နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ | ပရီးမီးယားလိဂ်

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၁၄ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့ သတင်းတွေကို ဆက်လက် စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကူလီဘာလီနဲ့ သဘောတူညီမှု ရသွားတဲ့ ချဲလ်ဆီး

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်း ကတော့ နာပိုလီ နောက်ခံလူ ကာလီဒူ ကူလီဘာလီကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ အပြည့်အဝ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတွေက ဖော်ပြလာပါတယ်။ ဒါ့အပြင် လန်ဒန် မြို့ခံ ကလပ် အနေနဲ့ ဆီနီဂေါ ခံစစ်မှူးကို တစ်နှစ်လုပ်ခ ယူရို ၁၀ သန်းနဲ့ ၂၀၂၇ အထိ ၅ နှစ် စာချုပ်ချုပ်ဆိုသွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

ပရီးမီးယား လိဂ်
ဘရိုက်တန်
ခရစ္စတယ်ပဲလေ့စ်
1X2 ဘရိုက်တန် @ 2.39
ဘရိုက်တန် အာရှ အကျောပေး -0.25 @ 2.04
ဂိုး‌အောက် 2.25 @ 1.92
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ချဲလ်ဆီးဟာ ကူလီဘာလီကို ယူရို ၃၅ သန်းနဲ့ ကမ်းလှမ်းထားခဲ့ပြီး နာပိုလီ ဘက်ကတော့ ယူရိုသန်း ၄၀ အလိုရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ချဲလ်ဆီးတို့ ယူရို ၃၈ သန်းနဲ့ အပိုဆုကြေး ပါဝင်တဲ့ စာချုပ်တစ်ရပ်နဲ့ နောက်ထပ် တစ်ကြိမ် ကမ်းလှမ်းသွားဖို့ ရှိနေခဲ့တာ ဖြစ်ပါတယ်။

နာပိုလီနဲ့ ချဲလ်ဆီးတို့ အကြား ကူလီဘာလီရဲ့ အပြောင်းအရွှေ့ဟာ ရက်ပိုင်း အတွင်းမှာပဲ အထမြောက်ဖို့ ရှိနေပြီး ဆီနီဂေါ လက်ရွေးစင်ဟာ ရာဟင်းမ် စတာလင် နောက်ပိုင်း ချဲလ်ဆီးရဲ့ ဒုတိယမြောက် ကစားသမား ခေါ်ယူမှုလည်း ဖြစ်လာဖို့ ရှိနေတာပါ။ ဒါ့အပြင် ချဲလ်ဆီးတို့ မန်စီးတီး နောက်ခံလူ နေသန် အေခီရဲ့ အပြောင်းအရွှေ့ ကိုလည်း အမြန်ဆုံး အပြီးသတ်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။


ဘာစီလိုနာကို အမှန်တကယ် ရောက်ရှိသွားတဲ့ ရာဖင်ညာ

လာလီဂါ ထိပ်သီး ဘာစီလိုနာတို့ ပရီးမီးယားလိဂ် ကလပ် လိဒ်ယူနိုက်တက် တောင်ပံ ကစားသမား ရာဖင်ညာကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း အပြောင်းအရွှေ့ ဂုရု ဖာဘရီဇီယို ရိုမာနိုက အတည်ပြုသွားခဲ့ပါတယ်။ အသက် ၂၅ နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် အတွက် ဘာစီလိုနာတို့ ယူရို ၅၈ သန်း ပေးချေရဖို့ ရှိပြီး အပိုဆုကြေးတွေပါ ထည့်သွင်း တွက်ချက်လိုက်ရင်တော့ ယူရို ၆၇ သန်း အထိ မြင့်တက်သွားဖို့ ရှိနေပါတယ်။

ကတ်တာလန် ထိပ်သီးတို့ ရာဖင်ညာကို ၂၀၂၇ ခုနှစ် ဇွန်လ အထိ စာချုပ်ချုပ်ဆိုသွားဖို့ ရှိနေပြီး ဘရာဇီးလ် တောင်ပံ ကစားသမားဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က စပိန်မှာ ဆေးစစ်မှု ခံယူခဲ့တယ်လို့ သိရပါတယ်။ ဘာဆာ ဥက္ကဌ လာပေါ်တာရဲ့ ပြောကြားချက်အရ ဘာဆာတို့ အခုတစ်ပတ် အတွင်းမှာပဲ ရာဖင်ညာကို တရားဝင် မိတ်ဆက်သွားဖို့ ရှိသလို နောက်ထပ် တောင်ပံ ကစားသမား တစ်ဦး ဖြစ်တဲ့ အူစမန်နီ ဒမ်ဘီလီနဲ့လည်း ရက်ပိုင်း အတွင်း စာချုပ်သစ် လက်မှတ်ရေးဖို့ ရှိနေတယ်လို့ သိရပါတယ်။

လာလီဂါ ထိပ်သီး ဘာစီလိုနာတို့ ပရီးမီးယားလိဂ် ကလပ် လိဒ်ယူနိုက်တက် တောင်ပံ ကစားသမား ရာဖင်ညာကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း အပြောင်းအရွှေ့ ဂုရု ဖာဘရီဇီယို ရိုမာနိုက အတည်ပြုသွားခဲ့ပါတယ်။
ရာဖင်ညာ အတွက် ပြောင်းရွှေ့ကြေးနဲ့ အပိုဆုကြေး စုစုပေါင်း ယူရို ၆၇ သန်းနီးပါး ပေးချေရဖို့ ရှိနေတဲ့ ဘာစီလိုနာ

ဘာစီလိုနာတို့ ရာဖင်ညာကို ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်၊ ချယ်လ်ဆီး တို့နဲ့ အပြိုင် ကြိုးပမ်းခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နူးကမ့်ပ် ကိုသာ ပြောင်းရွှေ့ချင်တဲ့ ကစားသမားရဲ့ ဆန္ဒကြောင့် နောက်ဆုံး မှာတော့ ဘာဆာတို့ ရာဖင်ညာကို အရ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။


ရော်နယ်ဒိုကို ပြတ်ပြတ်သာသား ငြင်းလိုက်တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီ အသင်း အနေနဲ့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို ခေါ်ယူဖို့ အခွင့်အရေး ရခဲ့ပေမယ့် ငြင်းဆန် ပယ်ချခဲ့ကြောင်း သတင်းတွေက ဖော်ပြလျက် ရှိပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက် ကနေ ထွက်ခွာဖို့ တရားဝင် တောင်းဆိုထားသူလည်း ဖြစ်ပါတယ်။

အေးဂျင့် ဖြစ်သူ ဂျော့ဂျ် မန်းဒက်စ်ဟာ ရော်နယ်ဒို အသင်းပြောင်းဖို့ အတွက် တောက်လျောက် ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး ပေါ်တူဂီ တိုက်စစ်မှူးကြီးရဲ့ လုပ်ခလစာကို အခက်အခဲမရှိ ပေးချေနိုင်စွမ်း ရှိတဲ့ ပြင်သစ် ချန်ပီယံ တို့ကိုလည်း ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပီအက်စ်ဂျီ ဘက်ကတော့ ပြတ်ပြတ်သာသားပဲ ငြင်းဆန် ပယ်ချခဲ့ပြီး လီဂူးဝမ်း ကလပ် အနေနဲ့ လက်ရှိ အပြောင်းအရွှေ့ ကာလမှာ နာမည်ကြီးတွေ ထပ်မံ ခေါ်ယူသွားမှာ မဟုတ်ပဲ ပိုလျှံနေတဲ့ ကစားသမားတွေ ကိုသာ ရောင်းထုတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ပရိသတ် တချို့ ကတော့ ဘောလုံးသမိုင်းရဲ့ ရှားရှားပါးပါး ကမ္ဘာ့အကောင်းဆုံး အစုအဖွဲ့ တစ်ခုကို မြင်တွေ့ချင်တာကြောင့် ရော်နယ်ဒိုကို မက်ဆီ၊ နေမာနဲ့ အမ်ဘာပေးတို့ ရှိရာ ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့ဖို့ မျှော်လင့်နေကြပါတယ်။

ရော်နယ်ဒို ကတော့ ယူနိုက်တက်ရဲ့ ရာသီကြို ခြေစမ်းပွဲ ခရီးစဥ်ကို လိုက်ပါသွားခြင်း မရှိသလို လက်တလော သူ့ရဲ့ မွေးရပ်မြေ ဖြစ်တဲ့ ပေါ်တူဂီ မှာပဲ အနားယူနေဆဲ ဖြစ်ပါတယ်။ အေးဂျင့် မန်းဒက်စ် ကတော့ ဘေယန်မြူးနစ်၊ ချဲလ်ဆီး တို့နဲ့ ဆက်လက် ညှိနှိုင်း ဆွေးနွေးမှုတွေ ပြုလုပ်လျက်ရှိပြီး ရာသီသစ် မစတင်ခင် ရော်နယ်ဒို အသင်းသစ် ရောက်ရှိဖို့ နေ့မအား ညမအား ကြိုးပမ်းပေးနေတယ်လို့လည်း သိရပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်