နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပြိုင်ဘက်တွေရဲ့ ခြေချော်မှုကို အခွင့်အရေး မယူနိုင်ခဲ့တဲ့ ဝက်စ်ဟမ်း (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

လက်စတာစီးတီး ၂-၂ ဝက်စ်ဟမ်း

ချန်ပီယံလိဂ် ဝင်ခွင့် ပစ်မှတ်ထားနေတဲ့ ဝက်စ်ဟမ်းတို့ အဓိက ပြိုင်ဘက်တွေ ခြေချော်မှုကို အခွင့်အရေး ယူနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ကင်းပါဝါမှာ သရေ ၁ မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ရဲ့ အစဉ်အလာ ပြိုင်ဘက်တွေ ဖြစ်ခဲ့လို့ အကြိတ်အနယ် ရှိခဲ့ပြီး အပြန်အလှန် သွင်းဂိုးတွေနဲ့ ပရိသတ်အကြိုက် ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။


ပွဲစဉ်အကျဉ်း

အိမ်ရှင် လက်စတာစီးတီး ဘက်မှာ ဖိုဖာနာ၊ ကတ်စတန်ညီ၊ ဘာထရန်၊ အီဗန့်စ်၊ ဗာဒီ တို့က လွဲရင် လူစုံခဲ့သလို ဝက်စ်ဟမ်း ကလည်း ဇူးမား၊ အော့ဂ်ဘွန်နာတို့ ကလွဲလို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ် အားသန်တဲ့ အသင်းတွေ ပီပီ လျင်မြန်တဲ့ ကစားပုံနဲ့ အတူ အခွင့်အရေး ရရင် ရသလို ပုံစံ မျိုးစုံနဲ့ ဂိုးရဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ဒါကြောင့် ပွဲအစ ၁၀ မိနစ် မှာတင်ပဲ ဧည့်သည် ဝက်စ်ဟမ်းတို့ ဦးဆောင်ဂိုး ရရှိခဲ့ပြီး ဒီအော့ပ်ရဲ့ ကန်တင်ပေးပို့မှုကနေ ဂျရော့တ် ဘိုဝင်က တစ်ကိုယ်တော် ဆွဲပြေး ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပထမပိုင်း ပြီးခါနီးမှာ ဝက်စ်ဟမ်း နောက်တန်းက ခရက်စ်ဝဲလ် ဂိုးဧရိယာ ထဲမှာ လက်ထိခဲ့တာကြောင့် လက်စတာတို့ ပင်နယ်တီ ကန်ခွင့်ရခဲ့ပါတယ်။ ပင်နယ်တီကိုတော့ ကွင်းလယ်လူ ယိုရီ တေးလီမန့်စ်က အမှားအယွင်း မရှိ ကန်သွင်း အဆုံးသတ်ပေးခဲ့လို့ လက်စတာစီးတီး တို့ ချေပဂိုး ရသွားခဲ့ပြီး ပထမပိုင်း အပြီးမှာ ၁-၁ ဖြစ်နေခဲ့ပါတယ်။

ဘန်ဒက် လီဂါ
မိန့်ဇ်
လေဗာကူဆင်
1X2 လေဗာကူဆင် @ 2.28
မိန့်ဇ် ပထမပိုင်း အာရှ ဟန်းဒီးကပ် 0.00 @ 2.17
ပထမပိုင်း ဂိုးအောက် 1.00 @ 2.36
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒုတိယပိုင်း ၅၇ မိနစ် ဟာဗေး ဘန်းစ် တင်ပေးလိုက်တဲ့ ဘောလုံးကို ရီကာဒို ပရဲရားက ခေါင်းတိုက်ပြီး သွင်းဂိုး ဖြစ်စေခဲ့ အိမ်ရှင်တို့ ၂-၁ ရလဒ်နဲ့ ဦးဆောင်ခွင့် ရခဲ့ပါတယ်။ အဲ့နောက် လက်စတာစီးတီး ဘက်က လွတ်ခ်မန်း၊ ဗတ်စတာဂတ် တို့ကို ထည့်သွင်းပြီး အနိုင်ဂိုးကို ထိန်းဖို့ ကြိုးပမ်းခဲ့ပြီး ဝက်စ်ဟမ်း ကတော့ ဖက်ဒရစ်ခ်၊ ဗလာဆစ်၊ ဘန်ရားမားတို့နဲ့ တိုက်စစ်မြှင့်ပြီး ချေပဂိုး ရဖို့ အားစိုက်လာခဲ့ပါတယ်။ ပွဲချိန် မိနစ် ၉၀ ပြည့်တဲ့ အချိန်ထိ အိမ်ရှင်တို့ အနိုင်ဂိုးကို ထိန်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခရိတ်ချ် ဒေါ်ဆင်ရဲ့ နာကျင် အချိန်ပို ခေါင်းတိုက် သွင်းဂိုးကြောင့် လက်စတာစီးတီးတို့ အသဲကွဲခဲ့ရပြီး ပွဲအပြီး မှာတော့ တစ်ဖက် ၂ ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့လို့ ၁ မှတ်စီပဲ ခွဲယူသွားခဲ့ရပါတယ်။


ပွဲပြီးသုံးသပ်ချက်

ခြေစွမ်းပိုင်းအရ ဆိုရင် ဒီနေ့ပွဲမှာ ဘရန်ဒန် ရော့ဒ်ဂျားစ်ရဲ့ အသင်းက အနည်းငယ် ပိုသာခဲ့တယ်လို့ ပြောလို့ ရပြီး ဒေါ်ဆင်ရဲ့ နောက်ကျဂိုးသာ မရခဲ့ရင် ဝက်စ်ဟမ်းတို့ ရမှတ် ဗလာနဲ့ အိမ်ပြန်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကံတရားရဲ့ မျက်နှာသာ ပေးခြင်းခံခဲ့ရတဲ့ ဒေးဗစ်မွိုက်စ်ရဲ့ အသင်းက ကင်းပါဝါ ကနေ တတ်နိုင်သမျှ အမှတ်ယူပြန်နိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ အတွက် မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပါတယ်။ တစ်ချက်ရှိတာက ဟမ်းမားတို့ ပရီးမီးယားလိဂ် အဆင့် ၄ နေရာမှာ ရှိနေတယ် ဆိုပေမယ့် အဓိက ပြိုင်ဘက် အားလုံးထက် ပွဲပို ကစားထားတာ ကတော့ ဒေးမွိုက်စ် အတွက် စိတ်အေးစရာ ကိစ္စတော့ ဖြစ်မနေခဲ့ပါဘူး။

တစ်ချက်ရှိတာက ဟမ်းမားတို့ ပရီးမီးယားလိဂ် အဆင့် ၄ နေရာမှာ ရှိနေတယ် ဆိုပေမယ့် အဓိက ပြိုင်ဘက် အားလုံးထက် ပွဲပို ကစားထားတာ ကတော့ ဒေးမွိုက်စ် အတွက် စိတ်အေးစရာ ကိစ္စတော့ ဖြစ်မနေခဲ့ပါဘူး။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေတဲ့ လက်စတာစီးတီး

လက်စတာစီးတီး အခြေအနေ ကတော့ အထွေအထူး ပြောစရာ မရှိပါဘူး။ ရုန်းလေ နစ်လေ အခြေအနေ ဖြစ်ပါတယ်။ ပွဲထွက်ကစားသမားတွေ မကြာခဏ ဒဏ်ရာရနေတာက ရော့ဒ်ဂျားစ်ရဲ့ အသင်း ဒီရာသီမှာ ရလဒ်ကောင်းဖို့ ရုန်းကန်နေရခြင်းရဲ့ အဓိက ပြသနာတစ်ခု ဖြစ်နေပါတယ်။ ၅ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေခြင်းနဲ့ အတူ ပရီးမီးယားလိဂ် မှာလည်း ရမှတ် ၂၁ မှတ်သာ စုဆောင်းထားနိုင်တဲ့ လက်စတာတို့ လက်ကျန် ပွဲတွေမှာ ရလဒ်ဆိုးတွေ အောက်က ရုန်းထနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

လက်စတာစီးတီးတို့ လာမယ့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ နော်ဝေကလပ် ရန်းဒါး အသင်းနဲ့ ယူရိုပါကွန်ဖရင့်လိဂ် ၃၂ သင်း ရှုံးထွက် ပွဲစဉ် ကစားရမှာ ဖြစ်ပြီး ဝက်စ်ဟမ်း ကတော့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် ကစားရဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်