နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အင်္ဂလန် ဒါဘီမှာ ဘယ်အသင်း အသာရသွားမလဲ | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာယူနိုက်တက် – လစ်ဗာပူးလ်

စူပါဆန်းဒေး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ပွဲစဉ် တစ်ပွဲ အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ လစ်ဗာပူးလ်တို့ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းပိုင်း ကွာဟချက် ရှိနေပေမယ့် ယူနိုက်တက်ဟာ အသင်းကြီးတွေနဲ့ ဆိုရင် ခြေကုန်ထုတ် ကစားတတ်လို့ ကြည့်ကောင်းတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။

ယူနိုက်တက်က ပြီးခဲ့တဲ့ပွဲတွေမှာ ဘရန့်ဖို့ဒ်နဲ့ သရေ၊ လစ်ဗာပူးလ်ကို ရှုံးပြီး ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့ပါတယ်။ အဆင့် ၄ နေရာက ဗီလာနဲ့ ၁၁ မှတ်၊ အဆင့် ၅ နေရာက စပါးနဲ့ ၉ မှတ် အထိ ကွာဟနေပေမယ့် အဲရစ်ခ် တန်ဟက်ဂ် ကတော့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ဇွဲမလျော့သေးတာ တွေ့ရပါတယ်။ ယူနိုက်တက်ရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်မယ် ဆိုရင်တော့ ၈ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၅ ပွဲ ရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ လစ်ဗာပူးလ် ကတော့ ချန်ပီယံဆု အတွက် အခြေအနေ အကောင်းဆုံး အသင်း အဖြစ် သတ်မှတ်ခံထားရပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် အနိုင်ရထားခဲ့ပြီးတော့ နိုင်ပွဲ ရဖို့ မခက်တဲ့ ပုံစံကောင်း တစ်ခုကို ပြသနေတာပါ။ လစ်ဗာပူးလ် အနေနဲ့ အဓိက ပြိုင်ဘက် အာဆင်နယ်နဲ့ မန်စီးတီး တို့ကို အမှတ် ဆက်ဖြတ်ထားနိုင်ဖို့ ဒီပွဲကို အမှားမခံစတမ်း ကစားဦးမှာ ဖြစ်ပြီး ယူနိုက်တက်ကို အက်ဖ်အေဖလား ရှုံးကြွေးလည်း ပြန်ဆပ်ချင်နေမှာ သေချာပါတယ်။ လစ်ဗာပူးလ်ဟာ အဝေးကွင်း နိုင်ပွဲ ၈ ပွဲ၊ သရေ ၄ ပွဲ၊ ရှုံးပွဲ ၂ ပွဲ ရှိထားပြီး ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ တတိယမြောက် အဝေးကွင်း ရလဒ် အကောင်းဆုံး အသင်း အဖြစ်လည်း ရပ်တည်နေပါတယ်။


နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ နှစ်ဖက်အသင်း ကစားသမား အများအပြား လွဲချော်ဖို့ ရှိနေပြီး ယူနိုက်တက် ဘက်မှာ ဘေရင်ဒီရာ၊ မာစီရယ်၊ ကတ်စ်မဲရိုး၊ အီဗန့်စ်၊ မာတီနက်ဇ်၊ လုခ် ရှော၊ ဗာရန်း၊ မလာစီယာ၊ လင်ဒီလော့ဖ် တို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အပါအဝင် အဓိက ပြိုင်ပွဲကြီးတွေရဲ့ နောက်ပိုင်း တွေ့ဆုံမှုတွေမှာ လစ်ဗာပူးလ်တို့ အသာရခဲ့ပေမယ့် အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၂ ပွဲဆက် ယူနိုက်တက်တို့ အနိုင်ရထားပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လစ်ဗာပူးလ်

လစ်ဗာပူးလ် ဘက်မှာတော့ အလီဆွန်၊ ဒိုအက်ခ်၊ ဂျိုတာ၊ မက်တစ်ပ်၊ ဘက်ဂျ်စီတစ်၊ သီယာဂို၊ အာနိုးလ် တို့ ပါဝင်ကစားနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

မန်ချက်စတာယူနိုက်တက် – အိုနာနာ၊ မက်ဂွိုင်းယား၊ ကမ်ဘွယ်လာ၊ ဝမ် ဘစ်ဆာခါ၊ ဒါးလော့တ်၊ မိန်းနူး၊ မက်တော်မီနေး၊ ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်၊ ဂါနာချို၊ ဟွိုက်ဂျ်လန်း

လစ်ဗာပူးလ် – ခယ်လာဟာ၊ ကွမ်ဆာ၊ ဗန်ဒိုက်ခ်၊ ဘရက်ဒ်လီ၊ ရော်ဘတ်ဆန်၊ အန်ဒို၊ ဆဘို့ဇ်လိုင်း၊ မက် အယ်လစ္စတာ၊ ဆာလာ၊ ဒီးယက်ဇ်၊ နူညက်ဇ်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၃၇ ကြိမ် တွေ့ဆုံထားခဲ့ရာမှာ ယူနိုက်တက်က ၁၆ ကြိမ်နိုင်၊ ၉ ကြိမ် သရေကျပြီး လစ်ဗာပူးလ်က ၁၂ ကြိမ် အနိုင်ရထားပါတယ်။ ပရီးမီးယားလိဂ် အပါအဝင် အဓိက ပြိုင်ပွဲကြီးတွေရဲ့ နောက်ပိုင်း တွေ့ဆုံမှုတွေမှာ လစ်ဗာပူးလ်တို့ အသာရခဲ့ပေမယ့် အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၂ ပွဲဆက် ယူနိုက်တက်တို့ အနိုင်ရထားပါတယ်။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ယူနိုက်တက်က ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးခဲ့ပြီးတော့ လစ်ဗာပူးလ် ကတော့ ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ယူနိုက်တက် နိုင်ရင် ၄.၃၂ ဆ၊ လစ်ဗာပူးလ် နိုင်ရင် ၁.၅၆ဆ၊ သရေ ဆိုရင်တော့ ၄.၃၃ ဆ ပေးထားပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ လစ်ဗာပူးလ်က ၁ လုံး သရေ၊ ၁ လုံး တစ်ဝက်ရှုံး ကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ နှစ်သင်းပေါင်း ၄ လုံး သွင်းမှ စိတ်အေးရမှာပါ။ အိုးထရက်ဖို့ဒ်မှာ ကစားရမှာ မှန်ပေမယ့် လစ်ဗာပူးလ် ဘက်က ဒီလို ကြေးမျိုး ပေးထားတာကို ကြည့်ခြင်းအားဖြင့် ဘွတ်ကီတွေ အနေနဲ့ လစ်ဗာပူးလ် ကျိန်းသေပေါက် နိုင်မယ်လို့ တွက်ဆထားပုံပါပဲ။ တကယ်တမ်းလည်း လက်ရှိ ခြေစွမ်းအရ လစ်ဗာပူးလ်တို့ ယူနိုက်တက် အနိုင်ယူနိုင်စွမ်း အပြည့် ရှိပါတယ်။ ဒါကြောင့် လစ်ဗာပူးလ် ဘက်မှာပဲ
နေတာ စိတ်ချရပါလိမ့်မယ်။

ခန့်မှန်းရလဒ်

မန်ချက်စတာယူနိုက်တက် ၀-၂ လစ်ဗာပူးလ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်