နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ထူးခြားတဲ့ စံချိန် မှတ်တမ်းတွေနဲ့ ရာသီသစ် စတင်ခဲ့တဲ့ ပရီးမီးယားလိဂ်

၂၀၂၁/၂၀၂၂ ဘောလုံးရာသီရဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်တွေ ကတော့ ရင်ခုန် စိတ်လှုပ်ရှားစရာ အပြည့်နဲ့ပဲ ပြန်လည် စတင်လာခဲ့ပါတယ်။ အဖွင့်ပွဲစဉ် ဖြစ်တာကြောင့် ပြိုင်ပွဲဝင် အသင်းတွေ အားလုံး အားအင် အပြည့်နဲ့ ကစားသွားခဲ့ကြပြီး အပြန်အလှန် သွင်းဂိုးတွေနဲ့ တော်တော်လေးကို အကြိတ်အနယ် ရှိတဲ့ ပွဲကောင်းတွေ ဖြစ်ခဲ့ပါတယ်။ ပွဲစဉ် တချို့မှာ မထင်မှတ်တဲ့ ရလဒ်တွေနဲ့ ထွက်ပေါ်ခဲ့ပေမယ့် ကျန်ပွဲစဉ် အများစု ကတော့ အားလုံး မျှော်လင့်ထားတဲ့ အတိုင်းပဲ ပြီးဆုံးခဲ့တယ်လို့ ဆိုရမှာပါ။

၂၀၂၁/၂၀၂၂ ပရီးမီးယားလိဂ် ပွဲစဉ် (၁)ရဲ့ ထူးခြားချက် တချို့ကို ပြန်ကြည့်မယ် ဆိုရင်တော့…
 
၁။ ပရီးမီးယားလိဂ် သမိုင်းရဲ့ ဒုတိယမြောက် သွင်းဂိုး အများဆုံး အဖွင့် ရက်သတ္တပတ်

၂၀၂၁/၂၀၂၂ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် ၁၀ ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ မှာတော့ စုစုပေါင်း သွင်းဂိုး ၃၄ ဂိုး အထိ ရှိခဲ့ပြီး ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဒုတိယမြောက် ဂိုးအများဆုံး အဖွင့်ပွဲ ရက်သတ္တပတ် ဖြစ်ခဲ့ပါတယ်။ ၃ ဂိုးနဲ့ ၃ ဂိုးအထက် သွင်းယူခဲ့ကြတဲ့ အသင်း ၆ သင်း ရှိခဲ့ပြီး (မန်ချက်စတာယူနိုက်တက် ၅-၁ လိဒ်စ်ယူနိုက်တက်)နဲ့ (နယူးကာဆယ် ၂-၄ ဝက်စ်ဟမ်း) ကတော့ အဖွင့် ရက်သတ္တပတ်ရဲ့ နှစ်သင်းပေါင်း သွင်းဂိုး အများဆုံး ပွဲတွေလည်း ဖြစ်ပါတယ်။ ၂၀၀၃/၂၀၀၄ ပရီးမီးယားလိဂ် ဘောလုံးရာသီ ပွဲစဉ် (၁) ကတော့ ပြိုင်ပွဲ သမိုင်းတစ်လျှောက် သွင်းဂိုး အများဆုံး အဖွင့် ရက်သတ္တပတ် အဖြစ် စံချိန်တင်ထားခဲ့ပါတယ်။

ပေါ့ဘာဟာ လိဒ်စ်ယူနိုက်တက်နဲ့ ပွဲမှာ ဖန်တီးမှု ၄ ကြိမ် ပြုလုပ်ခဲ့ပြီး ပရီးမီးယားလိဂ် မှာ တစ်ပွဲတည်း ဖန်တီးမှု ၄ ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ ၇ ဦးမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။
တစ်ပွဲတည်း ဖန်တီးမှု ၄ ကြိမ် ပြုလုပ်ခဲ့တဲ့ ပထမဦးဆုံး မန်ချက်စတာယူနိုက်တက် ကစားသမား

 
၂။ တစ်ပွဲတည်း ဖန်တီးမှု (၄) ကြိမ် ပြုလုပ်ခဲ့တဲ့ ပေါ့ဘာ

ပေါ့ဘာဟာ လိဒ်စ်ယူနိုက်တက်နဲ့ ပွဲမှာ ဖန်တီးမှု ၄ ကြိမ် ပြုလုပ်ခဲ့ပြီး ပရီးမီးယားလိဂ် မှာ တစ်ပွဲတည်း ဖန်တီးမှု ၄ ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ ၇ ဦးမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ပေါ့ဘာဟာ ယူနိုက်တက် ကစားသမားတွေ ထဲမှာ ပထမဦးဆုံး စွမ်းဆောင်နိုင်ခဲ့သူလည်း ဖြစ်လာခဲ့ပါတယ်။ ဖန်တီးမှု ၃ ကြိမ် ပြုလုပ်ခဲ့တဲ့ ယူနိုက်တက် ကစားသမား ကတော့ ဗလင်စီယာ ဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ စွမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပေါ့ဘာဟာ ယူနိုက်တက် အတွက် နောက်ဆုံး ၁၀ နှစ် အတွင်း ၃ ကြိမ်နဲ့ အထက် ဖန်တီးမှု ပြုလုပ်ခဲ့တဲ့ ပထမဦးဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။
 
၃ | ရာသီသစ်ရဲ့ ပွဲဦးထွက် ဟက်ထရစ်ရှင် ဖာနန်ဒက်ဇ်

ဘရူနို ဖာနန်ဒက်စ်ဟာ အခုနှစ် ပရီးမီးယားလိဂ်ရဲ့ ပထမဆုံး ဟက်ထရစ်ရှင် ဖြစ်ခဲ့ပြီး သူ့အတွက် မန်ချက်စတာယူနိုက်တက် ကစားသမားဘဝ ပထမဆုံး အကြိမ် ရရှိတဲ့ ဟက်ထရစ် လည်း ဖြစ်ပါတယ်။ သူ့ရဲ့ ဟက်ထရစ်ဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ရာသီအဖွင့် ရက်သတ္တပတ်ရဲ့ ၁၀ ကြိမ်မြောက် ဟက်ထရစ် လည်း ဖြစ်လာခဲ့ပါတယ်။
 
၄ | အဆင့်မြင့်တန်း သွင်းဂိုး (၈၀၀၀) ပြည့်သွားတဲ့ လစ်ဗားပူလ်

လစ်ဗားပူးလ်တို့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် မှာတော့ ဂျိုတာ၊ ဖေမီနို၊ မိုဆာလာ တို့ရဲ့ သွင်းဂိုးတွေနဲ့  နော့ဝစ်ချ်ကို ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ ပွဲချိန် ၆၅ မိနစ်မှာ မိုဆာလာရဲ့ ဖန်တီးပေးမှု ကနေ လူစားဝင် တိုက်စစ်မှူး ရော်ဘတ်တို ဖေမီနိုက ဒုတိယဂိုး သွင်းယူပေးခဲ့ပြီး ဒီဂိုးကြောင့် လစ်ဗာပူးလ်တို့ အင်္ဂလန် အဆင့်မြင့်တန်း ပြိုင်ပွဲမှာ သွင်းဂိုး ၈၀၀၀ ပြည့်သွားခဲ့ပါတယ်။ အဲ့နောက် ကြိုးကြာနီတွေ အတွက် ၈၀၀၁ ဂိုးမြောက် ကိုတော့ မိုဟာမက် ဆာလာ က သွင်းယူ ပေးခဲ့ပါတယ်။ အင်္ဂလန် အဆင့်မြင့်တန်း ပြိုင်ပွဲ/ ပရီးမီးယားလိဂ်မှာ ဂိုးအများဆုံး သွင်းထားတဲ့ အသင်း ကတော့ မန်ချက်စတာယူနိုက်တက် ဖြစ်ပြီး ၈၀၈၉ ဂိုး အထိ သွင်းယူ ထားနိုင်ခဲ့ပါတယ်။

 
၅ | ချဲလ်ဆီးရဲ့ အကြိမ် (၅၀) မြောက် တိုက်ရိုက် ဖရီးကစ် သွင်းဂိုး

ချဲလ်ဆီး အတွက် ၂၀၂၁/၂၂ ပရီးမီးယားလိဂ် ရာသီ ပွဲဦးထွက် သွင်းဂိုး ကိုတော့ တောင်ပံကစားသမား မားကို့စ် အလွန်ဆိုက သွင်းယူ ပေးခဲ့ပြီး အလွတ်တည်ကန်ဘော ကနေ တိုက်ရိုက် ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးဟာ ချဲလ်ဆီးရဲ့ သမိုင်းမှာ အကြိမ် ၅၀ မြောက် ရရှိတဲ့ တိုက်ရိုက် ဖရီးကစ် သွင်းဂိုး ဖြစ်လာခဲ့ပြီး မန်ချက်စတာယူနိုက်တက် ကတော့ ၆၄ ဂိုးနဲ့ အများဆုံး စံချိန် တင်ထားပါတယ်။
 
၆ |  စပါးကို အဝေးကွင်းမှာ (၄) ကြိမ်ဆက် ရှုံးတဲ့ ပပ်ဂွာဒီယိုလာ

ဂွါဒီယိုလာ ဟာ တော့တင်ဟမ်ဟော့စပါးကို အဝေးကွင်းမှာ ၄ ကြိမ် ဆက်တိုက် ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး ဒါဟာ သူ့ရဲ့ နည်းပြ ဘဝမှာ အသင်း တစ်သင်းကို အဝေးကွင်းမှာ ၄ ကြိမ်ဆက် ပထမဆုံး အကြိမ် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဂွါဒီယိုလာဟာ ပိုချက်တီနို၊ မော်ရင်ဟို၊ နူနို အက်စ်ပီရီတို ဆန်းတိုစ့် တို့လို နည်းပြ ၃ ဦးကို ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဆွန်ဟောင်မင်ဟာ မန်စီးတီးကို အနိုင်ရခဲ့တဲ့ ၄ ပွဲလုံးမှာ စပါး အတွက် ဂိုးသွင်းပေးနိုင်ခဲ့သူ ဖြစ်လာပါတယ်။ စပါး နည်းပြသစ် နူနို ဆန်းတို့စ်ဟာ မော်ရင်ဟို၊ ကလော့ပ်၊ ဆိုးလ်ရှား တို့လို ပပ်ဂွာဒီယိုလာကို ပရီးမီးယားလိဂ်မှာ အများဆုံး အနိုင်ရထားတဲ့ နည်းပြ ဖြစ်လာခဲ့ပါတယ်။
 
၇ |  (၅) ရာသီဆက်တိုက် အဖွင့်ပွဲမှာ ဂိုးသွင်းတဲ့ မိုဟာမက် ဆာလာ

နော့ဝစ်ချ်နဲ့ ပွဲမှာ တတိယဂိုး သွင်းခဲ့တဲ့ လစ်ဗာပူးလ် တိုက်စစ်မှူး မိုဟာမက် ဆာလာ ကတော့ ပရီးမီးယားလိဂ် ၅ ရာသီ ဆက်တိုက် အဖွင့်ပွဲစဉ်တွေမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ပထမဦးဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ မိုဆာလာ ဟာ ၂၀၁၇/၂၀၁၈ ဘောလုံးရာသီ ဝက်ဖို့ဒ်နဲ့ အဖွင့် ပွဲစဉ်မှာ ဂိုးစသွင်းခဲ့ပြီး အီဂျစ် တိုက်စစ်မှူး အနေနဲ့ ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ ပြည့်ဖို့ ကလည်း ၄ ဂိုးသာ လိုအပ်ပါတော့တယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်