နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကွင်းလယ်ပိုင်းကို သွေးသစ်လောင်းမယ့် ယူနိုက်တက်ရဲ့ ပစ်မှတ် ကစားသမားတွေက ဘယ်သူတွေလဲ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ လာမယ့် နှစ် နွေရာသီမှာ ကွင်းလယ်ပိုင်းကို အဓိကထား အင်အား ဖြည့်တင်းဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ ၂၀၂၆ နွေရာသီမှာ ယူနိုက်တက် ကွင်းလယ်က အတွဲအဖက် အသစ်နဲ့ မြင်တွေ့ရဖို့ ရှိပြီး INEOS က ငွေကြေး ရင်းနှီးမြုပ်နှံမှု ကြီးကြီးမားမား ပြုလုပ်သွားဖို့ ပြင်ဆင်နေကြောင်း သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် ယူနိုက်တက်က သူတို့ ရည်ရွယ်ထားတဲ့ ကွင်းလယ် အတွဲအဖက် အသစ် အတွက် ထိပ်တန်း ကစားသမား တချို့ကို ပစ်မှတ်ထား စောင့်ကြည့်နေပြီး ဒီထဲမှာ နော့တင်ဟမ်ဖောရက်စ်က အဲလီယော့တ် အန်ဒါဆင်၊ ခရစ္စတယ်ပဲလေ့စ်က အဒမ် ဝှာတန်၊ ဘရိုက်တန်က ကားလို့စ် ဘယ်လီဘာ့နဲ့ ဘုန်းမောက်က အဲလက်စ် စကော့တ် တို့လို ကစားသမားတွေကို ပါဝင်နေပါတယ်။

တစ်ဖက်မှာ ယူနိုက်တက်က အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် အပါအဝင် ကိုဘီ မိန်းနူး၊ မန်ဝဲလ် အူဂါတေနဲ့ ကတ်စ်မဲရိုး တို့ကို လာမယ့် အပြောင်းအရွှေ့တွေမှာ လက်လွှတ်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။ လာမဲ့နှစ်၊ ဖေဖော်ဝါရီမှာ အသက် ၃၄ နှစ် ပြည့်မဲ့ ဘရာဇီးလ် ဝါရင့် ကွင်းလယ်လူ ကတ်စ်မဲရိုးဟာ ဒီရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး အသင်း ကနေ အလွတ်နဲ့ ထွက်ခွာဖို့ ရှိနေတာပါ။ ကိုဘီ မိန်းနူး ကတော့ ယူနိုက်တက်မှာ ပုံမှန် ပွဲထွက်ခွင့် မရတာကြောင့် အသင်း ကနေ ထွက်ခွာချင်နေသူ ဖြစ်ပါတယ်။ ဒါ့အပြင် ဘရူနို ဖာနန်ဒက်စ် ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ယူနိုက်တက်နဲ့ ပတ်သတ်လို့ ပွင့်ပွင့်လင်းလင်း ဖွင့်ဟမှုတွေ ပြုလုပ်ခဲ့တာကြောင့် မကြာခင်မှာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာဖို့ ရှိနေသူ အဖြစ် သတ်မှတ်ခံထားရပါတယ်။ အူဂါတေး ကတော့ သူ့ရဲ့ ခြေစွမ်းကြောင့် ယူနိုက်တက် ပရိသတ်တွေရဲ့ ငြိုငြင်ခြင်းကို ခံနေရပြီး အနာဂတ် မသေချာ ဖြစ်နေပါတယ်။

ဒါကြောင့် ယူနိုက်တက်က ကွင်းလယ်ပိုင်းကို မဖြစ်မနေ သွေးသစ်လောင်းဖို့ လိုအပ်လာပြီး ပရီးမီးယားလိဂ်နဲ့ အသားကျပြီး ဖြစ်သလို ခြေစွမ်းပြနေတဲ့ ကစားသမားတွေကို စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက် သဘောအကျဆုံး ဖြစ်နေတဲ့ ကွင်းလယ်လူ ကတော့ အသက် ၂၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ နော့တင်ဟမ်ဖော်ရက်စ် ကွင်းလယ်လူ အဲလီယော့တ် အန်ဒါဆင်ပါ။ သူဟာ ဖောရက်စ်နဲ့ ၂၀၂၉ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီး အင်္ဂလန် လက်ရွေးစင် အသင်း မှာလည်း ပုံမှန် ကစားခွင့် ရနေတာကြောင့် သူ့ရဲ့ ဈေးကွက် ပေါက်ကြေး ကတော့ ဆက်တိုက် မြင့်တက်နေပါတယ်။

သတင်းတွေအရ ဆိုရင် ပရီးမီးယားလိဂ် ထိပ်သီး တို့က အထက်ပါ ကစားသမား ၄ ဦးထဲက ၂ ဦးကို ခေါ်ယူသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
ကွင်းလယ်ပိုင်း အတွက် အဓိက ပစ်မှတ် ကစားသမား ၄ ဦးထဲက ၂ ဦးကို အရခေါ်သွားမယ့် ယူနိုက်တက်

နောက်ထပ် တစ်ဦး ကတော့ အသက် ၂၁ နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လူငယ် ကြယ်ပွင့် အဒမ် ဝှာတန် ဖြစ်ပါတယ်။ သူကလည်း ခရစ္စတယ်ပဲလေ့စ်နဲ့ ၂၀၂၉ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေသေးပြီး သူ့ကိုတော့ လန်ဒန် ကလပ် ဘက်က ကြိုက်ကြေးရရင် ရောင်းထုတ်သွားဖို့ ရှိနေပါတယ်။ ဒါပေမယ့်လည်း ကစားသမားရဲ့ လက်ရှိ ခြေစွမ်းနဲ့ အသက်အရွယ်အရ ယူနိုက်တက်တို့ တန်ကြေး နည်းနည်းနဲ့ ခေါ်ယူနိုင်ဖို့တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ဘရိုက်တန်နဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ် ကျန်ရှိနေတဲ့ ကားလို့စ် ဘယ်လီဘာ့ ကိုတော့ ယူနိုက်တက်က ပြီးခဲ့တဲ့ရာသီ ကတည်းက ခေါ်ယူချင်ခဲ့တာပါ။ ဒါပေမယ့်လည်း ဘရိုက်တန်နဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းလို့ မရတာကြောင့် လက်လျှော့ခဲ့ရတာပါ။ အသက် ၂၁ နှစ် အရွယ် ကင်မရွန်းသား ကတော့ ဒီရာသီမှာ ခြေစွမ်း အနည်းငယ် ပြန်လည် ကျဆင်းနေတာကြောင့် ဘရိုက်တန် ဘက်က ကြိုက်ကြေးရတာနဲ့ ချက်ချင်း ရောင်းထုတ်သွားဖို့ ရှိပေမယ့် ယူနိုက်တက်တို့ ဈေးပေါပေါနဲ့တော့ ခေါ်ယူခွင့်ရှိမှာ မဟုတ်ပါဘူး။

ယူနိုက်တက်တို့ စိတ်ဝင်စားနေတဲ့ သူတွေထဲက နောက်ဆုံး တစ်ယောက် ကတော့ ဘုန်းမောက်က ၂၂ နှစ်သား အဲလက်စ် စကော့တ် ဖြစ်ပါတယ်။ စကော့တ်ရဲ့ လက်ရှိ ဈေးကွက် တန်ကြေးက ပေါင် သန်း ၃၀ မကျော်ပေမယ့် ဘုန်းမောက် ကလည်း အနည်းဆုံး ပေါင်သန်း ၅၀ ဝန်းကျင် ရမှ ရောင်းထုတ်ဖို့ ရှိနေကြောင်း သိရပါတယ်။

သတင်းတွေအရ ဆိုရင် ပရီးမီးယားလိဂ် ထိပ်သီး တို့က အထက်ပါ ကစားသမား ၄ ဦးထဲက ၂ ဦးကို ခေါ်ယူသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ရူဘင် အမော်ရင်က ကွင်းလယ်မှာ ဘောလုံးကို ကောင်းကောင်း ကိုင်ထားနိုင်ပြီး အရှိန်အဟုန်နဲ့ ကစားနိုင်သူကို ရှာဖွေနေတာကြောင့် နံပါတ် ၆ နဲ့ box-to-box ကစားနိုင်သူ တစ်ဦးကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။
ဗြိတိန်မီဒီယာတွေ မှာတော့ ယူနိုက်တက်က ဘုန်းမောက်က တိုင်လာ အဒမ်စ်၊ စတုဂတ်က အိန်ဂျလို စတီလာ၊ အက်တလက်တီကိုမက်ဒရစ်က ကော်နာ ဂယ်လာဟာ၊ အဲလ်ဟီလာက ရူဘင် နီးဗက်စ်၊ ဝုဗ်က ယာအို ဂိုးမက်စ် တို့ကိုလည်း ပစ်မှတ်တွေ အဖြစ် သတ်မှတ်ထားကြောင်း ဖော်ပြလျက် ရှိပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်