နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စိတ်ဓာတ်တက်ကြွနေတဲ့ ဝုဗ်တို့ဘက်မှာ ရပ်တည်ကြမယ် – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ဘန်လေ vs ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ ရဲ့ နောက်အကျဆုံး ပွဲစဉ် ၂ ပွဲထဲက တစ်ပွဲ ဖြစ်တဲ့ ဘန်လေနဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် တို့ရဲ့ ပွဲစဉ်ကိုတော့  SBOTOP ပရိသတ်တွေအတွက် ပွဲကြိုခန့်မှန်းသုံးသပ်ပေးချင်ပါတယ်။ လက်ရှိမှာ ခြေစွမ်းပြန်ကောင်းလာတဲ့ နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လို့ မထင်မှတ်ပဲ အကြိတ်အနယ်ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်လာဖို့ရှိနေပါတယ်။

ဘန်လေတို့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ပွဲမှာ အဲဗာတန်၊ အာဆင်နယ်၊ အက်စတွန်ဗီလာ အသင်းတွေနဲ့ ကစားခဲ့ ရပေမယ့် အဲဗာတန်နဲ့ အက်စတွန်ဗီလာတို့ကို သရေကစားခဲ့ပြီး အာဆင်နယ်ကို အနိုင်ရထားတာကြောင့် စိတ်ဓာတ် တက်ကြွနေကြပါလိမ့်မယ်။ ဘန်လေတို့ ရာသီ အဖွင့်ပွဲစဉ်တွေတုန်းက တော်တော်လေး ရုန်းကန်ခဲ့ရပြီး ရှုံးပွဲတွေ ဆက်ခဲ့လို့ လက်ရှိမှာလည်း တန်းဆင်းဇုန်ထဲမှာ ရပ်တည်နေရဆဲ ဖြစ်ပါတယ်။ ပွဲစဉ် ၉ မှာ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရလိုက်တာဟာ ဘန်လေတို့ အတွက် အားတက်စရာ ဖြစ်ခဲ့ပြီး ပွဲစဉ် ၁၀ မှာ မန်ချက်စတာစီးတီးကို ၅ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲကလွဲရင် နောက်ထပ် ကစားတဲ့ ၃ ပွဲမှာ ရှုံးပွဲလုံးဝ မရှိတော့ပါဘူး။ ဘန်လေမှာ လက်တလော ခရစ္စဝုဒ်၊ အက်ရှ်လေဝက်စ်ဝုဒ်၊ တာကောစကီး၊ ဘန်မီး၊ ဘရောင်းဟေးလ်တို့ အတွဲအဖက်မိနေပြီး အရင်က ဘန်လေ အသင်းကို ပြန်လည် မြင်တွေ့နေရ သလိုပါပဲ။ ဘန်လေတို့ လက်ရှိမှာ အမှတ်ပေးဇယား အဆင့် ၁၈ နေရာမှာ ရပ်တည်နေပြီး ၁၂ ပွဲ ကစား၊ ၄ ပွဲသရေ၊ ၆ ပွဲရှုံးပြီး ရမှတ် ၁၀ မှတ်ရရှိထားပါတယ်။ အခုပွဲမှာသာ အိမ်ကွင်းနိုင်ပွဲ ရှာတွေ့ခဲ့မယ်ဆိုရင် ဘန်လေတို့ အမှတ်ပေးဇယား အဆင့် ၁၆ နေရာလောက်အထိ တက်လှမ်းနိုင်မှာဖြစ်လို့ ဝုဗ်ကို မာမာထန်ထန် တုန့်ပြန်ကစားပြီး တတ်နိုင်သမျှ ရမှတ်ယူဖို့ မျှော်လင့်လာပါလိမ့်မယ်။

ဝုဗ်တို့ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေကျပြီး ၂ ပွဲရှုံးနိမ့်ထားပါတယ်။ လက်ရှိဝုဗ်တို့ရဲ့ ခြေစွမ်းက တစ်ပွဲနဲ့တစ်ပွဲ ခြေစွမ်းအတက်အကျ မညီပဲ ဆောက်သမ်တန်ကို သရေကျပြီး လစ်ဗာပူးလ်၊ အက်စတွန်ဗီလာတို့ကို ရှုံးနိမ့်ထားပေမယ့် အာဆင်နယ်၊ ချဲလ်ဆီးတို့လို အသင်းတွေကို အနိုင်ရထားတာ တွေ့ရပါတယ်။ ဝုဗ်တို့ ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ ပွဲစဉ် မှာတုန်းကဆိုရင် တစ်သင်းလုံးရဲ့ စွမ်းဆောင်ရည်က အကောင်းဆုံးမှာ ရှိခဲ့ပြီး ချဲလ်ဆီးလို အသင်းမျိုးကို တစ်ပွဲလုံး ဂိုးပေါက်ခြိမ်းခြောက်မှု ၁၂ ကြိမ်အထိ ပြန်လည်ပြုလုပ်နိုင်ခဲ့တာ ကတော့ တကယ့်ကို အားရစရာကောင်းပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာ ၁၃ ပွဲကစား၊ ၆ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၅ ပွဲရှုံးထားပြီး ရမှတ် ၂၀ နဲ့ အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။ အခုပွဲစဉ်မှာတော့ ဝုဗ်အသင်းရဲ့ တိုက်စစ်က ပက်ဒရို နီတိုနဲ့ ပိုဒန့်စ် တို့ကို စောင့်ကြည့်ချင်ပါတယ်။

ဘန်လေတို့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ပွဲမှာ အဲဗာတန်၊ အာဆင်နယ်၊ အက်စတွန်ဗီလာ အသင်းတွေနဲ့ ကစားခဲ့ရပေမယ့် အဲဗာတန်နဲ့ အက်စတွန်ဗီလာတို့ကို သရေကစားခဲ့ပြီး အာဆင်နယ်ကို အနိုင်ရထားတာကြောင့် စိတ်ဓာတ်တက်ကြွနေကြပါလိမ့်မယ်။ ဘန
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၈ နေရာမှာ ရပ်တည်နေတဲ့ ဘန်လေ

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဘန်လေနဲ့ ဝုဗ်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု ၁၇ ကြိမ်မှာတော့ ဘန်လေက ၅  ကြိမ်အနိုင်ရပြီး ဝုဗ်ကတော့ ၈ ကြိမ်အနိုင်ရထားပါတယ်။ သရေပွဲကတော့ ၄ ကြိမ်ရှိထားပြီး မနှစ်က ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာတော့ သရေရလဒ် တွေနဲ့ ပွဲပြီးဆုံးထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဘန်လေ vs ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် 1X2 ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် @ 2.23
ဒီဇင်ဘာလ ၂၂ ရက်, ည ၁၂:၀၀နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၃.၃၅ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၂.၂၃ဆ ကြေးဖွင့်ထားပြီး သရေအတွက် ၃.၁၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိမှာ ဘန်လေရော ဝုဗ်ရော ခြေစွမ်းထက်မြတ်နေတာ မို့လို ခန့်မှန်းရခက်နေပါလိမ့်မယ်။ နောက်ပြီး ထိပ်တိုက်တွေ့ဆုံမှုအရ ကြည့်မယ်ဆိုရင် ဘန်လေ အိမ်ကွင်းမှာ ကစားရ တိုင်း ဝုဗ်တို့ အသာမရခဲ့လို့ အခုပွဲမှာလည်း ရုန်းကန်ရပါလိမ့်မယ်။ ဒါပေမယ့် နိုင်ပွဲလိုအပ်ချက်အတွက် ဝုဗ်တို့ အဝေးကွင်းမှာ အားစိုက်ကစားလာပါလိမ့်မယ်။ ဝုဗ်တို့ကို ယုံယုံကြည်ကြည်နဲ့ အားပေးကြရအောင်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်