နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကော်တင်ဟိုနဲ့ ဒန်ဂျိမ်းစ် ခြေစွမ်းပြခဲ့ကြပြီး ၁ မှတ်စီ ခွဲယူခဲ့ကြတဲ့ ဗီလာနဲ့ လိဒ်စ် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

အက်စတွန်ဗီလာ ၃ – ၃ လိဒ်စ်ယူနိုက်တက်

ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာ ၁ ကြိမ်စီ အနိုင်ရထားခဲ့တဲ့ အက်စတွန်ဗီလာနဲ့ လိဒ်စ်ယူနိုက်တက် တို့ရဲ့ အခုတစ်ကြိမ် ပရီးမီးယားလိဂ် ထိပ်တိုက်တွေ့ဆုံမှု ကတော့ ၃ ဂိုးစီ သရေ ရလဒ်နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ အက်စတွန်ဗီလာ ဘက်က ဖိလစ်ပီ ကော်တင်ဟို ခြေစွမ်းပြခဲ့သလို လိဒ်စ်ယူနိုက်တက် ဘက်က ဒန်နီရယ်ဂျိမ်းစ် ဂိုးမြူးခဲ့ပြီး အပြန်အလှန် သွင်းဂိုးတွေနဲ့ ဖျော်ဖြေမှု ရသ အပြည့်အဝ ပေးနိုင်ခဲ့တဲ့ ပွဲစဉ်လည်း ဖြစ်ခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ ဂျရတ်ရဲ့ အသင်းက ၄-၃-၃ နဲ့ ပွဲထွက်ခဲ့ပြီး မာဆယ်လို ဘီရဲယ်ဆာ ရဲ့ အသင်း ကတော့ ၄-၂-၃-၁နဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့ပါတယ်။ ဗီလာ ဘက်မှာ လီယွန်ဘိုင်လီ၊ ထရာအိုရေး တို့ကလွဲလို့ ကော်တင်ဟို၊ ဘူအန်ဒီရာ၊ အိုလီ ဝက်ကင်န်စ်၊ လူးဝစ်ဇ်၊ မက်ဂင်းန်၊ ရမ်ဆေး၊ မင်းဂ်၊ ဒစ်ဂ်နီး၊ ကတ်ရှ်၊ ကွန်ဆာ၊ မာတီနက်ဇ် တို့နဲ့ လူစုံခဲ့ပြီး လိဒ်စ် ဘက်မှာလည်း ကယ်ဗင်ဖီးလစ်၊ ကူပါး၊ ဘမ်းဖို့ဒ်၊ ဖီယာပို တို့ ပါဝင်နိုင်ခဲ့ခြင်း မရှိတာက လွဲရင် တောင့်တင်းခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

နိုင်ပွဲ ပြန်လည် ပျောက်ဆုံးခဲ့တဲ့ အက်စတွန်ဗီလာ အနေနဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရရှိခဲ့မှုနဲ့ အတူ အဆင့် ၁၁ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပြီး ဥရောပဝင်ခွင့် မျှော်လင့်ချက်လည်း ကုန်ဆုံးသလောက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေတဲ့ အက်စတွန်ဗီလာ

အဖွင့်ဂိုး ကိုတော့ ဧည့်သည် လိဒ်စ်ယူနိုက်တက် တိုက်စစ်မှူး ဒန်ဂျိမ်းစ်က ပွဲချိန် ၉ မိနစ်မှာ သွင်းယူပေးခဲ့ပြီး မိနစ် ၃၀ မှာတော့ ကတ်ရှ်ရဲ့ ပေးပို့မှု ကနေ ကော်တင်ဟို က အိမ်ရှင် အသင်း အတွက် ပြန်လည် ချေပ ပေးခဲ့ပါတယ်။ အဲ့နောက် ပွဲကစားချိန် ၃၈ မိနစ်နဲ့ ၄၃ မိနစ် မှာ အက်စတွန်ဗီလာတို့ ဦးဆောင်ဂိုး ၂ ဂိုး ဆက် ရရှိခဲ့ပြီး ၂ ဂိုးစလုံးဟာ ကော်တင်ဟိုရဲ့ တိကျတဲ့ ဖန်တီး ပေးပို့မှု ကနေ ရမ်ဆေးရဲ့ အဆုံးသတ် ကောင်းမွန်မှုကြောင့် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၄၅ မိနစ် ပြည့်လို့ နာကျင် အချိန်ပို ၂ မိနစ်မှာ ဒန်နီရယ် ဂျိမ်းစ်က လိဒ်စ် အတွက် ၁ ဂိုး ပြန်လည် ချေပပေးခဲ့လို့ ပထမပိုင်း အပြီးမှာ ၃-၂ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

ပထမပိုင်းမှာ အက်စတွန်ဗီလာတို့ ပုံစံကောင်း တစ်ခုနဲ့ လိဒ်စ်ယူနိုက်တက် ဘက်ကို ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ သိသိသာသာ ကစားအား ကျသွားခဲ့မှုက လိဒ်စ်ကို အခွင့်အရေးပေးသလို ဖြစ်ခဲ့ပါတယ်။ ပွဲချိန် ၆၃ မိနစ် မှာတော့ လိဒ်စ်တို့ တတိယမြောက် ချေပဂိုး သွင်းယူနိုင်ခဲ့ပြီး တောင်ပံက ရိုဒရီဂိုရဲ့ ကန်တင်ပေးပို့မှုကို ဗီလာ နောက်ခံလူတေ တားဆီးပုံ မသေသပ်ရာ ကနေ ဂိုးရှေ့မှာ ရှိနေတဲ့ ယော်ရန်းတေးက အပိုင် ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ပွဲပြီးခါနီးမှာ ဗီလာ နောက်တန်းက ကွန်ဆာ အနေနဲ့ လိဒ်စ် ဂိုးသမား မက်စ်လေယာ ကို တံတောင်နဲ့ တိုက်ခဲ့တာကြောင့် နှစ်ဝါတစ်နီ ပြသခံခဲ့ရပါတယ်။ လိဒ်စ်ယူနိုက်တက် အနေနဲ့ လက်ကျန် မိနစ်တွေမှာ ဗီလာ ဘက်ကို ထိရောက်တဲ့ ဂိုးပေါက် ကန်ချက်တွေ ပြုလုပ်ခဲ့ပေမယ့် အဆုံးသတ်ပိုင်း လိုအပ်ချက်တွေကြောင့် ၃-၃ ရလဒ်နဲ့ ပြီးဆုံးခဲ့ပြီး သရေ ၁ မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဂျရတ်ရဲ့ အသင်းက အသင်းလိုက် စုစည်းမှု အားကောင်းကောင်းနဲ့ တိုက်စစ်နဲ့ တောင်ပံက ရမ်ဆေး၊ ကော်တင်ဟို တို့လည်း အတွဲဖက် မိမိ ကစားနိုင်ခဲ့ကြပေမယ့် သရေ ၁ မှတ်ပဲ ရခဲ့လို့ နှမြောစရာ ကောင်းခဲ့ပါတယ်။ အဓိက ကတော့ နောက်ခံလူတွေရဲ့ ပေါ့ဆမှုနဲ့ အမှားတွေဟာ ပြိုင်ဘက်ကို အခွင့်အရေးပေးသလို ဖြစ်ခဲ့တယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုးတွေ အကြိမ်ကြိမ် ပေးခဲ့ရပေမယ့် ပွဲပြီးတဲ့ အထိ ကစားအား လျော့သွားခြင်း မရှိခဲ့တဲ့ မာဆယ်လို ဘီရဲယ်ဆာ အသင်းရဲ့ ဒီနေ့ပွဲ ခြေစွမ်း ကိုတော့ ချီးကျူးရမှာ ဖြစ်ပါတယ်။ ကွင်းလယ်မှာ ကော့ချ်နဲ့ ကလစ်ချ် တို့ တွဲဖက်မှုက အဆင်မပြေခဲ့ပေမယ့်လည်း ရိုဒရီဂို၊ ဒန်ဂျိမ်းစ်နဲ့ ယော်ယန်းတေး တို့ရဲ့ ခြေစွမ်းပြမှုက လိဒ်စ်ကို ရှုံးပွဲနဲ့ ဝေးစေခဲ့တာ ဖြစ်ပါတယ်။

နိုင်ပွဲ ပြန်လည် ပျောက်ဆုံးခဲ့တဲ့ အက်စတွန်ဗီလာ အနေနဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရရှိခဲ့မှုနဲ့ အတူ အဆင့် ၁၁ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပြီး ဥရောပဝင်ခွင့် မျှော်လင့်ချက်လည်း ကုန်ဆုံးသလောက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ အဖိုးတန် သရေ ၁ မှတ် ရခဲ့တဲ့ လိဒ်စ်ယူနိုက်တက် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့မှုနဲ့ အတူ အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

အက်စတွန်ဗီလာတို့ လာမယ့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ နယူးကာဆယ်နဲ့ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပြီး လိဒ်စ်ယူနိုက်တက် ကတော့ ၁၂ ရက်နေ့မှာ အဲဗာတန်နဲ့ ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်