မန်ချက်စတာယူနိုက်တက် ကတော့ အသင်း ကနေ ထွက်ခွာတော့မယ့် ကတ်စ်မဲရိုးရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် အော်ရီလီယန် ချူအာမန်နီကို ပစ်မှတ်စာရင်းထဲ ထည့်သွင်းလိုက်တယ်လို့ သိရပါတယ်။ ကက်စ်မဲရိုးဟာ လက်ရှိမှာ ခြေစွမ်းပြနေပေမယ့် ရာသီကုန်မှာတော့ ပရီးမီးယားလိဂ် ကလပ် ကနေ ကျိန်းသေပေါက် ထွက်ခွာတော့မှာ ဖြစ်ပါတယ်။
ဇန်နဝါရီလကတည်းက ကတ်စ်မဲရိုးဟာ အသင်း ကနေ ထွက်ခွာမယ်လို့ အတည်ပြုထားတာကြောင့် ယူနိုက်တက်ဟာ ကွင်းလယ် အဖျက် နေရာ အတွက် ကစားသမား အများအပြားကို ရှာဖွေနေတာပါ။ အရင်က နယူးကာဆယ်က ဆန်ဒရို တိုနာလီနဲ့ နော့တင်ဟမ်ဖောရက်စ်ရဲ့ အဲလီယော့တ် အန်ဒါဆင် တို့ကို စိတ်ဝင်စားနေခဲ့ရာ ကနေ အခုအခါမှာတော့ ယူနိုက်တက်ဟာ ချူအာမန်နီနဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
The Telegraph ရဲ့ ဖော်ပြချက်အရ ချူအာမန်နီဟာ ယူနိုက်တက်ရဲ့ အစားထိုးမယ့်သူ စာရင်းမှာ “ ထိပ်တန်း” ကနေ ပါဝင်နေပြီး ရီးရဲလ်မက်ဒရစ်မှာ ဆုဖလား များစွာ ရယူထားနိုင်တဲ့ သူ့ရဲ့ အတွေ့အကြုံက ယူနိုက်တက် အတွက် ဆွဲဆောင်မှု တစ်ခု ဖြစ်နေပါတယ်။
ချူအာမန်နီကို ခေါ်ယူနိုင်ဖို့ ဘာတွေလိုအပ်မလဲ
ချူအာမန်နီရဲ့ ပြောင်းရွှေ့ကြေး ကတော့ နည်းမှာ မဟုတ်ပါဘူး။ အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပြင်သစ်သားက ကစားသမား ဘဝ အကောင်းဆုံး အရွယ်ကို ရောက်ရှိနေပြီး ၂၀၂၈ ခုနှစ် အထိ စာချုပ်သက်တမ်း ရှိနေပါသေးတယ်။ ရီးရဲလ်ဟာ သူ့ကို လွန်ခဲ့တဲ့ ၄ နှစ်က မိုနာကို ဆီကနေ ယူရို သန်း ၈၀ နဲ့ ခေါ်ယူခဲ့တာပါ။ လာလီဂါနဲ့ ချန်ပီယံလိဂ် ဖလားတွေကို ရယူပေးထားနိုင်တဲ့ သူ့ရဲ့ တန်ဖိုးဟာ အခု လက်ရှိ စျေးကွက်ထဲမှာ အများကြီး ပိုတက်နေမှာ ကတော့ သေချာပါတယ်။
ဒါ့အပြင် ရီးရဲလ်မက်ဒရစ် အနေနဲ့ ချူအာမန်နီကို ရောင်းထုတ်မယ် ဆိုရင် သူ့နေရာမှာ အစားထိုးဖို့ ကစားသမားသစ် တစ်ယောက် အရင် ခေါ်ယူရမှာပါ။ ရီးရဲလ်ဟာ ကတ်စ်မဲရိုး၊ တိုနီ ခရူးစ်နဲ့ လူကာ မိုဒရစ် တို့ရဲ့ ခေတ်အလွန်မှာ ကွင်းလယ်ပိုင်း အတွက် အခက်တွေ့နေရဆဲ ဖြစ်ပါတယ်။ ကာမာဗင်ဂါနဲ့ ဗယ်လ်ဗာဒီတို့ ရှိနေပေမယ့် ဝါရင့်ကစားသမားကြီးတွေရဲ့ အဆင့်အတန်း ကိုတော့ မမီသေးပါဘူး။ အကယ်၍ ရီးရဲလ်မက်ဒရစ်က မန်စီးတီး ကွင်းလယ်လူ ရိုဒရီ ကိုသာ ခေါ်ယူနိုင်ခဲ့ရင်တော့ ချူအာမန်နီကို ရောင်းချဖို့ လမ်းပွင့်လာနိုင်ပါတယ်။
တခြား ပစ်မှတ်တွေနဲ့ နှိုင်းယှဉ်ချက်
The Athletic က ဒေးဗစ် အွန်စတိန်းရဲ့ အဆိုအရ ယူနိုက်တက်ရဲ့ “ နံပါတ် (၁) ပစ်မှတ်” ကတော့ နော့တင်ဟမ်ဖောရက်စ်က အဲလီယော့တ် အန်ဒါဆင် ဖြစ်နေဆဲပါ။ ဒါပေမယ့် ယူနိုက်တက်ဟာ သူ့ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်က မြို့ခံ ပြိုင်ဘက် မန်စီးတီးနဲ့ အပြိုင်အဆိုင် ကြိုးစားရမှာ ဖြစ်ပါတယ်။
ချူအာမန်နီဟာ အန်ဒါဆန်ထက်စာရင် ခံစစ်ပိုင်းကို ပိုပြီး အာရုံစိုက်တဲ့ ကစားသမားပါ။ အန်ဒါဆန်က ဘက်စုံတော်တဲ့ ကစားသမား ဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ ဘောလုံး ပေးပို့မှုနဲ့ ယှဉ်ပြိုင်မှု အောင်မြင်မှုတွေမှာ ထိပ်ဆုံးက ရှိနေပါတယ်။ တခြား ပစ်မှတ် တစ်ခု ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်က အဒမ် ဝှာတန် ကတော့ ဘောလုံး ပေးပို့မှု အပိုင်းမှာ ပိုမို နူးညံ့သိမ်မွေ့သူ ဖြစ်ပါတယ်။
ဘာကြောင့် ချူအာမန်နီကို စိတ်ဝင်စားတာလဲ
အဖြေ ကတော့ ရှင်းပါတယ်။ ယူနိုက်တက်ဟာ ကတ်စ်မဲရိုးရဲ့ နေရာကို အစားထိုးချင်တာ ဖြစ်လို့ ရီးရဲလ်မက်ဒရစ်မှာ ကတ်စ်မဲရိုးရဲ့ နေရာကို အစားဝင်ခဲ့တဲ့သူ ကိုပဲ ပြန်ခေါ်ဖို့ ကြိုးစားတာပါ။ သူတို့ နှစ်ဦးစလုံးဟာ ခန္ဓာကိုယ် တောင့်တင်းပြီး ခေါင်းတိုက်တာနဲ့ ဖျက်ထုတ်ပုံတွေမှာ ဆင်တူကြပါတယ်။ ဒါပေမယ့် ဝေဖန်သူ တချို့ ကတော့ ချူအာမန်နီဟာ ဘောလုံးကို ဘယ်အချိန်မှာ ဘယ်လိုပေးရမလဲ ဆိုတဲ့ ကတ်စ်မဲရိုးရဲ့ ပါးနပ်တဲ့ ဆုံးဖြတ်ချက် အပိုင်း မှာတော့ အနည်းငယ် လိုအပ်ချက် ရှိနေသေးတယ်လို့ ထောက်ပြကြပါတယ်။ ရီးရဲလ်မက်ဒရစ် အနေနဲ့ အသက် ၂၆ နှစ်အရွယ် အဓိက ကစားသမား တစ်ဦးကို ရောင်းချဖို့ စဉ်းစားတယ် ဆိုတာဟာ သူ့ရဲ့ ကစားဟန်မှာ အားနည်းချက် တစ်စုံတစ်ရာ ရှိနေလို့သာ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


