နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချူအာမန်နီနဲ့ လူနင်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်၊ ဒမ်ဘီလီကို စိတ်ဝင်စားနေတဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ဒီနွေရာသီမှာ ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူဖို့ ပေါင် ၅၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ကလပ်က လက်ရှိမှာ ရီးရဲလ်မက်ဒရစ်က ဂိုးသမား အန်ဒရီ လူနင်နဲ့ အတူ ကွင်းလယ်လူ အော်ရီလီယန် ချူအာမန်နီကို အာရုံစိုက်လာဖို့ ရှိနေကြောင်း သိရပါတယ်။ 

ချူအာမန်နီ ကိုတော့ ချဲလ်ဆီး ကလည်း စိတ်ဝင်စားနေပြီး ကစားသမား ကိုယ်တိုင် ကလည်း စတန်းဖို့ဒ်ဘရစ်ချ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်က သူတို့ရဲ့ ကွင်းလယ်လူ ကိုသာ ဆုံးရှုံးရမယ် ဆိုရင် ချဲလ်ဆီး ကွင်းလယ် ကြယ်ပွင့် အန်ဇို ဖာနန်ဒက်ဇ်ကို ပြန်လည် ခေါ်ယူဖို့ စိတ်အားထက်သန်နေတယ်လို့လည်း သိရပါတယ်။

ဘရာဇီးလ် ကွင်းလယ်လူ ကက်စ်မဲရိုး ကတော့ အသင်းပိုင်ရှင် ဆာဂျင်မ် ရက်ကလစ်ဖ်ရဲ့ အကြံပြုချက်တွေကို မကျေနပ်တာကြောင့် ယူနိုက်တက် ကနေ ထွက်ခွာနိုင်ဖွယ် ရှိနေပြီလို့ သိရပါတယ်။ ယူနိုက်တက်ဟာ ကက်စ်မဲရိုးကို အစောပိုင်းမှာ ကတည်းက ရောင်းထုတ်ဖို အစီအစဉ် ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမား ကတော့ ယူနိုက်တက်မှာ စာချုပ်သက်တမ်း ကုန်ချိန် အထိ ဆက်ရှိနေချင်တာကြောင့် သူ့ရဲ့ လုပ်ခလစာကို လျှော့ချဖို့ အသင်း ဘက်က ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။ 

ဘန်လေ ဂိုးသမား ဂျိမ်းစ် ထရက်ဖို့ဒ် ကတော့ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်၊ မန်စီးတီးနဲ့ နယူးကာဆယ် တို့လို ပရီးမီးယားလိဂ် ကလပ်တွေရဲ့ အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ခံထားရပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၀ ဂိုး သွင်းယူထားတဲ့ လီယမ် ဒီလပ်

ဘန်လေ ဂိုးသမား ဂျိမ်းစ် ထရက်ဖို့ဒ် ကတော့ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်၊ မန်စီးတီးနဲ့ နယူးကာဆယ် တို့လို ပရီးမီးယားလိဂ် ကလပ်တွေရဲ့ အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ခံထားရပါတယ်။

မန်ချက်စတာစီးတီးရဲ့ ပစ်မှတ် ဖြစ်တဲ့ ဘရူနို ဂီမာရေးစ် ကတော့ နယူးကာဆယ်သာ ချန်ပီယံလိဂ် ဝင်ခွင့် မရခဲ့ရင်တော့ ပေါင် သန်း ၆၀ ကနေ သန်း ၇၀ ကြား ပမာဏနဲ့ ထွက်ခွာဖွယ် ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ဘရာဇီးလ် ကြယ်ပွင့်ကို မန်စီးတီး အပြင် အာဆင်နယ် ကလည်း ခေါ်ယူဖို့ အတွက် အသင့် ရှိနေပါတယ်။ 

မန်ချက်စတာယူနိုက်တက်၊ တော့တင်ဟမ်ဟော့စပါးနဲ့ ဝက်စ်ဟမ်း ယူနိုက်တက် တို့ကတော့ အသက် ၂၂ နှစ် အရွယ် ဂျီနိုအာ ဗဟိုခံစစ် ကစားသမား ကိုနီဒီ ဆောင်းတားကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ 

စပိန် မီဒီယာ Fichajes ရဲ့ ဖော်ပြချက်အရ လစ်ဗာပူးဟာ ပီအက်စ်ဂျီ တောင်ပံကစားသမား အူစမန်နီ ဒမ်ဘီလီကို ခေါ်ယူဖို့ အတွက် ယူရို သန်း ၁၀၀ (ပေါင် ၈၄.၃ သန်း) သုံးစွဲဖို့ အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ်။ ဒါ့အပြင် ဒီနွေရာသီ မှာတော့ လစ်ဗာပူးက ကစားသမား များစွာ ခေါ်ယူဖို့ ရှိနေတယ်လို့ သိရပြီး နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန်းဒါး အိဆက်ခ်၊ တောင်ပံ ကစားသမား အန်တိုနီ ဂေါ်ဒွန်နဲ့ ဘယ်နောက်ခံလူ လီဝစ် ဟောလ် တို့ကတော့ အဓိက ပစ်မှတ်တွေ ဖြစ်ပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ်က အာဆင်နယ်နဲ့ အပြိုင် ဝုဗ် တိုက်စစ်မှူး မားသီးယပ်စ် ကူညာကို စိတ်ဝင်စားနေသလို ဘရိုက်တန်က ယာအို ပီဒရိုနဲ့လည်း သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်