နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ | ပရီးမီးယားလိဂ်

ဇွန်လ ၂၁ ရက်နေ့ ညနေပိုင်း အထိ ရရှိထားတဲ့ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ သတင်း တချို့ကို SBOTOP ပရိသတ်တွေ အတွက် ဆက်လက် ဖော်ပြပေးချင်ပါတယ်။


ကူကာရယ်လာ အတွက် ပေါင်သန်း ၅၀ ပေးချေလိုခြင်း မရှိတဲ့ မန်စီးတီး

ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီးတို့ စပိန် နောက်ခံလူ မက် ကူကာရယ်လာကို ခေါ်ယူဖို့ ဖိဖိစီးစီး ကြိုးပမ်းနေခဲ့ပြီး ဘရိုက်တန် ဘက်က ကစားသမား အတွက် ပေါင်သန်း ၅၀ အထိ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဘရိုက်တန် တောင်းဆိုတဲ့ ပမာဏကို ပေးချေဖို့ မန်စီးတီး ဘက်က ငြင်းဆန်ခဲ့ပြီး အာဆင်နယ်ကို ပြောင်းရွှေ့သွားတဲ့ ဇင်ချန်ကို အတွက် ရရှိခဲ့တဲ့ ပြောင်းရွှေ့ကြေး ပမာဏ ကိုသာ ပေးချေလိုတယ်လို့ သိရပါတယ်။

တကယ်တော့ မန်စီးတီးတို့ ဇင်ချန်ကို အတွက် ရရှိခဲ့တဲ့ ပေါင်သန်း ၃၀ ကို ကူကာရယ်လာကို ခေါ်ယူတဲ့ နေရာမှာ ပြန်ပြီး သုံးစွဲဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘရိုက်တန် တောင်းဆိုတဲ့ ပမာဏက ပေါင် သန်း ၃၀ ထက် ပိုပြီး ပေးချေဖို့တော့ ဆန္ဒမရှိတာကြောင့် ဘရိုက်တန်နဲ့ မန်စီးတီး တို့ အကြားမှာ ညှိနှိုင်းမှုတွေကို ထပ်မံ လုပ်ဆောင်ရတော့မှာ ဖြစ်ပြီး အပြောင်းအရွှေ့က ထင်ထားတာထက် ပိုပြီး ကြန့်ကြာဖွယ် ရှိနေပါတယ်။

ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နောက်ခံလူတွေ ထဲက တစ်ဦး အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ကူကာရယ်လာကို အခြား ထိပ်တန်း ကလပ် အများစု ကလည်း စိတ်ဝင်စားနေတာကြောင့် မန်စီးတီးတို့ လက်ဦးမှု ရယူဖို့ ကြိုးစားနေပေမယ့် ကစားသမား အတွက်တော့ ပေါင်သန်း ၃၀ ခန့်သာ ပေးချေချင်နေတာ ဖြစ်ပါတယ်။


ယူနိုက်တက်အတွက် ထပ်ကစားပေးချင်စိတ်မရှိတော့တဲ့ ရော်နယ်ဒို

ထိုက်သင့်တဲ့ ကမ်းလှမ်းမှုတွေ ရလာရင် သူ့ကို ရောင်းချပေးဖို့ အတွက် ခရစ္စတီယာနို ရော်နယ်ဒိုက မန်ချက်စတာယူနိုက်တက်ကို တောင်းဆိုထားပြီး ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့် ဆုံးရှုံးခဲ့တဲ့ ယူနိုက်တက်မှာ ဆက်လက်ကစားချင်စိတ် မရှိတော့တဲ့ ရော်နယ်ဒိုဟာ အသင်းကနေ ထွက်ခွာဖို့ အတိအလင်း ပြောဆိုထားပေမယ့် အခုလက်ရှိအထိတော့ သူ့ကို တရားဝင် ကမ်းလှမ်းထားတဲ့ အသင်း မရှိသေးပါဘူး။

ရော်နယ်ဒိုနဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတဲ့ ဗြိတိန်နာမည်ကျော် အစီအစဉ်တင်ဆက်သူ ပီရက်စ် မော်ဂန် ကတော့ ပေါ်တူဂီ ကစားသမားဟာ ပရီးမီးယားလိဂ် ကလပ် အတွက် တစ်ပွဲမှတောင် ကစားပေးချင်စိတ် မရှိတော့ဘူးလို့ ပြောဆိုခဲ့ပါတယ်။ “ သူနဲ့ ကျနော် အဆက်အသွယ် ရှိပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကမှ စကားပြောဖြစ်သေးတယ်၊ ကျနော့် အထင်တော့ ရော်နယ်ဒိုက ယူနိုက်တက် အတွက် နောက်ထပ် တစ်ပွဲလောက် ကစားပေးဖို့တောင် မဖြစ်နိုင်တော့ပါဘူး”

“ သူ ယူနိုက်တက် ကနေ ထွက်ဖို့ လုံး၀ စိတ်ပိုင်းဖြတ်ပြီးပြီ ထင်ပါတယ်” လို့ မော်ဂန်က ပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒို ထွက်ခွာရတဲ့ အကြောင်းရင်းတွေ ကတော့ ဒီရာသီ ကစားသမားသစ် ခေါ်ယူမှု အားရစရာ မရှိတာတွေ၊ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့တာတွေကြောင့်ပဲ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
တော့တင်ဟမ် ဟော့စပါး
ဆောက်သမ်တမ်
1X2 ဆောက်သမ်တမ် @ 6.80
ဂိုးပေါ် 3.00 @ 2.11
ဂိုးပေါင်း 0-1 @ 4.30
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကွန်ဒေး ကို ခေါ်ယူဖို့ ယုံကြည်မှုအပြည့်ရှိနေတဲ့ ချဲလ်ဆီး

လာလီဂါ ကလပ် ဆီဗီလာရဲ့ နောက်ခံလူ ဂျုးလ်စ် ကွန်ဒေး ကို ချဲလ်ဆီး ဘက်က ပေါင် ၅၅ သန်း အထိ တိုးမြှင့် ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ စပိန်ကလပ် ဘက်ကလည်း ချဲလ်ဆီးရဲ့ ကမ်းလှမ်းမှုကို လက်ခံချင်နေတယ်လို့ သိရပြီး ဘာစီလိုနာရဲ့ ကြားဝင်ကမ်းလှမ်းမှုတွေက ချဲလ်ဆီးနဲ့ ကွန်ဒေး အကြား အပြောင်းအရွှေ့ကို အနည်းငယ် ကြန့်ကြာနေစေတာ ဖြစ်ပါတယ်။

ဘာစီလိုနာက ဒီပိုင်းကို အလိုက်ပေးပြီး ကွန်ဒေးကို ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ် ထိပ်သီးတို့ သူတို့ တိုးမြှင့် ကမ်းလှမ်းမှုက ဆီဗီလာကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး ကွန်ဒေး နဲ့လည်း ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိပြီးပြီလို့ ယုံကြည်ရပါတယ်။

ကွန်ဒေးဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဆီဗီလာ အသင်းဖော်တွေကို လေ့ကျင့်ရေးကွင်းမှာ လိုက်လံ နှုတ်ဆက်နေတယ်လို့ သိရပြီး အများထင်စလို အမှန်တကယ်ပဲ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့လား ဆိုတာတော့ မကြာခင် သိရတော့မှာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ် အရွယ် ပြင်သစ် နောက်ခံလူကို ချဲလ်ဆီးက ကာလရှည်ကြာ စိတ်ဝင်စားနေခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီ ကတည်းက ခေါ်ယူချင်နေခဲ့တာပါ။

လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ရူဒီဂါနဲ့ ခရစ္စတန်ဆန် ထွက်ခွာသွားလို့ ချဲလ်ဆီးတို့ ခံစစ် အတွက် စိတ်ပူခဲ့ရပေမယ့် လက်တလော ကူလီဘာလီ ကိုခေါ်ယူထားပြီး ဖြစ်သလို ကွန်ဒေး ကိုပါ ထပ်ပြီး ခေါ်ယူနိုင်ခဲ့မယ် ဆိုရင်တော့ တောင့်တင်းတဲ့ ခံစစ်ကြောင်းကို ပြန်လည် ပိုင်ဆိုင်သွားပြီလို့တောင် ပြောလို့ ရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်