ဒီရာသီ ပရီးမီးယားလိဂ်မှာ အသင်းကြီးတွေရဲ့ ခြေစွမ်း မတည်ငြိမ်မှုက ပရိသတ်တွေ အတွက်တော့ စိတ်ပျက်စရာပါ။ ဒါပေမယ့်လည်း တစ်ဖက်မှာတော့ ဥရောပ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ပြိုင်ဆိုင်မှုတွေ ကတော့ တော်တော်လေးကို စိတ်လှုပ်ရှားဖို့ ကောင်းနေပါတယ်။ ဒီတော့ ၂၀၂၅-၂၆ ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ပြိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး Opta စူပါကွန်ပျူတာရဲ့ နောက်ဆုံး တွက်ချက်မှု ရလဒ်တွေကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
၁။ သေချာနေတဲ့ နှစ်သင်း
အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ ကတော့ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အကြိတ်အနယ် လုနေကြသလို ချန်ပီယံလိဂ် ဝင်ခွင့် အတွက်လည်း စူပါကွန်ပျူတာရဲ့ အကြိမ် ၁၀,၀၀၀ စမ်းသပ် တွက်ချက်မှုမှာ အာဆင်နယ်က အဆင့် (၃) အတွင်း ဝင်ဖို့ ၁၀၀ ရာခိုင်နှုန်း သေချာနေပါတယ်။ မန်စီးတီးက ထိပ်ဆုံး (၄) သင်း စာရင်းဝင်ဖို့ ၉၉.၉၁ ရာခိုင်နှုန်း အထိ အခွင့်အရေး ရှိနေလို့ ဝင်ခွင့်ရဖို့ စိတ်ချရပြီလို့ ဆိုနိုင်ပါတယ်။
၂။ အဓိက ပြိုင်ဘက် ၄ သင်းရဲ့ အခွင့်အရေး
အင်္ဂလန် ကလပ်တွေရဲ့ ဥရောပပြိုင်ပွဲ ခြေစွမ်းအရ ဒီနှစ်မှာ ချန်ပီယံလိဂ် ဝင်ခွင့် (၅) နေရာ အထိ ရဖို့ အခွင့်အရေး များနေတာကြောင့် အာဆင်နယ်နဲ့ မန်စီးတီး အပြင် နောက်ထပ် ၃ နေရာစာ အတွက် အောက်ပါအတိုင်း အခွင့်အရေး ရှိနေတာ တွေ့ရပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ နည်းပြ မိုက်ကယ် ကာရစ်ခ် လက်ထက်မှာ ပရီးမီးယားလိဂ် ရလဒ်တွေ ကောင်းနေခဲ့ပေမယ့် နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့လို့ အနည်းငယ် အရှိန်တန့်သွားခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ဘက်တွေ ဖြစ်တဲ့ အက်စတွန်ဗီလာနဲ့ လစ်ဗာပူးလ် တို့ကပါ လိုက်ရှုံးခဲ့လို့ အခွင့်အရေး ကတော့ အားကောင်းနေဆဲ ဖြစ်ပါတယ်။

အက်စတွန်ဗီလာ ကတော့ ချဲလ်ဆီး ကတော့ အိမ်ကွင်းမှာ ၄-၁ နဲ့ ရှုံးခဲ့လို့ အဆင့် (၄) ကို ဆင်းပေးလိုက်ရပေမဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အလားအလာ အကောင်းဆုံး အသင်း အဖြစ် သတ်မှတ်ခံထားရဆဲပါ။
အမှတ်ပေးဇယား အောက်ခြေက ဝုဗ်ကို ရှုံးခဲ့တာဟာ အာနေး ဆလော့တ်ရဲ့ အသင်း အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကြိုးကြာနီတွေဟာ ပရီးမီးယားလိဂ် အဆင့် (၅) အတွင်း ဝင်ဖို့ ၆၃.၁ ရာခိုင်နှုန်း အထိ ရှိနေပါသေးတယ်။
၃။ တခြားသော မျှော်လင့်ချက် ရှိနေတဲ့ အသင်းများ
ကိတ်သ် အန်ဒရူးစ်ရဲ့ ဘရန့်ဖို့ဒ်ဟာ ပရီးမီးယားလိဂ် အဆင့် (၅) အတွင်း ဝင်ဖို့ ၁၀.၈ ရာခိုင်နှုန်း အခွင့်အရေး ရှိနေပြီး အံ့အားသင့်စရာ ခြေစွမ်းပြနေပါတယ်။ ဒေးဗစ် မွိုက်စ်ရဲ့ အဲဗာတန်ဟာ အဝေးကွင်း ခြေစွမ်းကောင်းမွန်မှုကြောင့် အဆင့် (၅) အတွင်း ဝင်ဖို့ ၁.၇ ရာခိုင်နှုန်း အထိ မျှော်လင့်ချက် ရှိလာပါတယ်။ နယူးကာဆယ် ကတော့ မန်ချက်စတာယူနိုက်တက်ကို အနိုင်ရပြီးနောက် အဆင့် (၅) အတွင်း ဝင်ဖို့ ၀.၆ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့ပါတယ်။ တခြားသော ကလပ်တွေ ဖြစ်တဲ့ ဘုန်းမောက်က (၀.၆ ရာခိုင်နှုန်း)၊ ဖူလ်ဟမ်က (၀.၄ ရာခိုင်နှုန်း)၊ ဘရိုက်တန် (၀.၃ ရာခိုင်နှုန်း) နဲ့ ဆန်းဒါးလန်း (၀.၂ ရာခိုင်နှုန်း) တို့ကတော့ အခွင့်အရေး အနည်းငယ်စီသာ ရှိနေတာ တွေ့ရပါတယ်။
၄။ ရှေ့လာမယ့် အရေးကြီးဆုံး ပွဲစဉ်
သေချာတာ ကတော့ ဒီလထဲမှာ ကစားမယ့် မန်ချက်စတာယူနိုက်တက်နဲ့ အက်စတွန်ဗီလာ တို့ရဲ့ အိုးလ်ထရက်ဖို့ဒ် ပွဲစဉ်ဟာ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အဆုံးအဖြတ်ပေးမယ့် ပွဲတစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


