နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အကြိမ်ကြိမ် ဦးဆောင်နိုင်ခဲ့ပေမယ့် သရေ တစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

ပရီးမီးယားလိဂ် ပွဲစဉ် (၂၁) ရဲ့ ပွဲစဉ် တစ်ပွဲ အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားခဲ့ကြပြီးတော့ တစ်ဖက် နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။ “ဂါနာချိုကို အူဒိုဂီ နောက်ကနေ ဆွဲထားခဲ့တာကို ပင်နယ်တီ မပေးတာ အံ့အားသင့်မိပါတယ်ဗျာ။ ပြောမယ့်သာ ပြောတာ ဒါမျိုးတွေနဲ့ ကျနော်တို့ အသားကျနေပါပြီ။ တစ်ရာသီလုံး ဒါမျိုးတွေပဲ ဖြစ်နေတာလေ။ စပါးကွင်းမှာတုန်းကလည်း ရိုမဲယို လက်ထိတာ အပြင် တခြား ကိစ္စတွေလည်း အများကြီး ကြုံပြီးပါပြီ။ ကျနော်တို့လည်း အဲ့ဒီလို အခွင့်အရေးတွေ ရဖို့ မျှော်လင့်ပါတယ်။

အများစု ကတော့ အဲရစ်ခ် တန်ဟက်ဂ် တစ်ယောက် အကြောင်းပြချက်တွေ ထပ်ပေးနေပြန်ပြီလို့ပဲ သတ်မှတ်ခဲ့ကြပါတယ်။ တန်ဟက်ဂ်‌ ပြောတဲ့ ကိစ္စက အမှန်တကယ် ဖြစ်ခဲ့ပေမယ့် ပွဲရလဒ် အပေါ်မှာတော့ အပြည့်အဝ သက်ရောက်မှု မရှိခဲ့တာ ပွဲကို ပြန်ကြည့်ရင် သိပါလိမ့်မယ်။ ပထမပိုင်းမှာ ယူနိုက်တက်တို့ ကစားပုံ ကောင်းခဲ့ပြီး ရက်စ်မက် ဟွိုက်ဂျ်လန်းရဲ့ လှပလွန်းတဲ့ သွင်းဂိုး၊ ရက်ရှ်ဖို့ဒ်ရဲ့ ပါးနပ်တဲ့ အဆုံးသတ်မှုတွေနဲ့ စပါးကို နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း စပါးက အကောင်းဆုံး ချေပနိုင်ခဲ့လို့ ပွဲအပြီးမှာ သရေ တစ်မှတ်စီ ခွဲယူသွားခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ ပွဲ ကစားပြီးချိန် အထိ နိုင်ပွဲ ၁၀ ပွဲသာ ရထားပြီး ရှုံးပွဲ ကတော့ ၉ ပွဲ အထိ ရှိနေပါတယ်။
ရာသီကုန်ရင် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ရုန်းကန်ရဦးမယ့် ယူနိုက်တက်

ထူးခြားတာက ဟွိုက်ဂျ်လန်း တစ်ယောက် တစ်ဂိုး သွင်းပြီး တစ်ဂိုး ဖန်တီးနိုင်ခဲ့သလို ခြေစွမ်းမပြနိုင်တာ ကြာနေပြီ ဖြစ်တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်လည်း ဂိုးသွင်းနိုင်ခဲ့တာပါ။ ဒါ့အပြင် စပါး ဘက်က ကစားသမားသစ် တီမို ဗာနာလည်း သူ့ရဲ့ ပွဲဦးထွက်မှာ ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်ခဲ့ပြီး ခြေစွမ်းပြနေတဲ့ ရစ်ချာလီဆန်လည်း ဂိုးရခဲ့တာ ဖြစ်ပါတယ်။

ပြောရရင် ဒုတိယပိုင်းမှာ ယူနိုက်တက်တို့ ကစားအားကျသွားချိန် စပါး ကတောင် ပိုကောင်းတဲ့ ဟန်နဲ့ ယူနိုက်တက် ဘက်ကို ခြိမ်းခြောက်မှုတွေ ပိုမို ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲပြီးအချက်အလက်တွေကို ပြန်ကြည့်ရင်လည်း စပါးတို့ ဘောလုံးပိုင်ဆိုင်မှု ပိုများခဲ့သလို ဂိုးပေါက် ခြိမ်းခြောက်မှု၊ ဂိုးပေါက်တည့်မှု အဘက်ဘက်မှာ အသာရခဲ့တာကို တွေ့ရပါတယ်။ 

တစ်ဦး တစ်ယောက်ထဲ အမြင်အရ ဆိုရင်တော့ ယူနိုက်တက်မှာ နိုင်လိုစိတ်ပြင်းပြမှု မရှိသလောက် အားနည်းနေဆဲ ဖြစ်ပြီး နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပြီးမှ ၃ မှတ် အပြည့် မယူနိုင်ခဲ့တာက စိတ်ပျက်စရာပါ။ ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ စပါးကို နှစ်ကျော့စလုံး အနိုင်မရခဲ့တာ ဖြစ်ပါတယ်။ တန်ဟက်ဂ် တစ်ယောက် ဘာလုပ်ချင်နေမှန်း မသိသလို ကစားသမားတွေ ကလည်း ရည်မှန်းချက် ပျောက်ဆုံးနေဆဲလို့ပဲ မြင်ပါတယ်။ အသင်းကြီး တစ်သင်းရဲ့ ပုံစံ လုံးဝ မမြင်ရသေးတဲ့ ယူနိုက်တက် အနေနဲ့ ဒီပုံ အတိုင်း ဆက်သွားနေရင်တော့ ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ သင်းနေရာ ဝင်ဖို့ တော်တော်လေး ရုန်းကန်နေရဦးမှာပါ။ 

စီးရီးအေ
အတ္တလန်တာ
ဖရိုစီနန်
1X2 သရေ (Draw) @ 4.64
ဂိုးပေါ် 3.00 @ 2.06
ဂိုးပေါင်း 2-3 @ 2.01
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လက်ရှိမှာလည်း ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ ပွဲ ကစားပြီးချိန် အထိ နိုင်ပွဲ ၁၀ ပွဲသာ ရထားပြီး ရှုံးပွဲ ကတော့ ၉ ပွဲ အထိ ရှိနေပါတယ်။ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရှိနေသလို အဆင့် ၄ နေရာက အာဆင်နယ်ထက် တစ်ပွဲ ပိုကစားထားပြီး ၈ မှတ်အထိ ကွာဟနေပါတယ်။ စပါး ကတော့ အာဆင်နယ်ထက် တစ်ပွဲ ပိုကစားပြီး ရမှတ်တူ အဆင့် ၅ နေရာမှာ ရပ်တည်နေလို့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် မျှော်လင့်ချက် အပြည့်အဝ ရှိနေဆဲ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ လာမယ့် ဇန်နဝါရီလ ၂၈ ရက်နေ့မှာ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ် အဖြစ် နယူးပို့တ်နဲ့ အိစ်လိုင်း နှစ်သင်းထဲက နိုင်တဲ့ အသင်းနဲ့ ကစားရဖို့ ရှိပါတယ်။ စပါး ကလည်း ဇန်နဝါရီလ ၂၇ ရက်နေ့မှာ မန်စီးတီးနဲ့ အက်ဖ်အေဖလား ကစားရမှာ ဖြစ်ပါတယ်။ 


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်