နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပထမအကျော့ အိုးထရက်ဖို့ဒ် အရှုံးကိုပြန်လည် ချေပရမယ့် ယူနိုက်တက် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

နော့တင်ဟမ်ဖောရက်စ် – မန်ချက်စတာယူနိုက်တက်

ပရီးမီးယားလိဂ်ပွဲစဉ် (၃၀) ရဲ့နောက်ထပ် ပွဲစဉ် တစ်ပွဲအဖြစ် နော့တင်ဟမ်ဖောရက်စ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ စီးတီးဂရောင်းမှာယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ ပထမအကျော့ အိုးထရက်ဖို့ဒ်မှာအပြန်အလှန် ဂိုးတွေသွင်းရင်းရှုံးနိမ့်ခဲ့တဲ့ ယူနိုက်တက်တို့ ဒုတိယအကျော့ ဖောရက်စ် ကွင်းမှာရောရလဒ်ကောင်းရရှိနိုင်ပါ့မလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။

နော့တင်ဟမ်ဖောရက်စ်ကလက်တလောပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၃ နေရာမှာရပ်တည်နေပြီးတော့ အာဆင်နယ်ကို ၄ မှတ် အကွာနဲ့ ဖိအားပေးနေသလိုချဲလ်ဆီးကိုလည်း ၅ မှတ် ဖြတ်ထားပါတယ်။ ဖောရက်စ်ကဖေဖော်ဝါရီလအလယ်မှာကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပေမယ့် မန်စီးတီးနဲ့ အစ်ပ်ဆွစ်ချ်ကိုပြန်လည် အနိုင်ယူပြီးအဓိကပြိုင်ဘက်တွေကိုအမှတ် ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ နူနိုဆန်းတို့စ်ရဲ့ ဖောရက်စ်ကကြားရက်မှာကစားခဲ့တဲ့ ဘရိုက်တန်နဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ် မှာလည်းပင်နယ်တီအထိကစားပြီးမှာနောက်တစ်ဆင့် တက်ခဲ့လို့ ပွဲပန်းနေဖို့တော့ ရှိပါတယ်။ ဒါပေမယ့်လည်းစုဖွဲ့မှုအရရော၊ စိတ်ဓာတ်ပိုင်းမှာပါ ပုံစံကောင်းရနေတဲ့ ဖောရက်စ်ကိုယူနိုက်တက်တို့ ခက်ခက်ခဲခဲကစားရဦးမှာသေချာပါတယ်။

ယူနိုက်တက် ကတော့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလက်စတာစီးတီးကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပေမယ့် ခြေစွမ်းပိုင်းကလုံးဝစိတ်မချရသေးတာအားလုံးအသိပါပဲ။ ယူနိုက်တက်ဟာလက်တလောပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၃ နေရာမှာရှိနေပေမယ့် တန်းဆင်းဇုန်နဲ့ အမှတ် ၂၀ ကွာဟနေပြီဖြစ်လို့ စိတ်ချရတဲ့ အခြေအနေမှာရှိနေပြီဖြစ်ပါတယ်။ ပြိုင်ပွဲစုံနောက်ဆုံး ၇ ပွဲဆက် ရှုံးပွဲမရှိထားတဲ့ ယူနိုက်တက်တို့ ဖောရက်စ် ဆီကနေတတ်နိုင်သမျှ အမှတ်ခွဲယူဖို့ ကြိုးပမ်းလာမှာဖြစ်လို့ အကြိတ်အနယ်တော့ ကစားကြရဦးမှာပါ။

 

နှစ်ဖက်အသင်းသတင်းများ

အခုပွဲကိုတော့နော့တင်ဟမ်ဖောရက်စ် ဘက်ကကားလို့စ် မီဂွဲလ် ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်မှာမဟုတ်ပဲခရစ္စဝုဒ် ကတော့ သေချာပေါက် လွဲချော်မှာဖြစ်ပါတယ်။

ယူနိုက်တက် ဘက်မှာတော့ ကစားသမားတော်တော်များများလွဲချော်ဖို့ ရှိပြီးပွဲပယ်နဲ့ ဒဏ်ရာရကစားသမားစာရင်းမှာတော့ပက်ထရစ် ဒေါ်ဂူ၊ ဘေယင်ဒါ၊ အာမက်ဒ်၊ ဟဲဗန်း၊ မက်ဂွိုင်းယား၊ ဂျွန်နီအီဗန့်စ်၊ မိန်းနူး၊ လီနီယိုရို၊ လီဆန်ဒရိုမာတီနက်ဇ်၊ လု့ခ်ရှော၊ တွမ် ဟီတန် တို့ ပါဝင်နေပါတယ်။

 

ဖြစ်နိုင်ဖွယ်လူစာရင်း

ယူနိုက်တက်ကတော့နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာလက်စတာစီးတီးကို၃ဂိုးပြတ်နဲ့အနိုင်ရခဲ့ပေမယ့်ခြေစွမ်းပိုင်းကလုံးဝစိတ်မချရသေးတာအားလုံးအသိပါပဲ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၁၃ နေရာမှာရပ်တည်နေတဲ့ ယူနိုက်တက်

နော့တင်ဟမ်ဖောရက်စ် -ဆဲလ်စ်၊ မီလန်ကိုဗစ်၊ မူရီလို၊ အိုင်နာ၊ ဝီလီယမ်စ်၊ ဒိုမီနီဂွက်ဇ်၊ အန်ဒါဆန်၊ ရိတ်စ်၊ ဂစ်ဘ်ဝှိုက်၊ ဒန်နီလို၊ အေဝန်နီရီ
မန်ချက်စတာယူနိုက်တက်-အိုနာနာ၊ ဒီလစ်ဂျ်၊ လင်ဒီလော့ဖ်၊ ဟေဗန်၊ ဖာနန်ဒက်စ်၊ အူဂါတေး၊ ဒါးလော့တ်၊ မက်ဇရာရီ၊ ဂါနာချို၊ အဲရစ်ခ်ဆင်၊ ဟွိုက်ဂျ်လန်း

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့နောက်ဆုံး၅ပွဲရလဒ်

ဒီနှစ်သင်းက၈ ကြိမ် တွေ့ဆုံရာမှာနော့တင်ဟမ်ဖောရက်စ်က ၂ ကြိမ် အနိုင်ရပြီးယူနိုက်တက် ကတော့ ၆ ကြိမ် အနိုင်ရကာသရေမရှိခဲ့ပါဘူး။ပရီးမီးယားလိဂ်နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာတော့ ဖောရက်စ်က ၂ ကြိမ် နိုင်ပြီးယူနိုက်တက်က ၃ ကြိမ် အနိုင်ရထားပါတယ်။ ဖောရက်စ် အိမ်ကွင်းမှာတွေ့ဆုံမှု ၂ ကြိမ်မှာတော့ တစ်ကြိမ်စီအနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ ၅ ပွဲရလဒ်တွေကိုပြန်ကြည့်ရင်တော့ ၂ ပွဲနိုင်၊ ၃ ပွဲသရေကျထားပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်

SBOTOPရဲ့ 1X2 မှာနော့တင်ဟမ်ဖောရက်စ်နိုင်ရင်၂.၂၃ဆ၊မန်ချက်စတာယူနိုက်တက်နိုင်ရင်၂.၉၅ဆ၊သရေဆိုရင်တော့၃.၁၈ဆရရှိမှာဖြစ်ပါတယ်။ဟန်းဒီးကပ်မှာတော့နော့တင်ဟမ်ဖောရက်စ်ကသရေတစ်ဝက်ရှုံး၊ သရေအရှုံးပေးထားပြီးဂိုးပေါင်းကတော့ ၃ လုံးသွင်းရင် ပျော်ရွှင်ရမှာပါ။ လက်ရှိခြေစွမ်းပိုင်းအရဖောရက်စ်ကိုယူနိုက်တက်တို့ အနိုင်ယူဖို့ ဆိုတာခက်ခဲတဲ့ အခြေအနေဖြစ်ပါတယ်။ ဖောရက်စ်နဲ့ အပြန်အလှန် သွင်းဂိုးတွေကို မျှော်လင့်ထားချင်ပါတယ်။

 

ခန့်မှန်းရလဒ်

နော့တင်ဟမ်ဖောရက်စ် ၂-၁ မန်ချက်စတာယူနိုက်တက်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်