နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ | ပရီးမီးယားလိဂ်

ဇွန်လ ၂၀ ရက်နေ့ ညပိုင်း အထိ ရရှိထားတဲ့ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ သတင်း တချို့ကို SBOTOP ပရိသတ်တွေ အတွက် ဆက်လက် ဖော်ပြပေးချင်ပါတယ်။


ဘာနာဒို ဆေးလ်ဗားနဲ့ နေမာကို ဒဲ့လဲဖို့ ပီအက်စ်ဂျီက မန်စီးတီးကို ကမ်းလှမ်းခဲ့


လီဂူးဝမ်း ထိပ်သီး ပီအက်စ်ဂျီ အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီးရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဘာနာဒို ဆေးလ်ဗားကို နေမာကို အလဲအလှယ် လုပ်ဖို့ ကမ်းလှမ်းခဲ့တယ်လို့ နာမည်ကြီး ပြင်သစ် သတင်းဌာန Le Parisian က ဖော်ပြပါတယ်။

ပရီးမီးယား လိဂ်
မန်ချက်စတာစီးတီး
AFC ဘုန်းမောက်
1X2 AFC ဘုန်းမောက် @ 23.00
AFC ဘုန်းမောက် အာရှ အကျောပေး +2.25 @ 2.11
ဂိုး‌ပေါ်် 3.50 @ 2.05
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။


လီဂူးဝမ်း ကလပ် မိုနာကိုမှာ ခြေစွမ်းပြခဲ့တဲ့ ပေါ်တူဂီ ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားကို ပီအက်စ်ဂျီ နည်းပြသစ် ဂဲလ်တီယာက တော်တော်လေး စိတ်ဝင်စားနေလို့ အခုလိုမျိုး ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် မန်စီးတီး ကတော့ ဒီကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပြီး ဂွါဒီယိုလာက သူ့ရဲ့ လက်ရှိ လူစာရင်းမှာ နေမာ ပါဝင်လာမယ် ဆိုရင် ဟန်ချက်မညီ ဖြစ်မှာကို စိုးရိမ် နေတယ်လို့လည်း သိရပါတယ်။


မန်စီးတီး ဟာ လာမယ့် ရာသီသစ် အတွက် ဟာလန်း၊ အယ်လ်ဗာရက်ဇ်နဲ့ ကယ်လ်ဗင် ဖိလစ် တို့ကို ခေါ်ယူထားပြီး တိုက်စစ်ပိုင်း အတွက်လည်း လုံလောက်တဲ့ ဖြည့်တင်းမှု ပြုလုပ်ထားနိုင်ပြီလို့ ယူဆရပါတယ်။ နေမာ ကတော့ ပီအက်စ်ဂျီမှာ တစ်ပတ် လုပ်ခ ပေါင် ၆ သိန်း အထိ ရရှိနေပြီး ဘရာဇီးလ်သားရဲ့ လုပ်ခလစာ မြင့်မားမှုက သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေ အတွက် အဓိက အခက်အခဲ တစ်ခု ဖြစ်နေခဲ့တာပါ။



တန်းတက် နော့တင်ဟမ်ဖောရက်စ်နဲ့ ပူးပေါင်းဖွယ် ရှိနေတဲ့ ဂျက်ဆီ လင်ဂတ်


ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲခဲ့တဲ့ ဂျက်ဆီ လင်ဂတ် ဟာ တန်းတက်တဲ့ နော့တင်ဟမ်ဖောရက်စ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ နော့တင်ဟမ် ဖောရက်စ်ဟာ လင်ဂတ်ကို ဝက်စ်ဟမ်းနဲ့ အပြိုင် ချိတ်ဆက် ဆွေးနွေးနေခဲ့တာ ဖြစ်ပြီး ကစားသမား ဘက်က မကြာခင်မှာ ဆုံးဖြတ်ချက် ချသွားဖို့ ရှိနေတယ်လို့ အင်္ဂလန် မီဒီယာတွေက တောက်လျောက် ဖော်ပြနေပါတယ်။


အသက် ၂၉ နှစ် အရွယ် အင်္ဂလန် ကွင်းလယ် တိုက်စစ် ကစားသမားဟာ ယူနိုက်တက်မှာ တစ်ပတ် လုပ်ခ ပေါင် ၁ သိန်း ရရှိခဲ့ပေမယ့် အသင်းသစ် မှာတော့ မဖြစ်မနေ လစာ လျှော့ယူရမှာပါ။ နှစ်ပေါင်း များစွာ အကြာမှ ပရီးမီးယားလိဂ် ကို ပြန်ရောက်ခဲ့တဲ့ နော့တင်ဟမ်ဖောရက်စ် ဟာ ရာသီသစ် အတွက် ပြင်ဆင်မှုတွေ ဆက်တိုက် လုပ်ဆောင်နေပြီး သူတို့ရဲ့ စီမံကိန်းဟာ လင်ဂတ် အတွက် စိတ်လှုပ်ရှားမှု အပြည့်ပေးနိုင်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲခဲ့တဲ့ ဂျက်ဆီ လင်ဂတ် ဟာ တန်းတက်တဲ့ နော့တင်ဟမ်ဖောရက်စ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
နော့တင်ဟမ်ဖောရက်စ် သို့မဟုတ် ဝက်စ်ဟမ်းကို ပြောင်းရွှေ့ဖို့ ရာခိုင်နှုန်း များနေတဲ့ ဂျက်ဆီ လင်ဂတ်


တဖက် မှာလည်း လင်ဂတ်ဟာ ဝက်စ်ဟမ်းကို အငှားနဲ့ သွားကစားခဲ့တုန်းက ခြေစွမ်းပြနိုင်ခဲ့တဲ့ မှတ်တမ်းရှိခဲ့ဖူးလို့ ဒေးဗစ်မွိုက်စ်ရဲ့ အသင်း ကလည်း စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။ လင်ဂတ်ကို အဲဗာတန်၊ လက်စတာ၊ နယူးကာဆယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ကလည်း စောင့်ကြည့်နေတယ်လို့ သတင်းတွေ ထွက်နေပေမယ့် လင်ဂတ် ကတော့ ပုံမှန် ပွဲထွက်ခွင့်ရဖို့ သေချာနိုင်တဲ့ ဖောရက်စ်နဲ့ ဝက်စ်ဟမ်း ကိုသာ ဦးစားပေး ရွေးချယ်သွားဖွယ် ရှိနေပါတယ်။



ကွန်ဒေး အတွက် ဆွေးနွေးမှုတွေ စတင်နေတဲ့ ချယ်လ်ဆီး


စပိန် လာလီဂါ ကလပ် ဆီဗီလာရဲ့ နောက်ခံလူ ကွန်ဒေး ကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် ကလပ် ချယ်လ်ဆီးတို့ ခြေလှမ်းတွေ စတင်လိုက်ပါပြီ။ လက်ရှိမှာ ကလပ် နှစ်ခု အကြား ကစားသမား အတွက် ဆွေးနွေးမှုတွေကို စတင်နေပြီ ဖြစ်ပါတယ်။ ချဲလ်ဆီး ဘက်ကတော့ ခေါ်ယူနိုင်ဖို့ ယုံကြည်မှု အပြည့် ရှိနေပြီး ပြင်သစ် နောက်ခံလူ အနေနဲ့ စတန်းဖို့ဒ်ဘရစ်ချ်ဆီ ပြောင်းရွှေ့လာမယ် လို့၏ တထစ်ချ ယူဆနေပါတယ်။


ရူဒီဂါ နဲ့ ခရစ္စတန်ဆန် တို့ကို လက်လွှတ်လိုက်ရ ပြီးနောက် ချယ်လ်ဆီးတို့ ဗဟို ခံစစ် အတွက် စီးရီးအေ ကလပ် နာပိုလီ နောက်ခံလူ ကူလီဘာလီကို ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ ခေါ်ယူထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အသက်အရွယ် ကြီးမြင့်နေတဲ့ သီယာဂို ဆေးလ်ဗားရဲ့ နေရာ အတွက် ကွန်ဒေးနဲ့ အားသစ်လောင်းဖို့ နည်းပြ တူချယ်က ပစ်မှတ်ထားနေခဲ့တာ ဖြစ်ပါတယ်။


နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက် မှာတော့ ချယ်လ်ဆီးက ကွန်ဒေး အတွက် ပေါင် ၅၅ သန်း+ အပိုဆုကြေးနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဆီဗီလာက ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လာမယ့် ရက်အနည်းငယ် အတွင်းမှာ ချယ်လ်ဆီးက ဒုတိယ အကြိမ် ကမ်းလှမ်းမှု ပြုလုပ်လိမ့်မယ်လို့လည်း ဖာဘရီဇီယို က ဆိုထားပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်