နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘရာမောလ်လိန်းမှာ အနိုင်ရပြီး အဖိုးတန်အနိုင် ၃ မှတ်ရရှိခဲ့တဲ့ သရဲနီများ – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ရှက်ဖီးလ်ယူနိုက်တက်၂ – ၃မန်ချက်စတာယူနိုက်တက်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ကျပွဲစဉ်တစ်ပွဲမှာတော့ မန်ချက်စတာယူနိုက်တက်က ရှက်ဖီးလ်ယူနိုက်တက်ရဲ့ အိမ်ကွင်း ဘရာမောလ်လိန်းမှာ ၂ ဂိုး ၃ ဂိုး ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရပြီး အဖိုးတန် အနိုင် ၃ မှတ်ရရှိခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်တို့ ဂိုးသမားသစ် ဒင်းန် ဟန်ဒါဆင်ကြောင့် ဦးဆောင်ဂိုး စောစောစီးစီး ပေးခဲ့ရပေမယ့် တိုက်စစ်ခြေစွမ်းပြပြီး ဂိုးတွေပြန်သွင်းယူနိုင်ခဲ့လို့ ဒီဇင်ဘာပွဲကြပ်ကာလမှာ တန်ဖိုးရှိတဲ့ အနိုင် ၃ မှတ် အမြတ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

 
ရှက်ဖီးလ်ယူနိုက်တက်တို့ ဒီရာသီမှာ ရလဒ်တွေ တောက်လျောက် ဆိုးရွားနေခဲ့လို့ ဒီဇင်ဘာပရီးမီးယားလိဂ် ပွဲကြပ်ကာလမှာ ခြေစွမ်းယိမ်းယိုင်လာမယ့် အသင်းကြီးတွေဆီက ရမှတ် တတ်နိုင်သလောက် ယူဖို့ အဓိကကစားသမား အစုံအလင်နဲ့ ပွဲထွက်ကစားစေခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် ဘက်မှာတော့ မာစီရယ်ကို အထောင်တိုက်စစ်မှူးနေရာမှာ ထားပြီး မားကပ်စ် ရက်ရှ်ဖို့ဒ်၊ ဖာနန်ဒက်စ်၊ မေဆင်ဂရင်းဝုဒ် တို့နဲ့ တိုက်စစ်ကို ပံ့ပိုးပေးစေခဲ့ပါတယ်။ ကွင်းလယ်မှာတော့ ပေါ့ဘာနဲ့ မက်တစ်ပ်ကို တွဲဖက်ကစားစေခဲ့ပြီး နောက်တန်းမှာ အဲလက်စ်တဲလက်စ်၊ ဟယ်ရီမက်ဂွိုင်းယား၊ လင်ဒီအော့ဖ်၊ အာရွန်ဝမ်ဘစ်ဆာခါ၊ ဂိုးသမားနေရာမှာတော့ လူငယ်ကစားသမား ဒင်းန်ဟန်ဒါဆင်တို့နဲ့ကို အသုံးပြုခဲ့ပါတယ်။ ရှက်ဖီးလ်ယူနိုက်တက်တို့ အိမ်ကွင်းအားသာချက်နဲ့ မန်ချက်စတာယူနိုက်တက် ဘက်ကို ပွဲစတာနဲ့ သွင်းဂိုးတွေ ရယူနိုင်ဖို့ ကြိုးပမ်းခဲ့ပြီး ပွဲချိန် ၅ မိနစ်မှာတော့ ရှက်ဖီးလ်ယူနိုက်တက် ဂိုးသမားဟောင်း ဒင်းနစ်ဟန်ဒါဆင်ရဲ့ ပေါ့ဆမှုက တစ်ဆင့် မန်ချက်စတာယူနိုက်တက် တို့ ဦးဆောင်ဂိုးပေးလိုက်ရပြီး မက်ဂိုးလ်ဒရစ်ခ်က သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက်မှာတော့ ယူနိုက်တက်တို့ ချေပဂိုးရဖို့ အိမ်ရှင်အသင်းဘက်ကို သိသိသာသာ ဖိအားပေးကစားလာခဲ့ပြီး ပွဲချိန် ၂၆ မိနစ်မှာ မားကပ်စ် ရက်ရှ်ဖို့ဒ်က လင်ဒီအော့ဖ်ရဲ့ ဖန်တီးပေးပို့မှုကနေ တစ်ဆင့် ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။ အဲ့နောက် အန်တိုနီမာရှယ်က တစ်ကိုယ်တော်စွမ်းဆောင်ရည်နဲ့ နောက်ထပ် ဦးဆောင်ဂိုး တစ်ဂိုး ထပ်မံသွင်းယူပေးခဲ့လို့ ပထမပိုင်းအပြီးမှာ ၁-၂ နဲ့ယူနိုက်တက်တို့ အနိုင်ရနေခဲ့ပါတယ်။ ဒုတိယပိုင်းစပြီးလို့ ၆ မိနစ်လောက်မှာ မာစီရယ်ရဲ့ ပေးပို့မှုကနေ တစ်ဆင့် မားကပ်စ်ရက်ရှ်ဖို့ဒ် က တတိယမြောက် သွင်းဂိုးရယူပေးခဲ့ပါတယ်။ အဲ့နောက်မှာတော့ မန်ချက်စတာယူနိုက်တက်တို့ ကစားအားကျသွားခဲ့ပြီး ပွဲချိန် ၈၇ မိနစ်မှာ မက်ဂိုးဒရစ်ခ်က ဒုတိယချေပဂိုးသွင်း သွင်းယူပေးခဲ့လို့ မန်ချက်စတာယူနိုက်တက် အသင်းသားတွေ ဖိအားဝင်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲပြီးချိန်အထိ အကောင်းဆုံး ကစားပြီး ရှက်ဖီးလ်ယူနိုက်တက်ရဲ့ ထိုးဖောက်မှုတွေကို တားဆီးနိုင်ခဲ့လို့ ၂-၃ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်တို့လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာလိဒ်စ်ယူနိုက်တက်နဲ့ယှဉ်ပြိုင်ကစားဖို့ရှိနေပြီးရှက်ဖီးလ်ယူနိုက်တက်ကတော့ဘရိုက်တန်တို့အိမ်ကွင်းမှာသွားရောက်ကစားရဖို့ရှိနေပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၆ နေရာမှာရပ်တည်နေတဲ့ မန်ချက်စတာယူနိုက်တက်

 

ပွဲပြီးသုံးသပ်ချက်

မန်ချက်စတာယူနိုက်တက်တို့ အခုပွဲမှာ ခြေစွမ်းကောင်းခဲ့တယ်ဆိုပေမယ့် တိုက်စစ်ကစားသမားတွေရဲ့ တစ်ကိုယ်ကောင်းဆန်မှု တချို့ကို မြင်တွေ့ခဲ့ရပါတယ်။ အန်တိုနီမာရှယ်ကတော့ ဖိအားဝင်နေတဲ့ ကစားသမားပေမယ့် အတတ်နိုင်ဆုံး အကောင်းဆုံး ကစားသွားခဲ့တာ တွေ့ရပြီး ဂိုးပေါက်ကန်သွင်းမှု ၄ ကြိမ်မှာ ၁ ဂိုးရပြီး ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ မားကပ်စ်ရက်ရှ်ဖို့ဒ် အနေနဲ့လည်း ၂ ဂိုး သွင်းပြီးလို့ ဟက်ထရစ်ရချင်တာကြောင့် တစ်ကိုယ်ကောင်းဆန်မှုတချို့ရှိခဲ့ပြီး မေဆင်ဂရင်းဝုဒ်ကလည်း သွင်းဂိုးလိုချင်တာကြောင့် ဘရူနိုဖာနန်ဒက်စ်ဆီကနေ ဖရီးကစ် တောင်းကန်တာတွေ ပြုလုပ်ခဲ့တာတွေ့ရပါတယ်။ အကျဉ်းချုံးသုံးသပ်ရမယ်ဆိုရင် အသင်းလိုက်ကစားပုံ အားနည်းချက် တချို့ရှိခဲ့တာကလွဲရင် ယူနိုက်တက်တို့ ကစားပုံကောင်းခဲ့ပြီး ရှက်ဖီးလ်ယူနိုက်တက်ကတော့ ရလဒ်ဆိုးတွေကနေ ရုန်းထ နိုင်ဖို့ အကောင်းဆုံး ကြိုးပမ်းခဲ့ပေမယ့် မလုံလောက်ခဲ့လို့ ရှုံးနိမ့့်ခဲ့တာ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

မန်ချက်စတာယူနိုက်တက်တို့ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ လိဒ်စ်ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီး ရှက်ဖီးလ်ယူနိုက်တက် ကတော့ ဘရိုက်တန်တို့ အိမ်ကွင်းမှာ သွားရောက်ကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်