နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၄ ပွဲဆက် အနိုင်နဲ့ အတူ ပုံစံကောင်းကို ဆက်ထိန်းထားနိုင်ခဲ့တဲ့ ဝုဗ် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

ဘရန့်ဖို့ဒ် ၁- ၂ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

ပရီးမီးယားလိဂ် အလယ်အလတ် အသင်း နှစ်သင်းရဲ့ အားပြိုင်မှုကို မြင်တွေ့ခဲ့ရတာပါ။ ဝုဗ်ရဲ့ ကွင်းလယ် အစုအဖွဲ့က ပရီးမီးယားလိဂ် အသင်းကြီးတွေ ကိုတောင် ယှဉ်ကစားနိုင်တဲ့ အနေအထားမို့လို့ တကယ်တမ်း မှာလည်း တော်တော်လေး အလုပ်ဖြစ်ခဲ့ပါတယ်။ ကစားသမားတွေရဲ့ အဆုံးသတ်ပိုင်း သေချာမှု၊ အခွင့်အရေး အသုံးချနိုင်မှုတွေက ဒီပွဲရဲ့ အနိုင်ရလဒ်ကို အဆုံးအဖြတ်ပေးခဲ့တာပါ။ ဘောလုံးပိုင်ဆိုင်မှု အပိုင်းမှာ ကွာဟချက် မရှိခဲ့ပေမယ့် အခွင့်အရေး ပိုပြီးအသုံးချနိုင်ခဲ့တဲ့ ဝုဗ်တို့ အနိုင်ရရှိသွားခဲ့တယ် လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

ပွဲစဉ်အကျဉ်း

ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ဆက်နေတဲ့ ဝုဗ်ဗာဟမ်တန် အတွက် တကယ်ကို ခက်ခဲတဲ့ ပွဲစဉ် ဖြစ်ခဲ့ပါတယ်။ အိမ်ရှင် ဘရန့်ဖို့ဒ် အနေနဲ့  နောက်ဆုံး ၄ ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ထားမှုက ဒီပွဲအတွက် ပိုပြီး အားစိုက်စရာ ဖြစ်လာခဲ့လို့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့တာပါ။ အဓိက တိုက်စစ်မှူးတွေ ဖြစ်တဲ့ တိုနေး၊ အမ်ဘူမို တို့ကို အထောင်ထားပြီး နော်ဂတ်ဒ်၊ ဂျန်ဆန်၊  ကာနို့စ်၊ ဟင်နရီ၊ ပီနော့ခ် တို့နဲ့အတူ ဘရန့်ဖို့ဒ်တို့ လူစုံခဲ့ပါတယ်။ ၃-၅-၂ ပုံစံကို အသားပြုလာတဲ့ ဝုဗ်မှာတော့ ပိုဒန့်စ်၊ ဆေးလ်ဗား၊ ကိုအာဒီ၊ ဆီမီဒို၊ နီဗက်စ်၊ မော်တင်ဟိုတို့ ပါဝင်လာခဲ့တာပါ။ ပွဲအစကတည်းက ဘရန့်ဖို့ဒ်တို့ ဖိကစားခဲ့ပေမယ့် ဂိုးတော့မရခဲ့ပါဘူး။ မောင်းသူမဲ့ ဒရုန်းတစ်စင်းကြောင့် ပွဲချိန်အနည်းငယ် ရွှေ့ဆိုင်းခဲ့ပြီး ပြန်စတဲ့ အချိန်မှာတော့ ဝုဗ်ဗာဟမ်တန်တို့ ပိုပြီး အလုပ်ဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်စစချင်းမှာတင် ဝုဗ်ဗာဟမ်တန်တို့ မထင်မှတ်ဘဲ ဂိုးရရှိသွားခဲ့ပါတယ်။ ဆီမီဒိုနဲ့ ဂျာအို မော်တင်ဟို တို့အကြား နားလည်မှုရှိရှိနဲ့ ရယူခဲ့တဲ့ဂိုးလို့ပဲ ဆိုရမှာပါ။ ဂိုးဧရိယာ ထိပ်နားကနေ ဝေ့ဝိုက်ကန်သွင်းချက်က တော်တော်လေးလည်း လှပခဲ့ပါတယ်။ ဂိုးပေးလိုက်ရပြီးတဲ့နောက် ဘရန့်ဖို့ဒ်တို့ ခံစစ်ကို အကျစ်လစ်ဆုံး ကစားလာခြင်း နဲ့အတူ ချေပဂိုးရဖို့ အားစိုက်လာခဲ့ပါတယ်။ တကယ်တမ်းမှာလည်း ဘရန့်ဖို့ဒ်ရဲ့ ကစားပုံက အလုပ်ဖြစ်ခဲ့သလို ဝုဗ်ဗာဟမ်တန်နောက်တန်း ဖိအားတွေ ရှိလာခဲ့ပါတယ်။ ပွဲချိန် ၇၁ မိနစ်မှာ ပြစ်ဒဏ်ဘောကနေ တဆင့်ရရှိခဲ့တာကို တိုက်စစ်မှူး တိုနေးက ၁၈ ကိုက်စည်း အတွင်း ကနေ မြေမကျဘော အဖြစ် ဝေ့ဝိုက် ကန်သွင်းပြီး အိမ်ရှင်အသင်း အတွက် ချေပဂိုး ဖြစ်စေခဲ့ပါတယ်။ တိုက်စစ် ကစားသမားတစ်ဦးရဲ့ အတိကျဆုံး အဆုံးသတ် ဂိုးလည်း ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းပွဲချိန် မှာတော့ ဝုဗ်ဗာဟမ်တန်ကပဲ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားလာခဲ့ပါတယ်။ ချေပဂိုးပေးရပြီး ၇ မိနစ်အကြာမှာတင် နီဗက်စ်က ဂိုးဧရိယာ ထိပ်ကနေ အပြင်းကန်သွင်းပြီး ဝုဗ်ဗာဟမ်တန် အတွက် ဒုတိယ ဦးဆောင်ဂိုး ဖြစ်စေခဲ့ပါတယ်။ ဂိုးနှစ်ဂိုးရဲ့ အနေအထားက ဘရန့်ဖို့ဒ် ကွင်းလယ်နဲ့ နောက်တန်းရဲ့ အမှားကြောင့် ရခဲ့တာဖြစ်ပြီး ဂိုးသမား လိုဆယ်ဆိုရဲ့ အဝေးကန်ချက် ကာကွယ်မှု အားနည်းချက်ကြောင့်လည်း အိမ်ရှင်တို့ နစ်နာခဲ့ရတာပါ။ ပွဲပြီးခါနီးမှာ နှစ်သင်းလုံး အခွင့်အရေး ထပ်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ ပွဲအပြီးမှာ ဘရန့်ဖို့ဒ်တို့ အိမ်ကွင်းရှုံးပွဲနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ပရီးမီးယားလိဂ်မှာ နိုင်ပွဲ လိုအပ်နေတဲ့ အသင်း နှစ်သင်းရဲ့ အားပြိုင်မှုက တော်တော်လေး ပြင်းထန်ခဲ့တယ်လို့ပဲ ဆိုရပါမယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရောက်ရှိနေတဲ့ ဘရန့်ဖို့ဒ်

ပွဲပြီးသုံးသပ်ချက်

ပရီးမီးယားလိဂ်မှာ နိုင်ပွဲ လိုအပ်နေတဲ့ အသင်း နှစ်သင်းရဲ့ အားပြိုင်မှုက တော်တော်လေး ပြင်းထန်ခဲ့တယ်လို့ပဲ ဆိုရပါမယ်။ နိုင်ပွဲ ဆက်နေတဲ့ ဝုဗ် အနေနဲ့ ၄ ပွဲဆက် ရှုံးပွဲတွေ့နေတဲ့ အိမ်ရှင် ဘရန့်ဖို့ဒ်ကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပါတယ်။ ပထမပိုင်း တစ်ပိုင်းလုံး အခွင့်အရေး ကိုယ်စီ ရရှိခဲ့ကြပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ နှစ်သင်းလုံးရဲ့ တိုက်စစ်ပိုင်းက တော်တော်လေး ထက်မြတ်ခဲ့သလို အလုပ်လည်း ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ဝုဗ်ဗာဟမ်တန်ရဲ့ ကွင်းလယ် အစုအဖွဲ့က ပြိုင်ဘက်အပေါ် အသာစီး ရယူနိုင်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။ ဘရန့်ဖို့ဒ် တိုက်စစ်ကတော့ လိုအပ်တဲ့ ချေပဂိုးတစ်ဂိုး ရယူပေးနိုင်ခြင်း နဲ့အတူ တာဝန်ကျေခဲ့ပေမယ့် ခံစစ်ပိုင်းကတော့ လိုအပ်ချက် များခဲ့ပါတယ်။ အထူးသဖြင့် ဘရန့်ဖို့ဒ် ဂိုးသမား လိုဆယ်ဆိုရဲ့ အဝေးကန်ချက် ကာကွယ်နိုင်မှု အပိုင်းကတော့ တော်တော်လေး အမှားများခဲ့တာပါ။ ဂိုးသမားရဲ့ အမှားကို နီဗက်စ်၊ မော်တင်ဟိုတို့ အကောင်းဆုံး အသုံးချပြီး အဝေးကန်ချက်တွေနဲ့ ဂိုးတွေရယူနိုင်ခဲ့လို့ ဝုဗ်ဗာဟမ်တန်တို့ ၅ ပွဲဆက် အနိုင်ရလဒ် နဲ့အတူ မျက်နှာပန်းလှခဲ့တယ်လို့ပဲ ဆိုရမှာပါ။

လာလီဂါ
ရီးယဲလ်မက်ဒရစ်
ဂရာနာဒါ
1X2 သရေ @ 5.60
ရီးယဲလ်မက်ဒရစ် အာရှ ဟန်းဒီးကပ် -1.75 @ 1.97
ဂိုးပေါ် 3.25 @ 2.02
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လာမယ့်ပွဲစဉ်များ

ဘရန့်ဖို့ဒ် အနေနဲ့ လာမယ့် အက်ဖ်အေဖလား ပွဲစဉ်မှာ အဲဗာတန် အသင်းရဲ့ အိမ်ကွင်းကို သွားကစားရဖို့ ရှိနေပြီး ဝုဗ်ဗာဟမ်တန် အနေနဲ့ကလည်း အက်ဖ်အေဖလား ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ နော့ဝှစ်ချ်စီးတီးကို ဧည့်ခံ ရင်ဆိုင်ကစားရဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်