နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် – အက်စတွန်ဗီလာ | ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ (ပွဲကြိုသုံးသပ်ချက်)

ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် – အက်စတွန်ဗီလာ

ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ စနေနေ့ညရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်နဲ့ အက်စတွန်ဗီလာတို့ မိုလီနက်စ် ကွင်းမှာ ယှဉ်ပြိုင်ကစားကြဖို့ ရှိနေပါတယ်။

ဝုဗ် ကတော့ အရေးကြီးတဲ့ အချိန်မှ တောက်လောက် ခြေချော်နေလို့ ရာသီသိမ်းချိန်မှာ ဥရောပပြိုင်ပွဲ ဝင်ခွင့် တစ်နေရာ ရဖို့တောင် ခက်ခဲနေခဲ့ပါပြီ။ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲမှာ ခြေပျက်နေတဲ့ အဲဗာတန်နဲ့ တန်းဆင်းဇုန်ထဲက ဝက်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ ပွဲတွေ ကလွဲလို့ ကျန် ၄ ပွဲမှာ စိတ်ပျက်စရာ ခြေစွမ်းနဲ့ ရှုံးနိမ့်ထားခဲ့ပါတယ်။ လက်ရှိ အဆင့် ၅ နေရာက စပါးနဲ့ ၅ မှတ် ကွာဟနေပေမယ့် ၁ ပွဲပို ကစားထားပါတယ်။ ထူးထူးခြားခြား ဝုဗ်တို့ ဒီရာသီမှာ အဝေးကွင်း စွမ်းဆောင်ရည်ထက် အိမ်ကွင်း စွမ်းဆောင်ရည်က ပိုညံ့နေတာ‌ တွေ့ရပြီး ရှုံးပွဲ ၇ ပွဲအထိ ရှိထားခဲ့ပါတယ်။ ဝုဗ်ဟာ ထိပ်ဆုံးက ၃ သင်း ပြီးရင် ခံစစ် အကောင်းဆုံး အသင်း ဖြစ်နေပေမယ့် တိုက်စစ် ကတော့ အညံ့ဆုံး ၅ သင်းထဲမှာ ပါဝင်နေပါတယ်။ အခုပွဲမှာ တိုက်စစ်က ရာအူးလ် ဂျင်မီနက်ဇ် ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်ဖို့ ရှိနေပြီး အဓိက ကွင်းလယ်လူ ဖြစ်တဲ့ ရူဘင်နီးဗက်စ် ကလည်း ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါကြောင့် ဘရူနို လာ့ချ် အနေနဲ့ ဟီချန်ဟွမ် ကိုပဲ အထောင် တိုက်စစ်မှူး အဖြစ် အသုံးပြုရဖို့ ရှိနေပြီး ပိုဒန့်စ်၊ ထရင်ကာအို တို့နဲ့ ရံကစားစေမယ့် သဘော ရှိပါတယ်။ ကွင်းလယ်မှာ မော်တင်ဟိုနဲ့ ဒန်ဒွန်ကာ အတွဲကို မြင်တွေ့ရနိုင်ပြီး တောင်ပံတွေမှာ နျူရီနဲ့ ဂျွန်နီ၊ ခံစစ်မှာ ကိုဒီ၊ ဘိုလီနဲ့ ဆာအိစ်၊ ဂိုး မှာတော့ ဂျိုဆေးဆားပဲ ပွဲထွက်လာနိုင်ပါတယ်။

ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ဘရိုက်တန်၊ ဆောက်သမ်တန်နဲ့ လိဒ်စ်တို့ကို ပေးဂိုး မရှိ ဂိုးပြတ် အနိုင်ယူခဲ့ပေမယ့် နောက်ဆုံး ၂ ပွဲ မှာတော့ လန်ဒန်မြို့ခံ အသင်းတွေ ဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ အာဆင်နယ်ကို ပြန်ရှုံးထားပါတယ်။
ပရီးမီးယားလိဂ် အဝေးကွင်း နောက်ဆုံး ၃ ပွဲမှာ ၂ ပွဲနိုင်၊ ၁ ပွဲရှုံးထားတဲ့ အက်စတွန်ဗီလာ

ဂျရတ်ရဲ့ ဗီလာ ကတော့ ပုံစံကောင်း ပြန်ရနေပြီလို့ မပြောရဲလောက်အောင် ၃ ပွဲလောက် နိုင်ပွဲ ဆက်ပြီးတာနဲ့ ပြန်ရှုံးတော့တာပါပဲ။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ဘရိုက်တန်၊ ဆောက်သမ်တန်နဲ့ လိဒ်စ်တို့ကို ပေးဂိုး မရှိ ဂိုးပြတ် အနိုင်ယူခဲ့ပေမယ့် နောက်ဆုံး ၂ ပွဲ မှာတော့ လန်ဒန်မြို့ခံ အသင်းတွေ ဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ အာဆင်နယ်ကို ပြန်ရှုံးထားပါတယ်။ ဗီလာဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ သရေပွဲ အနည်းဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်ပြီး အဝေးကွင်းမှာ ဆိုရင် သရေပွဲ ၁ ပွဲတောင် မရှိပဲ ၅ ပွဲနိုင်ပြီး ၉ ပွဲ ရှုံးထားတာ တွေ့ရပါတယ်။ လက်တလော အသင်းမှာ ဟောက်စ် တစ်ဦးတည်း ဒဏ်ရာ ပြသနာ ရှိနေလို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာဖို့ ရှိပါတယ်။ ၄-၃-၃ အခင်းအကျင်းနဲ့ကိုမှ ဝက်ကင်န်စ်၊ ဘူအန်ဒီရာ၊ ကော်တင်ဟို တိုက်စစ် အတွဲအဖက်နဲ့ မက်ဂင်းန်၊ ဒေါက်ဂလပ်စ် လူးဝစ်ဇ်၊ မက်ဂင်းန်၊ ရမ်ဆေး၊ ဒစ်ဂ်နီး၊ မင်းဂ်၊ ကွန်ဆာ၊ ကတ်ရှ်၊ မာတီနက်ဇ် တို့ကို ပွဲထွက်လူစာရင်းမှာ မြင်တွေ့ရဖို့ ရှိပါတယ်။

ပရီးမီးယား လိဂ်
ဘရိုက်တန်
နော်ဝစ်မြို့
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြိုင်ပွဲစုံ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၁၅ ကြိမ်မှာ ဝုဗ်က ၆ ကြိမ်နိုင်ပြီး အက်စတွန်ဗီလာက ၅ ကြိမ် အနိုင်ရထားခဲ့ပါတယ်။ ၄ ကြိမ် ကတော့ သရေရလဒ် ထွက်ပေါ်ထားခဲ့ပြီး နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၅ ပွဲမှာ သရေ ၁ ပွဲသာ ရှိထားခဲ့ပြီး ဝုဗ်က ၃ ပွဲ အထိ အနိုင်ရထားခဲ့ပါတယ်။ အခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ် ပထမအကျော့ ပွဲစဉ် မှာတော့ ဝုဗ်တို့ ဗီလာပါ့ခ်မှာ အကြိတ်အနယ် ကစားပြီး ၂-၃ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ ဝုဗ် အတွက် ၂.၇၉ ဆ၊ အက်စတွန်ဗီလာ အတွက် ၂.၆၉ ဆ၊ သရေ အတွက် ၂.၉၄ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ လက်ရှိမှာ နှစ်သင်းလုံး ခြေစွမ်းပိုင်းရော၊ ရလဒ်ပိုင်းပါ မတည်မငြိမ် ဖြစ်နေလို့ ရွေးချယ်ရတော့ ခက်ပါတယ်။ ဝုဗ်တို့ နောက်ဆုံး ၅ ပွဲမှာ ၇ ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ဗီလာ ကလည်း တစ်ပွဲ ပျမ်းမျှ ၁ ဂိုးနှုန်းလောက် ရထားတဲ့ အသင်း ဖြစ်လို့ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရဖွယ် ရှိပြီး ဂိုးပေါ်နိုင်ပါတယ်။ ရွေးချယ်မှု တစ်ခု အနေနဲ့ ဆိုရင် ခြေစွမ်း အနည်းငယ် ပိုပြီး တည်ငြိမ်တဲ့ အိမ်ရှင် ဝုဗ် နဲ့ပဲ လက်တွဲထားချင်ပါတယ်။

ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်