့ပါတယ်။ သရေပွဲကတော့ ၅ ပွဲအထိ ရှိထားပြီး ဒီရာသီမှာတော့ ၂ ကြိမ် တွေ့ဆုံထားပြီး ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ၂-၃၊ လိဂ်ဖလားမှာတော့ ၀-၃ ရလဒ်တွေနဲ့ ယူနိုက်တက်တို့ အနိုင်ရထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
မန်ချက်စတာယူနိုက်တက် – ဘရိုက်တန် 1X2 မန်ချက်စတာယူနိုက်တက် @ ၁.၆၁ ဆ
ဧပြီလ ၅ရက်, မနက်၁:၀၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက် ၁.၆၁ ဆနဲ့ဧည့်သည်အသင်းအတွက်၅.၅၀ ဆကြေးဖွင့်ပြီးသရေအတွက် ၃.၉၀ ဆကြေးဖွင့်ထားတာတွေ့ရပါတယ်။ယူနိုက်တက်တို့ လက်စတာစီးတီး ကို အက်ဖ်အေဖလားမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ နာကျင်မှုကနေ ရုန်းထွက်ရပါမယ်။ လက်တလော ပရီးမီးယားလိဂ် မှာ ပုံစံကောင်း ရနေတဲ့ မန်ချက်စတာယူနိုက်တက်တို့ ဘရိုက်တန်နဲ့ တွေ့ဆုံချိန်တိုင်း အသာရခဲ့တဲ့ အစဉ်အလာကို ဆက်ထိန်းဦးမှာပါ။ ခန့်မှန်းရလဒ်ကတော့ ၃-၁ ပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်