နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ | ပရီးမီးယားလိဂ်

ဇွန်လ ၂၃ ရက်နေ့ ညနေပိုင်း အထိ ရရှိထားတဲ့ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ သတင်း တချို့ကို SBOTOP ပရိသတ်တွေ အတွက် ဆက်လက် ဖော်ပြပေးချင်ပါတယ်။


ဆကမ်မက်ကာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ ဝက်စ်ဟမ်း

ဆာဆွယ်လို တိုက်စစ်မှူး ဂျီယန်လူကာ ဆကမ်မက်ကာ ကိုတော့ ပရီးမီးယားလိဂ် ကလပ် ဝက်စ်ဟမ်း အသင်းက ခေါ်ယူဖို့ နီးစပ်နေပြီဖြစ်ကြောင်း Sky Sports အပါအဝင် သတင်းဌာန တော်တော်များများမှာ ဖော်ပြလျက် ရှိပါတယ်။ လန်ဒန် အခြေစိုက် ကလပ်ဟာ အသက် ၂၃ နှစ် အရွယ် အီတလီ လက်ရွေးစင် တိုက်စစ်မှူးကို ပေါင် ၃၅.၅ သန်းနဲ့ ခေါ်ယူဖို့ ဆာဆွယ်လိုနဲ့ သဘောတူညီမှု ရရှိထားခဲ့ပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရ ညှိနှိုင်းမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဝက်စ်ဟမ်းတို့ ဆကမ်မက်ကာ အတွက် ကနေဦး ပြောင်းရွှေ့ကြေး အဖြစ် ပေါင် ၃၀.၅ သန်းကို အရင်ဆုံး ပေးချေရမှာ ဖြစ်ပြီး ၅ သန်း ကိုတော့ အပိုဆုကြေး အဖြစ် ထပ်ဆောင်း ပေးချေရမှာလည်း ဖြစ်ပါတယ်။

ဆကမ်မက်ကာ ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက စီးရီးအေ ပွဲစဉ် ၃၆ ပွဲ ကစားရာမှာ ၁၆ ဂိုး သွင်းယူနိုင်ခဲ့ပြီး အာဆင်နယ်၊ ပီအက်စ်ဂျီ တို့လို ထိပ်သီး ကလပ်တွေရဲ့ စိတ်ဝင်စားခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ ဆိုရင် ဆကမ်မက်ကာကို ခေါ်ယူဖို့ အလုံးစုံ နီးပါး သဘောတူညီမှု ရခဲ့ပြီးမှ ဆာဆွယ်လို လိုချင်တဲ့ ပြောင်းရွှေ့ကြေး ပမာဏကို ပေးချေလိုခြင်း မရှိတာကြောင့် နောက်ဆုတ် သွားခဲ့တာ ဖြစ်ပါတယ်။

ဘန်ဒက် လီဂါ
ဖရန့်ဖတ်
ဘိုင်ယန်မြူးနစ်
1X2 ဖရန့်ဖတ် @ 5.20
ဘိုင်ယန်မြူးနစ် အာရှ အကျောပေး -1.50 @ 2.14
ဂိုး‌အောက် 3.25 @ 2.11
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဆက်စပ် သတင်းတွေအရ ဒေးဗစ် မွိုက်စ်ရဲ့ အသင်းဟာ ဆကမ်မက်ကာကို ခေါ်ယူဖို့ အခြေအနေ ကောင်းနေသလို အာမန်ဒို ဘရိုဟာ အတွက်လည်း ချဲလ်ဆီးနဲ့ ဆက်လက် ဆွေးနွေးနေတယ်လို့ Sky Sports မှာ ဖော်ပြထားပါတယ်။ ဖြစ်နိုင်ရင်တော့ ဟမ်းမားတို့ တိုက်စစ်မှူး နှစ်ဦး စလုံးကို ခေါ်ယူသွားဖို့ ဆန္ဒ ရှိနေတာပါ။ ကွင်းလယ် အတွက် ကိုတော့ ဘယ်ဂျီယံ လက်ရွေးစင် အမာဒူ အိုနားနားကို ကမ်းလှမ်းထားပြီး လိုင်လီ ဘက်က အကြောင်းပြန်တာကို စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။ တကယ်တော့ ဝက်စ်ဟမ်းရဲ့ အဓိက ပစ်မှတ် ကွင်းလယ်လူဟာ ဂျက်ဆီ လင်ဂတ် ဖြစ်ပေမယ့် အင်္ဂလန် ကစားသမား ကတော့ တစ်ပတ် လုပ်ခ ပေါင် ၁ သိန်းခွဲ နီးပါး ရနိုင်မယ့် နော့တင်ဟမ်ဖောရက်စ်ကို ရွေးချယ်သွားခဲ့တာကြောင့် အိုနားနားကို ပြောင်းလဲ ကြိုးပမ်းခဲ့ရတာ ဖြစ်ပါတယ်။


မာစီရယ်ကို အသင်းမှာ ဆက်ထိန်းထားဖို့ ဆုံးဖြတ်လိုက်တဲ့ တန်ဟက်ဂ်

အဲရစ်ခ် တန်ဟက်ဂ်နဲ့ မန်ချက်စတာယူနိုက်တက် ဘုတ်အဖွဲ့ ကတော့ တိုက်စစ်မှူး အန်တိုနီ မာစီရယ်ကို အသင်းမှာ ဆက်ထိန်းထားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမာနိုက ဖော်ပြပါတယ်။

အသက် ၂၆ နှစ် အရွယ် ပြင်သစ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ က လာလီဂါ ကလပ် ဆီဗီလာမှာ ၆ လ အငှားနဲ့ သွားကစားခဲ့ပြီး ယူနိုက်တက် ကနေ ထွက်ခွာဖို့လည်း နီးစပ်နေခဲ့တာပါ။ မာစီရယ်ဟာ စပိန်မြေမှာလည်း ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် ဆီဗီလာရဲ့ အပြီးသတ် ခေါ်ယူခြင်း မခံခဲ့ရသလို လက်တလော မန်ချက်စတာကို ပြန်ရောက်နေပြီး နောက်ထပ် အသင်းသစ် ထပ်မံ ရှာဖွေနေသူလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မာစီရယ်ဟာ ယူနိုက်တက်ရဲ့ ရာသီကြို ခြေစမ်းပွဲ ခရီးစဉ်ကို လိုက်ပါခွင့် ရခဲ့ပြီး ခြေစမ်းပွဲ အားလုံးမှာ တန်ဟက်ဂ် သဘောကျတဲ့ အထိ ခြေစွမ်းမျိုး ပြသနိုင်ခဲ့တဲ့ အပြင် အဓိက တိုက်စစ်မှူး ရော်နယ်ဒို ကလည်း အခုချိန်အထိ အသင်းနဲ့ ပြန်လည် ပူးပေါင်းခြင်း မရှိသေးတာကြောင့် အသင်း ဘက်က မာစီရယ်ကို ဆက်လက် ထိန်းသိမ်း ထားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ရိုမာနိုရဲ့ ဖော်ပြချက် အရ ဆိုရင် မာစီရယ်ကို အမည် မဖော်ပြတဲ့ ကလပ် နှစ်ခုက အငှားနဲ့ ခေါ်ယူချင်နေပေမယ့် ပရီးမီးယားလိဂ် ကလပ် ကတော့ သူတို့ရဲ့ တိုက်စစ်မှူးကို အသင်း မှာပဲ ဆက်ထိန်းထားနိုင်ရေး အတွက် စတင် ဆွေးနွေးနေပြီလို့ သိရပါတယ်။
လာမယ့် ရာသီ မန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ်ကို ဦးဆောင်နိုင်ဖွယ် ရှိနေတဲ့ အန်တိုနီ မာစီရယ်

လက်ရှိ အခြေအနေ အရ ဆိုရင် လာမယ့် ရာသီ ယူနိုက်တက်မှာ ရော်နယ်ဒို ဆက်ရှိနေဦးမယ် ဆိုရင်တောင် မာစီရယ်ဟာ တန်ဟက်ဂ်ရဲ့ အဓိက ဦးစားပေး တိုက်စစ်မှူး အဖြစ် မြင်တွေ့ရဖို့ ရှိနေတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ ရိုမာနိုရဲ့ ဖော်ပြချက် အရ ဆိုရင် မာစီရယ်ကို အမည် မဖော်ပြတဲ့ ကလပ် နှစ်ခုက အငှားနဲ့ ခေါ်ယူချင်နေပေမယ့် ပရီးမီးယားလိဂ် ကလပ် ကတော့ သူတို့ရဲ့ တိုက်စစ်မှူးကို အသင်း မှာပဲ ဆက်ထိန်းထားနိုင်ရေး အတွက် စတင် ဆွေးနွေးနေပြီလို့ သိရပါတယ်။


ဆုဖလား အောင်မြင်မှု လိုချင်တဲ့ ဆန္ဒကြောင့် စပါးကို ငြင်းခဲ့တဲ့ ဒီပိုင်း

ဘာစီလိုနာ တိုက်စစ်မှူး မမ်းဖစ် ဒီပိုင်း ကတော့ အသင်း ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့် ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး ကိုတော့ ပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ အသက် ၂၈ နှစ် အရွယ် နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး အနေနဲ့ ဆုဖလား အောင်မြင်မှု လိုချင်တဲ့ ဆန္ဒကြောင့် မြောက်လန်ဒန် ကလပ်ကို ပြောင်းရွှေ့လိုခြင်း မရှိတာ ဖြစ်ကြောင်း စပိန် မီဒီယာမှာ ဖော်ပြထားပါတယ်။

Sport.es မှာတော့ တော့တင်ဟမ်ဟော့စပါးတို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဒီပိုင်းကို ခေါ်ယူဖို့ ဘာစီလိုနာ အသင်းထံ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပြီး နီးစပ်မှုလည်း ရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲ့ဒီနောက် စပါးတို့ ဘာစီလိုနာရဲ့ ခွင့်ပြုချက်နဲ့ ကစားသမားကို ချဉ်းကပ်ချိန်မှာတော့ ဒီပိုင်း ဘက်က လိုလားတဲ့ ကမ်းလှမ်းမှုမျိုး မရခဲ့တဲ့ အတွက် ငြင်းဆန် ပယ်ချခြင်း ခံလိုက်ရတယ်လို့ သိရပါတယ်။

အဓိက, ကတော့ ဒီပိုင်းဟာ ဘောလုံးသမား တစ်ယောက်ရဲ့ အကောင်းဆုံး အသက်အရွယ် အပိုင်းအခြားကို ရောက်ရှိနေပြီ ဖြစ်တာကြောင့် ဆုဖလား အောင်မြင်မှု ရရှိနိုင်ချေ ရှိတဲ့ ကလပ်ကိုသာ ပြောင်းရွှေ့လိုနေပြီး နောက်ထပ် ဘယ်အသင်းတွေက ကမ်းလှမ်းလာဦးမလဲ ဆိုတာ စောင့်ကြည့်ချင်နေသေးတယ်လို့လည်း သိရပါတယ်။
လက်တလော မှာတော့ ဒီပိုင်းကို အသင်းဟောင်း မန်ချက်စတာယူနိုက်တက်က ပြန်လည် ခေါ်ယူဖို့ ချိတ်ဆက်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ယူနိုက်တက် ပရိသတ် အများစု ကလည်း “သူ့ကို အိမ်ပြန်ခေါ်ခဲ့ပါ” ဆိုပြီး တောင်းဆိုမှုတွေ ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်