ဘုန်းမောက် – ဝက်စ်ဟမ်း
ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ ရဲ့ နောက်ကျပွဲ တစ်ပွဲ အဖြစ် ဘုန်းမောက်နဲ့ ဝက်စ်ဟမ်းတို့ ဗိုက်တယ်လတီကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ် ၁၅ မှာ ရလဒ်ကောင်းတွေ ရှာဖွေထားနိုင်တဲ့ နှစ်သင်းမှာ ဘယ်အသင်းက နိုင်ပွဲ ထပ်မံ ရှာဖွေသွားနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဘုန်းမောက်က နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲမှာ ၃ ပွဲနိုင်၊ ၂ ပွဲ ရှုံးခဲ့ပြီး ပြီးခဲ့တဲ့ ၃ ပွဲဆက်လည်း အနိုင်ရထားပါတယ်။ ဝုဗ်၊ စပါးနဲ့ အစ်ပ်ဆွစ်ချ်ကို အနိုင်ရထားတဲ့ ဘုန်းမောက်က သူတို့ရဲ့ ခြေစွမ်းအမှန်ကို ပြန်ရနေတယ်လို့ ပြောလို့ ရပြီး အိမ်ကွင်းမှာ ၃ မှတ် အပြည့် ရဖို့ ကြိုးစားပါလိမ့်မယ်။ လက်ရှိမှာ အန်ဒိုနီ အိုင်ရာအိုလာရဲ့ အသင်းက ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ ပွဲ ကစားပြီးချိန်အထိ ၇ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၅ ပွဲ ရှုံးထားပါတယ်။ ဘုန်းမောက်ရဲ့ နိုင်ပွဲ အများစုဟာ အိမ်ကွင်းမှာ ရရှိထားခဲ့တာ ဖြစ်ပြီးတော့ ရှုံးပွဲ ၂ ပွဲသာ ရှိထားကာ ချဲလ်ဆီးနဲ့ ဘရိုက်တန်ကို ရှုံးထားတာ ဖြစ်ပါတယ်။
ဟူလီယန် လိုပက်တက်ဂီရဲ့ အသင်းက ခြေစွမ်း အတက်အကျ အရမ်းမြန်ဆန်နေပြီးတော့ မှန်းဆရလည်း ခက်နေပါတယ်။ ဝက်စ်ဟမ်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲမှာ ဆိုရင် ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးထားပါတယ်။ ဟမ်းမားတွေက ပြီးခဲ့တဲ့ ပွဲမှာတော့ ဝုဗ်ကို အနိုင်ရထားခဲ့ပြီး ခြေစွမ်းပိုင်း ကတော့ သိပ်ပြီး အားရစရာ မရှိခဲ့ပါဘူး။ ဒါ့အပြင် ဝက်စ်ဟမ်းရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင် ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၃ ပွဲ ရှုံးထားပါတယ်။
နှစ်ဖက်အသင်း သတင်းများ
ဖြစ်နိုင်ဖွယ် လူစာရင်း
ဘုန်းမောက် – ကီပါ၊ စမစ်၊ ဇဘာညီ၊ ဟိုင်ဆန်၊ ကာကက်ဇ်၊ ခရစ္စတီ၊ ကွတ်ခ်၊ ဆီမီညို၊ ကလွိုင်ဗက်၊ အော့တာရာ၊ အီဗန်နီလ်ဆင်
ဝက်စ်ဟမ်း – ဖေဘီယန်စကီး၊ ဝမ်ဘစ်ဆာခါ၊ အမ်ဗရိုပါးနို့စ်၊ ကေးလ်မန်း၊ ခရက်စ်ဝဲလ်၊ ဆိုချက်ခ်၊ အဲလ်ဗာရက်ဇ်၊ ကူဒု့စ်၊ ဆိုလာ၊ ဆမ်းမားဗီးလ်၊ ဘိုဝင်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၁၇ ကြိမ် တွေ့ဆုံရာမှာ ဘုန်းမောက်က ၅ ကြိမ်နိုင်၊ ဝက်စ်ဟမ်းက ၇ ကြိမ် နိုင်ပြီး ၇ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ ဝက်စ်ဟမ်းက ၃ ကြိမ် နိုင်ပြီး ၂ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ဘုန်းမောက် အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ကြိမ် မှာလည်း ဝက်စ်ဟမ်းက ၁ ကြိမ် နိုင်ကာ ၂ ကြိမ် သရေကျခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဘုန်းမောက် နိုင်ရင် ၁.၇၂ ဆ ရမှာ ဖြစ်ပြီး ဝက်စ်ဟမ်း နိုင်ရင်တော့ ၃.၉၇ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၇၄ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း ဘုန်းမောက်က သရေ အရှုံး၊ တစ်လုံး တစ်ဝက်စား၊ တစ်လုံး သရေကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံးက စဖွင့်ထားပါတယ်။ ဘုန်းမောက်ဟာ ဝက်စ်ဟမ်းနဲ့ နောက်ပိုင်း တွေ့ဆုံမှုတွေမှာ ရုန်းကန်ရတတ်တယ် ဆိုပေမယ့် လက်ရှိ ခြေစွမ်းအရတော့ မရွေးချယ်လို့ မရတဲ့ အခြေအနေပါ။ ခြေစွမ်းပိုင်း ပြန်လည် တည်ငြိမ်နေတဲ့ ဘုန်းမောက်တို့ ဒီတစ်ကြိမ် မှာတော့ ဝက်စ်ဟမ်းကို အသာရသွားမယ် ထင်ပါတယ်။
ခန့်မှန်းရလဒ်
ဘုန်းမောက် ၂-၁ ဝက်စ်ဟမ်း
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.